Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ချောင်ပိတ်မိနေတဲ့ မူဆယ်မြို့မှ ပြည်သူတွေရဲ့အသံ (အင်တာဗျူး)

သုတကျော် (NSS) - ဩဂုတ် ၂၂

  မူဆယ်မြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းမှ စီးပွားရေးကောင်း မွန်ရာ မြို့ကြီးတစ်မြို့ဖြစ်ပြီး လူမျိုးပေါင်းစုံ မှီတင်းနေထိုင်ရာ မြို့တစ်မြို့ ဖြစ် ပါသည်။ နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးသော မြို့ဖြစ်သည့်အားလျော်စွာ ရေကြည်ရာမြက်နုရာရှာသူများဖြင့်လည်း ပြည့်နှက်နေသည့် မြို့ဖြစ်သည်။   သို့သော် ယခုအခါ စစ်ဘေးသည် မူဆယ်မြို့သို့ ကူးစက်လာမည်လောဟု စိုးရိမ်မှုများရှိနေပြီး ပေါက်တော့မည့်ဗုံးကဲ့သို့ ဒေသခံအချို့ခံစားနေရ ပြီဖြစ်သည်။ ထိုသို့ ပူပန်မှုများကြောင့် ရှမ်းပြည်နယ်၏ ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲကို မြို့ခံများက ပြု လုပ်ခဲ့ရာ လူအများအပြား စုပေါင်းပါဝင်ခဲ့ကြသည် ကိုလည်း တွေ့မြင်ရသည်။ အဆိုပါကိစ္စများနှင့် ပတ် သက်၍ မြို့ခံများ၏ သဘောထား၊စစ်ရိပ်၊ စစ်ငွေ့ အ ခြေအနေ၊ မြင်ကွင်းများနှင့်ပတ် သက်၍ မြို့ခံတစ်ဦးထံ The Statesman ဂျာနယ်က ဆက်သွယ်မေးမြန်းထားသည်များကို NSS က ထပ်ဆင့်ကောက်နုတ်ဖော်ပြအပ်ပါသည်။ 

မေး - လက်ရှိ မူဆယ်မြို့မှာ စစ်ဘေးနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှုက ဘယ်လိုရှိပါသလဲ။ 

ဖြေ - လက်ရှိ ဒီမှာကစိုးရိမ်တာပေါ့။ ဒီမှာက ထွက် ပေါက်ပိတ်နေပြီလေ။ ဖြစ်မှာ ကြောက်တာပေါ့။ တချို့ တွေက တရုတ်ထဲမှာ ရွှေ့ပြောင်းနေကြတာပေါ့။ သတင်းတွေကလည်း သို့လော သို့လောနဲ့ ဆိုတော့လေ။ 

မေး - ရောင်းရေး ဝယ်တာ အခြေအနေတွေကကော ဘယ်လိုရှိပါသလဲ။ မြို့ကကော ပုံမှန်လည်ပတ်နေပါ သေးလား။ 

ဖြေ - ပုံမှန် လည်ပတ်နေသေးတယ် ခင်ဗျ။  

မေး- မူဆယ်မြို့ကိုကော စစ်ဘေးရှောင်တွေ ဝင်တာ များပါသလား။ နောက်ပြီး မူဆယ်မြို့ကနေ တခြားမြို့ ကို ရှောင်ဖို့ကော သူတို့ပြင်ကြလား။ 

ဖြေ- အဲဒီလိုတော့ မရှောင်ဘူး။ တခြားမြို့ကို ပြေး ရင်လည်း သိန္နီတို့၊ ကွတ်ခိုင်တို့မှာ လေယာဉ်က ချ နေတာလေ။ တချို့ကလည်း မတိုက်နိုင်ဘူးပေါ့။ မဖြစ်နိုင်ဘူး ဆိုပြီးပြောကြတယ်။ တချို့ကလည်း စိုး ရိမ်စိတ်ကြီးပြီးတော့ ကြောက်လန့်နေကြတာပေါ့။ မြို့ ကတော့ ပုံမှန်လည်ပတ်နေတုန်းပဲ။ 

မေး - မြို့ခံတွေရဲ့ စိတ်ထဲမှာက ဘယ်လို ရှိနေကြ ပါသလဲ။

ဖြေ - အခုကတော့ လူတွေရဲ့ စိတ်က နေရာတိုင်းကို ကြည့်ပြီးတော့ ယုံကြည်စိတ်လည်း မရှိဘူးပေါ့ဗျာ။ (ရှောင်ဖို့၊ ပုန်းဖို့ကျတော့) ဒါလုပ်လည်း မထူးပါဘူး။ Negetive View တွေ ပိုများလာတာပေါ့။ 

မေး- မူဆယ်ကျတော့ အဓိကဘယ်တိုင်းရင်းသား တွေ ရှိကြပါသလဲ။ 

ဖြေ- လူမျိုးပေါင်းစုံပေါ့။ လူမျိုးကြီးအနေနဲ့ ရှမ်းရှိ မယ်၊ ကချင်ရှိမယ်၊ ခိုလုံလီရှော၊ ကိုးကန့်တို့ အဲဒီလို နေကြတာပေါ့။ ဗမာကတော့ လက်လုပ်လက်စားနဲ့ စီးပွားရေး လာလုပ်တာတော့ ရှိတာပေါ့။ 

မေး- အခုက ရှမ်းမြောက်မှာ တိုက်ပွဲတွေ ဖြစ်လာပြီးတဲ့နောက် မြို့ခံတိုင်းရင်းသားတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုကော ရှိကြသေးရဲ့လား။ 

ဖြေ- ပြည်သူတွေကတော့ ခွဲခြားတာ မရှိဘူး။ တစ် သွေးတည်း တစ်သားတည်းပါပဲ။ အဓိက ဖြစ်နေတာ က လက်နက်ကိုင်အဖွဲ့တွေပါ။ ဒါကိုမကြိုက်တဲ့ ကိုး ကန့်တွေလည်း ရှိတယ်။ မကြိုက်တဲ့ တရုတ်တွေလည်း ရှိတယ်။ 

မေး- မူဆယ်မြို့ကို လက်နက်ကိုင် သောင်းကျန်းသူ တွေ စိမ့်ဝင်လာတာရှိလား။ ဘယ်လို မြင်ရပါသလဲ။ 

ဖြေ- အရင်တည်းက စိမ့်ဝင်နေကြတယ်။ အရင် တည်းကရှိပြီးသားပဲ။ ၁၀၂၇ မစခင်တည်းက စိမ့်ဝင် နေကြတာလေ။ TNLAဆို TNLA ၊MNDAA  ဆိုMNDAA ၊ KIA ဆို KIA ပေါ့။ သူ့ဟာနဲ့သူ အရပ်ဝတ်နဲ့တော့ လှုပ်ရှားသွားလာနေကြတာပေါ့။ 

မေး- အစ်ကို တစ်ယောက်တည်းရဲ့ ပုဂ္ဂလိက အမြင် ပေါ့လေ။ မူဆယ်ကို လာတိုက်မယ်ထင်လား။ 

ဖြေ- ကျွန်တော့် အမြင်တော့ မလွယ်လောက်ဘူး။ သူတို့လည်း လုပ်မယ်ဆို တော်တော်စဉ်းစားယူရမယ်။ ထွက်ပေါက်က အကုန်ပိတ်နေပြီ။ ကုန်စည် အနေနဲ့၊ ရိက္ခာအနေနဲ့ ဆိုတာကလည်း ဒီဘက်က လမ်း ကြောင်း တစ်ကြောင်းပဲ ရှိတာလေ။ ဒီဘက်ကို တိုက် လိုက်လို့ ဂိတ်ပိတ်သွားရင် သူတို့ပဲထိမှာ။ ဒီဟာကို ထွက်ပေါက်တစ်ခုအနေနဲ့ထားမယ်လို့ ကျွန်တော် မြင်တာပဲ။ လုပ်မယ်လို့ မထင်ဘူး။ 

မေး- မူဆယ်မြို့ရဲ့ ကုန်သွယ်ရေးအခြေအနေက အခု လက်ရှိ ဘယ်လိုရှိပါသလဲ။ 

ဖြေ- ကုန်သွယ်ရေး အခြေအနေကတော့ ကားဂိတ် တွေက ပိတ်လိုက်တဲ့အတွက် ကုန်စည်စီးဆင်းမှုက မရှိတော့ဘူး။ ဒီဘက်က ပို့တဲ့ပစ္စည်းတွေပေါ့။ တရုတ် ဘက်ကနေ တစ်နိုင်တစ်ပိုင် ပို့တဲ့ပစ္စည်းတွေက မပို့နိုင်တော့ဘူးလေ။ ကုန်စည် စီးဆင်းရေးက ထိခိုက်တာပေါ့။ 

မေး- ခုနက အစ်ကို့အနေနဲ့ မူဆယ်မြို့က ထွက် ပေါက်ပိတ်နေတယ်လို့ ပြောတယ်ပေါ့လေ။ မူဆယ် မြို့မှာနေတဲ့ သူတစ်ယောက်အနေနဲ့ကော ကိုယ်တိုင် ထွက်ပေါက်ပိတ်နေတယ်လို့ ခံစားရလား။ 

ဖြေ- တစ်ခါတလေတော့ တွေးမိတာပေါ့။ တကယ်လို့ သာ ဖြစ်လာရင် တရုတ်ကလည်း ပိတ်လိုက်ရင် ငါတို့ ပြေးဖို့ မြေမရှိဘူးပေါ့။ သွားပြီပေါ့။ တိုက်ပွဲလာရင် တော်တော်ခံရမယ်လို့ အတွေးဖြစ်တယ်။ ဒါပေမဲ့ ဖြစ် ဖို့က ကျွန်တော့်အထင် ရာခိုင်နှုန်းနည်းပါတယ်။ 

မေး- လက်ရှိ မူဆယ်မြို့ခံတွေက ဗုံးခိုကျင်းတို့ ဘာ တို့ကော ပြင်လာတာ မြင်ရပါသလား။ 

ဖြေ - မရှိပါဘူး။ အဲဒီလို ပြင်ဆင်တာမျိုးတော့ မရှိ ကြဘူး။ သာမန်အတိုင်း သွားလာနေတာပါပဲ။ 

မေး- မူဆယ်မြို့မှာနေတဲ့ လူတွေရဲ့စီးပွားရေး အခြေ အနေကကော ဘယ်လို ဖြစ်သွားပါသလဲ။ ဒါက ထပ် ပြီးတော့ မေးတာပါ။ 

ဖြေ- အဲဒါကတော့ တော်တော်ထိခိုက်တာပေါ့။ ငွေ ဈေးကလည်း တအားထိုးကျသွားတယ်၊ အလုပ်က လည်း မည်မည်ရရ ဘာမှလုပ်လို့ကိုင်လို့က မရတော့ ဘူး။ တော်တော်တော့ ထိခိုက်တယ်။ ကုန်ဈေးနှုန်း ကလည်း ကြီးတယ်။ တစ်ဦးချင်းစီကတော့ တော် တော် ထိခိုက်တယ်။ 

မေး- မူဆယ်မှာရှိတဲ့ လူတွေက မျှော်လင့်ချက်က ဘာများဖြစ်မလဲ။ 

ဖြေ- အစ်ကိုကလည်း တပ်ကို အမြန်ဆုံး ပြန်သိမ်း စေချင်တာပေါ့။ ဘာလုပ်နေတာလဲပေါ့။ ပြောကြတာ ပေါ့။ တစ်ခါတလေ လက်ဖက်ရည်ဆိုင် သွားထိုင်တာတို့ ဘာတို့ဆို ကျွန်တော်ရယ်ချင်နေတာ။ တစ်အားကို တပ်ကို မျှော်လင့်နေကြတာ။ နိုင်ငံရေးကလည်း ရှုပ်တာကိုး။ 

မေး- မျှော်လင့်ချက်အကြောင်း မေးခွန်းပါပဲ။ မူဆယ် မှာရှိတဲ့သူတွေဟာ တိုက်ပွဲနဲ့ပတ်သက်ပြီး ရခဲ့တဲ့ သင်ခန်းစာတွေနောက်မှာ ဘယ်လို တွေးကြပါသလဲ။ 

ဖြေ- ရမခ ကိုပဲ ကြည့်လိုက်လေ။ ရမခ ကို ကြည့်၊ လားရှိုးမြို့ကို ကြည့်ပြီး ပြည်သူလူထုကလည်း ဒီမှာ ဖြစ်လာရင်လည်း ဒီလိုစွန့်ခွာပြေးရမယ်။ ဆုံးရှုံးရမယ် ပေါ့။ နဂိုတည်းက လုံခြုံမှုမရှိဘူးလေ။ အဖွဲ့ပေါင်းစုံနဲ့ ပြန်ပေးမှု၊ ပစ်ခတ်မှု၊ လုယက်မှု ခဏခဏ ဖြစ်နေတာ။ တကယ်ဖြစ်လာရင် လားရှိုးထက်တောင် ဆိုးဦးမယ်။ 

မေး- လက်ရှိ မြို့ပေါ်မှာကော လူတွေ နည်းသွားတာ မျိုးရှိပါသလား။ 

ဖြေ- လူက ရှိသေးတယ်။ လုပ်ငန်း လုပ်နေကြတုန်းပဲ။ ဝင်ထွက်နေတုန်းပဲ။ သွားလာလှုပ်ရှားနေတုန်းပဲ။ ဒါ ကြောင့် တိုက်ပွဲဖြစ်ဖို့ နည်းတယ်လို့ထင်တာပါ။ ဘယ် လိုတွေ ညှိနှိုင်းပြီး ဘယ်လိုတွေ ဆောင်ရွက်ကြမလဲ မသိဘူး။ 

မေး- စစ်ဘေးရှောင်တွေ ဝင်ရောက်မှုကကော ဘယ်လိုရှိပါသလဲ။ 

ဖြေ- စစ်ဘေးရှောင် ဝင်ရောက်မှုက များတယ်ခင်ဗျ။ အရင်တည်းက ဝင်ထားတာကို တော်တော်များများ ရှိသေးတယ်။ မြို့ရှောင်လမ်းမှာ လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းပြီး ထားထားတာ။ 

မေး- မူဆယ်ရဲ့ စီးပွားရေးအခြေအနေက ဘယ် လောက်တောင် ကောင်းခဲ့သလဲ။ အခုက အရင်နဲ့ ယှဉ်မယ်ဆို ဘယ်လောက် ကျသွားတယ်လို့ ပြောလို့ ရလဲ။ 

ဖြေ- ဘယ်လောက် ပမာဏအထိဆို တော်တော်ကျ သွားတယ်လို့ ပြောလို့ရတယ်။ ဘာမှသွားလာလှုပ်ရှား မှုမှ မရှိတော့တာ။ ထားပါ။ ကျွန်တော် ပြောပြမယ် ကုန်ပစ္စည်းသယ်တဲ့ အစီးရာချီရှိရင်အကုန် တစ် ဆယ်၊ နှစ်ဆယ်လောက်ပဲ ရှိတော့တယ်။ ဘာလို့လဲ ဆို ဟိုဘက်ကလည်း လမ်းမဖွင့်တော့ သယ်လို့ မရ တော့ဘူးလေ။ 

မေး- မူဆယ်မြို့က သာမန် လက်လုပ်လက်စားတွေ အနေနဲ့ တိုက်ပွဲတွေရဲ့ ဘေးထွက်ဆိုးကျိုးကို ဘယ် လောက်အထိခံစားနေရပါသလဲ။ 

ဖြေ- တော်တော်ကို ဆိုးဆိုးရွားရွား ခံစားရတာပေါ့။ အခုဘယ်လိုပြောရမလဲဆို အခုဒီမှာ ကြုံတွေ့နေရ တာက စစ်ဘေးရှောင်တွေရယ်၊ လက်လုပ်လက်စား တွေရယ်၊ တရုတ်ထဲကနေ တရားမဝင် လုပ်ကိုင်နေတဲ့ သူတွေကိုဖမ်းပြီး ပြန်ပို့ထားတာတွေ ရှိတယ်။ အဲဒါ ကြောင့် ဒီမှာက ဒုက္ခတွေက ပေါင်းစုံဖြစ်နေတာ။ အလုပ်က မရှိဘူး။ ပြန်လို့ကမရဘူး။ သွားလို့က မရ ဘူး။ ဘာမှလုပ်လို့ မရတော့ခိုးတယ်၊ လုတယ်၊ နှိုက် တယ်ဆိုတာအထိ ဖြစ်လာတာပေါ့။ ဒေသ အာဏာပိုင် ကလည်း ထိန်းကျောင်းတာ တော်တော် ကောင်းတော့ အခုတစ်လောတော့ ငြိမ်သွားတယ်။ တော်တယ်လို့ ပြောရမယ်။ ခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီက တော် တယ်လို့ ပြောရမယ်။ 

မေး- အစိုးရ ဝန်ထမ်းတွေအတွက်ကော စိုးရိမ်မှုက ဘယ်လို ရှိပါသလဲ။ 

ဖြေ- ခရိုင်စီမံဥက္ကဋ္ဌက စီမံပေးထားပါတယ်။ အကုန် စီမံပေးထားပါတယ်။ တော်တော် အလုပ်လုပ်ပါတယ်။

မေး- မူဆယ်မြို့ခံတွေရဲ့ ရှမ်းမြောက် တိုက်ပွဲ အပေါ် အမြင်က ဘယ်လိုရှိပါသလဲ။ 

ဖြေ - အခုလောလောဆယ်မှာ ဒါမျိုးဖြစ်နေတာကို တည်ငြိမ်အောင် ထိန်းသိမ်းစေချင်တယ်။ မြို့တွေကို အစိုးရရဲ့ ထိန်းချုပ်မှုအောက် ပြန်ရောက်စေချင်တာ ပေါ့။ လုပ်မယ်ဆိုရင်လည်း ပြတ်ပြတ်သားသား လုပ် စေချင်တာပေါ့ အစ်ကိုရာ။ သူတို့က မြေကျန်ရင်ရပြီ ဒီလိုမျိုးစိတ်ဓာတ် ဖြစ်နေတာ။ အိမ်က အချိန်မရွေး ပြန်ဆောက်လို့ ရတယ်တဲ့။ 

မေး- မူဆယ်အထိ တိုက်ပွဲဟာ ရောက်လာခဲ့မယ်ဆို ရင် ပြည်သူတွေအတွက် ဘယ်လောက်ခက်ခဲသွား မယ်ထင်လဲ။ 

ဖြေ- လမ်းစပျောက်သွားတာပေါ့ဗျာ။ လမ်းပျောက် သွားတာပေါ့။ ဘာမှကိုလုပ်လို့ မရလောက်အောင် လမ်းစပျောက်သွားတယ်။ ပြေးပေါက် ပိတ်သွားတယ်။ ဘာမှလည်းလုပ်လို့မရတော့ဘူးလေ။ မထူးဇာတ်ခင်း ရုံပဲ ကျန်တော့တယ် ဖြစ်သွားမှာ။ 

မေး- မူဆယ်ကလူတွေက တခြားမြို့တွေသွားရင် ကော ဘယ်လို သွားနေကြပါသလဲ။ 

ဖြေ- အခု ပြည်ထောင်စုလမ်းမကြီး ဖွင့်ထားပေး တယ်။ အဲဒီလမ်းကနေ လားရှိုးအထိတော့ သွားနေကြ တာပေါ့။ ဗမာတွေပါတယ်ဆိုရင်တော့ ပိုစစ်ဆေးတာ ပေါ့။ အသေစစ်တာပေါ့။ တော်ရုံ တန်ရုံ မသွားရဲဘူး။ ဒီကောင်တွေက လူမျိုးရေးမုန်းတီးမှုက ပိုဆိုးနေတာ။ 

မေး - လူမျိုးရေးမုန်းတီးမှုနဲ့ ပတ်သက်ပြီးတော့ အဲ ဒီဘက်မှာဖြစ်နေတဲ့ ပုံစံကောပြောလို့ ရမလား။ မူ ဆယ်ပတ်ချာလည် လက်နက်ကိုင်တွေ ထိန်းချုပ်ထား တဲ့ ဘက်မှာပေါ့။ 

ဖြေ- ဘယ်လိုပြောရမလဲ ဗမာဆိုရင် အောက်တန်း ကျတဲ့ လူမျိုး၊ မျိုးရိုးမသန့်တဲ့ လူမျိုးပေါ့။ အပြောအဆို ကအစ တော်တော်ရင်နာဖို့ကောင်းပါတယ်။ ကျွန် တော်လည်း ဘာမှမလုပ်ခဲ့ဖူးပါဘူးဗျာ။ ပြည်မကို လာ တယ်ဆိုရင် ကျွန်တော်တို့မှာ ချစ်လိုက်ရတာလေ။ 

မေး - ဒေသခံတစ်ယောက်အနေနဲ့ပေါ့နော်။ MNDAA  တို့၊TNLA တို့နဲ့အတူ PDF တွေ လည်း ပူးပေါင်းပါဝင်နေတယ်လို့ သိရတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမြင်လဲ။ 

ဖြေ- သဘောတစ်ခုက ဘယ်လိုပြောချင်လဲဆိုရင် နိုင်ငံရေးကို လက်နက်ကိုင်ပြီး တိုက်ယူမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံရေးဆိုင်ရာကို အသေအချာ နား လည်အောင် လုပ်ပြီးတော့မှ နိုင်ငံရေးကိုလုပ်လို့ ပြော ချင်တယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ပထဝီနိုင်ငံရေးကို လည်း နားမလည်ဘူး။ နိုင်ငံရဲ့ သမိုင်းကိုလည်း နားမ လည်ဘဲ သူများရဲ့အသုံးချခံလုပ်ပြီး ဗမာချင်း ပြန် သတ်နေတာ တော်တော်ဆိုးတယ်။ သူများ အသုံးချခံ ဖြစ်နေတာ။ သူများပေးတာယူ၊ ကျွေးတာစားပြီး သူများခိုင်းတာကို မျက်စိစုံမှိတ်ပြီး လုပ်နေတာ။ ကျွန်တော့်အမြင်ပေါ့။ 

ကျေးဇူးတင်ပါတယ် ခင်ဗျာ။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တရုတ်အစိုးရ နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ဆက်နွှယ်မှုအကြောင်း AI ကို မေးကြည့်သောအခါ

RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved