Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စက်မက်ကင်းတဲ့ နိုင်ငံ (သို့မဟုတ်) ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ကုန်းတွင်းပိတ်နိုင်ငံ “ဘူတန်”

Pika (NSS) - စက်တင်ဘာ ၈

ဘူတန်နိုင်ငံသည် တောင်ဘက်တွင် အိန္ဒိယနှင့် မြောက်ဘက်တွင် တရုတ်နိုင်ငံတို့ကြားရှိ အရှေ့ ဟိမဝန္တာတောင်တန်းတွင် တည်ရှိသည့် တောင်အာရှရှိ ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဘုန်းတော် ကြီး ကျောင်းများ၊ ခံတပ်များနှင့် ကျယ်ပြန့်ပြီးလှပသော  ရှုခင်းများကြောင့် နာမည်ကျော်ကြား သည်။ လူဦးရေ (၇၂၇၁၄၅) ဦးရှိပြီး ဧရိယာအကျယ်အဝန်း(၃၈၃၉၄) စတုရန်း ကီလိုမီတာ ရှိသော ဘူတန် နိုင်ငံ သည် ကုန်းမြေဧရိယာတိုင်းတာချက်များအရ အဆင့်(၁၃၃)နေရာတွင်ရှိပြီး လူဦးရေတိုင်းတာ ချက်အရ အဆင့်(၁၆၀)တွင်ရှိကြောင်း သိရသည်။ ဘူတန်နိုင်ငံသည် ဘုရင်က နိုင်ငံ့အကြီးအကဲအဖြစ် ဆောင်ရွက် ပြီး ဝန်ကြီးချုပ်က အစိုးရအဖွဲ့၏အကြီး အကဲအဖြစ် ဆောင်ရွက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ဘုရင်စနစ်ရှိသည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ် သည်။ အကြီးတန်း ဘာသာရေးခေါင်းဆောင်အတွက် ပေးအပ်သော ဘွဲ့တစ်ခုဖြစ်သည့် Je Khenpo သည် ဘူတန်နိုင်ငံ ဘာသာတရားဖြစ်သည့် Vajrayana  ဗုဒ္ဓဘာသာ၏ အကြီးအကဲလည်းဖြစ်ကြောင်းသိရ သည်။ 

ဘူတန်နိုင်ငံတွင် ပင်လယ်ရေမျက်နှာပြင် အထက်မီတာ(၇၀ဝဝ)ကျော်မြင့်သော တောင်ထိပ် များလည်းရှိသည်။ Gangkhar Puensum  တောင် သည် ဘူတန်နိုင်ငံတွင် အမြင့်ဆုံးတောင်ဖြစ်ပြီး ကမ္ဘာပေါ်တွင် လူတက်ရောက်နိုင်ခြင်းမျိုးမရှိသော အမြင့်ဆုံးတောင်လည်းဖြစ်ကြောင်းသိရသည်။ ဘူတန်နိုင်ငံရှိ တောရိုင်းတိရစ္ဆာန်များသည် takin  နှင့် golden langur တို့ကဲ့သို့သော တိရစ္ဆာန်များ အပါအဝင် ၎င်းတို့၏ မတူကွဲပြားမှုများကြောင့် ထင်ရှားကျော် ကြားကြောင်းလည်း သိရသည်။ ဘူတန်နိုင်ငံ၏ မြို့ တော်နှင့်အကြီးဆုံးမြို့မှာ Thimphu မြို့ဖြစ်ပြီး နိုင်ငံ စုစုပေါင်း လူဦးရေ၏ (၁၅) ရာခိုင်နှုန်းနီးပါး နေထိုင်ကြကြောင်းသိရသည်။ ဘူတန်နှင့် အိမ်နီးချင်း တိဗက် ဒေသတို့သည် ဂေါတမ မြတ်စွာဘုရားလက်ထက်ကာ လတွင် အိန္ဒိယနိုင်ငံမှစတင်ပေါ်ပေါက်ခဲ့သော ဗုဒ္ဓ ဘာသာပြန့်ပွားမှုများကို ကြုံတွေ့ခဲ့ရသည့်နေရာများ လည်းဖြစ်သည်။

ဘူတန်နိုင်ငံသည် (၁၉၇၁) ခုနှစ်တွင် ကုလ သမဂ္ဂအဖွဲ့တွင်ပါဝင်ခဲ့ပြီး အဆိုပါအချိန်မှ စတင်ကာ နိုင်ငံပေါင်း(၅၅)နိုင်ငံနှင့် ဆက်ဆံရေးများကို တိုးချဲ့ခဲ့ ကြောင်းသိရသည်။ အိန္ဒိယစစ်တပ်အပေါ် မှီခိုနေရ သော်လည်း ဘူတန်နိုင်ငံသည် ၎င်း၏ကိုယ်ပိုင်စစ် တပ်ကို ဆက်လက်ထိန်းသိမ်းထားလျက်ရှိကြောင်း လည်းသိရသည်။ ဘူတန်နိုင်ငံသည်(၂၀ဝ၈)ဖွဲ့စည်း ပုံအခြေခံဥပဒေအရ ရွေးကောက်တင်မြှောက်ထား သော အမျိုးသားလွှတ်တော်၊ အမျိုးသားကောင်စီ တို့နှင့်အတူ ပါလီမန်အစိုးရတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ ထို့ပြင် ဘူတန်နိုင်ငံသည် တောင်အာရှဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း(SAARC)ကို တည်ထောင်သည့်အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံလည်းဖြစ် ကြောင်းသိရသည်။ 

(၂၀၂၀)ပြည့်နှစ်တွင် ဘူတန်သည် လူသားဖွံ့ ဖြိုးတိုးတက်မှုညွှန်းကိန်းအရ သီရိလင်္ကာနိုင်ငံနှင့် မော်လ် ဒိုက်ဗ်နိုင်ငံတို့ပြီးလျှင် တောင်အာရှတွင် အဆင့်(၃)နေရာတွင်ရှိပြီး (၂၀၂၄)ခုနှစ် ကမ္ဘာ့ငြိမ်းချမ်း ရေးညွှန်း ကိန်းတွင် အဆင့်(၂၁)နေရာဖြင့် တောင်အာရှတွင် အငြိမ်းချမ်းဆုံးနိုင်ငံတစ်ခုအဖြစ် ရပ်တည် နေကာ ကမ္ဘာ့ငြိမ်းချမ်းရေး ညွှန်းကိန်းစာရင်း၏ ပထမလေး ပုံတစ်ပုံတွင်ပါဝင်သည့် တစ်ခုတည်းသော တောင် အာရှနိုင်ငံလည်းဖြစ်သည်။ ဘူတန်သည် Climate Vulnerable ဖိုရမ်၊ ဘက်မလိုက်သော လှုပ်ရှားမှုအဖွဲ့၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF)၊ ကမ္ဘာ့ ဘဏ်၊ ယူနက်စကိုနှင့် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO)တို့၏ အဖွဲ့ဝင်နိုင်ငံလည်းဖြစ်သည်။ ကုန်း တွင်းပိတ်နိုင်ငံဖြစ်သည့် ဘူတန်သည် ကမ္ဘာပေါ်တွင် ရေအားလျှပ်စစ်အတွက် အကြီးဆုံး ရေသိုက်တစ်ခု ရှိသည့်နိုင်ငံလည်းဖြစ် ကြောင်းသိရ သည်။ ထို့ပြင် ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ ရာသီဥတုဖောက်ပြန်မှု ကြောင့်ဖြစ်ပေါ်လာသော ရေခဲမြစ်များအရည်ပျော်လာ မှုသည် ဘူတန်အတွက် စိုးရိမ်စရာကိစ္စတစ်ခုအဖြစ် ဆက်လက်ကြီးထွား လာလျက်ရှိကြောင်းသိရသည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့်ခေတ်မီအောင် လုပ်ဆောင်ခြင်း

ဘူတန်နိုင်ငံ၏ နိုင်ငံရေးစနစ်သည် အကြွင်းမဲ့ ဘုရင်စနစ်မှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဘုရင် စနစ်သို့ မကြာသေးမီအချိန်က ပြောင်းလဲခဲ့ကြောင်း သိရသည်။ ဘုရင် Jigme Singye Wangchuck 

သည် ၎င်း၏အုပ်ချုပ်ရေးအာဏာအများစုကို အစိုးရအဖွဲ့ဝန်ကြီးများကောင်စီသို့ လွှဲပြောင်းပေးခဲ့ပြီး အမျိုးသားလွှတ်တော်၏ (၃) ပုံ (၂)ပုံခန့်ကို ဘုရင် အား ဝေဖန်ပြောဆိုခွင့်ပြုခဲ့ကြောင်းသိရသည်။

(၁၉၉၉)ခုနှစ်တွင် ဘူတန်အစိုးရသည် ရုပ်မြင် သံကြားနှင့်အင်တာနက်အပေါ် တားမြစ်ပိတ်ပင်မှု များကို ရုပ်သိမ်းပေးခဲ့ပြီး ရုပ်မြင်သံကြားကို မိတ်ဆက် ခဲ့သည့် နောက်ဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်လာ စေခဲ့သည်။ ရုပ်မြင်သံကြားသည် ဘူတန်နိုင်ငံကို   ခေတ်မီတိုးတက်အောင်လုပ်ဆောင်ရာတွင် အရေးပါ သောခြေလှမ်းတစ်ခုဖြစ်သလို ပြည်သူများ၏ ပျော်ရွှင် မှုအတွက် အဓိကပံ့ပိုးကူညီသည့် အရာဖြစ် ကြောင်း ဘုရင်ကပြောဆိုခဲ့သော်လည်း ယင်းနည်းပညာအသစ် ကိုအလွဲသုံးစားလုပ်ခြင်းသည် ဘူတန် ရိုးရာ တန်ဖိုးများကို ပျက်ပြားသွားစေနိုင်ကြောင်း သတိပေးခဲ့သည်။ ဘူတန်နိုင်ငံသည် (၂၀ဝ၅) ခုနှစ် အစောပိုင်းတွင် ဖွဲ့ စည်းပုံအခြေခံဥပဒေအသစ်တစ်ရပ်ကိုတင်ပြခဲ့ပြီး နောက် (၂၀ဝ၇) ခုနှစ် ဒီဇင်ဘာလ နှင့် (၂၀ဝ၈)ခုနှစ် မတ်လတို့တွင် ပထမဆုံး အမျိုးသားလွှတ်တော်ရွေး ကောက်ပွဲများကို ကျင်းပခဲ့ ကြောင်းလည်း သိရသည်။ ထို့နောက် (၂၀၂၃)ခုနှစ် ဒီဇင်ဘာလ(၁၃)ရက်နေ့ တွင် ဘူတန်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံစာရင်းမှ တရားဝင်ပယ်ဖျက်ခံခဲ့ရကြောင်းသိရသည်။

                                                             စစ်တပ်

ဘူတန်ဘုရင့်တပ်မတော်သည် ဘူတန်နိုင်ငံ၏စစ်ရေးဝန်ဆောင်မှုဖြစ်ပြီး ပါဝါညွှန်းကိန်းအရ ကမ္ဘာ ပေါ်တွင် အင်အားအနည်းဆုံး လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ကြောင်း Global Firepower၏စစ်တမ်းအရ သိရသည်။ ဘူတန်စစ်တပ်တွင် တော်ဝင်အစောင့်တပ် နှင့် တော်ဝင်ဘူတန်ရဲတပ်ဖွဲ့တို့လည်းပါဝင်ပြီး မိမိ ဆန္ဒအလျောက်ဝင်ရောက်သူများလည်းရှိကာ စစ်မှု ထမ်းဆင့်ခေါ်ခံရသူများ၏ အနိမ့်ဆုံးအသက်မှာ (၁၈)နှစ်ဖြစ်ကြောင်းသိရသည်။

ဘူတန်စစ်တပ်သည် အင်အား(၁၆၀ဝဝ)ခန့် သာရှိပြီး အိန္ဒိယစစ်တပ်က ၎င်းတို့ကိုလေ့ကျင့်မှုများ လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်းသိရသည်။ စစ်တပ် ၏ နှစ်စဉ်အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ (၁၃ ဒသမ ၇)သန်းဖြစ်ပြီး ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည့် အတွက် ရေတပ်မရှိကြောင်းလည်းသိရသည်။ ဘူ တန်စစ်တပ်တွင် လေတပ်လည်းမရှိသည့်အပြင် လေ ကြောင်းအကူအညီများအတွက် အိန္ဒိယလေတပ်၏ အရှေ့လေကြောင်းကွပ်ကဲမှုဌာနအပေါ် မှီခိုရကြောင်း သိရသည်။

စီးပွားရေး

ဘူတန်၏စီးပွားရေးသည် စိုက်ပျိုးရေး၊ သစ် တော၊ ခရီးသွားလုပ်ငန်းနှင့် အိန္ဒိယသို့ ရေအားလျှပ် စစ်ရောင်းချမှုအပေါ် အခြေခံထားသည်။ စိုက်ပျိုးရေး သည် နိုင်ငံစုစုပေါင်းလူဦးရေ၏(၅၅ ဒသမ ၄) ရာခိုင် နှုန်းအတွက် အဓိကအသက်မွေးလမ်းကြောင်းကို ပံ့ပိုးပေးခြင်းဖြစ်သည်။ အဆိုပါ စိုက်ပျိုးရေး လုပ်ငန်းတွင် လယ်ယာစိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေး တို့လည်းပါဝင်သည်။ ထို့ပြင် ဘူတန်သည် တောင်ကုန်းထူထပ်သောနိုင်ငံဖြစ်သောကြောင့် လမ်းမကြီး များနှင့် အခြားအခြေခံအဆောက်အအုံများ တည် ဆောက်ရန်ခက်ခဲပြီး ကုန်ကျစရိတ်လည်း အလွန်ကြီးမားကြောင်း သိရသည်။

စိုက်ပျိုးရေးနှင့်စက်မှုလုပ်ငန်း

ဘူတန်ဆန်နီသည် မြောက်အမေရိကနှင့်ဥရော ပတို့တွင် ဈေးကွက်ရှိပြီး နိုင်ငံ၏ အကျယ်ပြန့်ဆုံး စိုက်ပျိုးရေးပို့ကုန်ဖြစ်သည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင် ငံသည် ဘူတန်နိုင်ငံကထွက်ရှိသော ပန်းသီးနှင့် လိမ္မော်သီးတို့အတွက် အကြီးဆုံး ဈေးကွက်တစ်ခု လည်းဖြစ်သည်။ ဘူတန်တွင် ငါးမွေးမြူရေးလုပ်ငန်း များသည် အဓိကအားဖြင့် trout ငါးနှင့် carp  ငါးတို့ ကိုမွေးမြူကြကြောင်းလည်း သိရသည်။ စက်မှု လုပ်ငန်းကဏ္ဍသည် နိုင်ငံ့စီးပွားရေး(၂၂) ရာခိုင်နှုန်း ရှိပြီး အဓိကထုတ်လုပ်ရေးကဏ္ဍတွင် ferroalloy၊ 

 ဘိလပ်မြေ၊ သံတိုင်များ၊ သံမဏိထုတ်ကုန်များ၊ သန့် စင်ထားသောဂရပ်ဖိုက်၊ ကြေးနီ၊ အရက်နှင့် အဖျော် ယမကာများ၊ သစ်သီးများ၊ကော်ဇောများ၊သစ်သားထုတ်ကုန် များနှင့်ပရိဘောများပါဝင် ကြောင်းသိရ သည်။

စွမ်းအင်လုပ်ငန်း

ဘူတန်၏ အကြီးဆုံးပို့ကုန်မှာ ရေအားလျှပ် စစ်ဖြစ်ပြီး (၂၀၁၅)ခုနှစ်အထိ ဟိမဝန္တာတောင် ကြားရှိ ရေကာတာများမှ ရေအားလျှပ်စစ်(၂၀ဝဝ)မဂ္ဂါဝပ်ခန့် ထုတ်ပေးနေကြောင်း သိရသည်။ ဘူတန်နိုင်ငံသည် ရေအားလျှပ်စစ်(၃)သောင်း မဂ္ဂါဝပ်အထိ ထုတ် လုပ်နိုင်မည့်အလားအလာရှိနေပြီး ထွက်ရှိလာသော လျှပ်စစ်ဖြင့် အိန္ဒိယပြည်နယ်အများအပြားကို လျှပ် စစ်ဓာတ်အားပေးလျက်ရှိသည်။ ဘူတန်သည် အနာ ဂတ်ပရောဂျက်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်အတူစီ စဉ်နေပြီး ရေအားလျှပ်စစ်သည် နိုင်ငံ၏ ငါးနှစ်တာ စီမံကိန်းအတွက် အဓိကလုပ်ငန်းတစ်ခုအဖြစ် အာရုံ စိုက်ခံထားရသည်။ ထို့ပြင် ရေအားလျှပ်စစ်စီမံကိန်း များကိုဖော်ဆောင်ရာတွင် အိန္ဒိယ၊ ဩစတြီးယားနှင့် အာရှဖွံ့ဖြိုးတိုးတက်ရေး ဘဏ်တို့ထံမှ အကူ အညီ များရရှိထားကြောင်းလည်း သိရသည်။ ဘူတန်နိုင်ငံ တွင် ရေအားလျှပ်စစ် အပြင် နေရောင်ခြည်စွမ်းအင်၊ လေနှင့်ဇီဝစွမ်းအင်တို့ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်း မြစ်များလည်းရှိကြောင်း သိရသည်။

အထိမ်းအမှတ်အမွေအနှစ်နေရာများ

လက်ရှိအချိန်တွင် ဘူတန်နိုင်ငံ၌ ယူနက်စကို စာရင်းဝင် ကမ္ဘာ့အမွေအနှစ်နေရာများ မရှိသေး သော်လည်း (၂၀၁၂) ခုနှစ်မှစတင်ကာ ယူနက်စကိုတွင်ပါဝင်ရန် ကြေညာထားသည့်နေရာ(၈)ခု ရှိ ကြောင်း သိရသည်။

အဆိုပါနေရာများမှာ Drukgyel Dzong ဗုဒ္ဓ ဘာသာဘုန်းတော်ကြီးကျောင်း၏ ရှေးဟောင်း အပျက် အစီးများ၊ Bumdelling တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ Dzongs  ဗိသုကာပညာလက်ရာ၊ Jigme Dorji အမျိုးသားဥယျာဉ်၊ Royal Manas အမျိုးသားဥယျာဉ်၊ တိဗက်ဘုန်းတော်ကြီး Phajo Drugom Zhigpo နှင့်  ၎ င်း၏သားစဉ်မြေးဆက် များနှင့်ဆက်စပ်နေသော မြင့်မြတ်သောနေရာများ၊ Sakteng တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနှင့် Tamzhing  ဘုန်းတော်ကြီးကျောင်းတို့ဖြစ်သည်။ ဘူတန်တွင် ယူနက်စကိုစာရင်းတွင်မပါဝင်သည့် ခရီး သွားနေရာအများအပြားလည်းရှိကြောင်း သိရသည်။ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ပါဝင် သည့် တစ်ခုတည်းသောအရာမှာ Drametse အသိုင်းအဝိုင်း၏ မြင့်မြတ်သော မျက်နှာဖုံးအကဖြစ်သည်။             

                                  

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာ့ကားမူဝါဒနှင့် ဈေးကွက်အခြေအနေများ (အင်တာဗျူး)

RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved