သက်တမ်း (၃၂၈) နှစ်ရှိတဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကော့ညက်ပုလင်း
Pika (NSS) - စက်တင်ဘာ ၇
နယ်သာလန်နိုင်ငံမှ ရှေးဟောင်းပစ္စည်းစုဆောင်း သူတစ်ဦးပိုင်ဆိုင်သော ကော့ညက်ပုလင်းသည် သက်တမ်း(၃၂၈)နှစ်ရှိပြီဖြစ်ပြီး ကမ္ဘာပေါ်တွင်သက် တမ်းအရင်ဆုံး ကော့ညက်ပုလင်းအဖြစ် ကမ္ဘာ့ဂင်း နစ် စံချိန်မှတ်တမ်းအဖွဲ့က တရားဝင်သတ်မှတ်ခဲ့ကြောင်း သိရသည်။ Nijmegen မြို့တွင်နေထိုင်သော Lars Janssen ဆိုသည့်အမျိုးသား၏စုဆောင်းမှုထဲတွင် ပါဝင်သော (1969) Jules Robin Cognac ပုလင်း ကို ကမ္ဘာပေါ်တွင်သက်တမ်းအရင့်ဆုံးကော့ညက်ပုလင်း အဖြစ် ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့က သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ကမ္ဘာ့သက်တမ်းအရင်ဆုံး ကော့ညက်ပုလင်း အဖြစ် ယခင်သတ်မှတ်ခံထားရသည့်ပုလင်းမှာ (1762) Gautier Cognacပုလင်း ဖြစ်ကြောင်း လည်းသိရသည်။ (၂၀၂၀) ပြည့်နှစ်တွင် Sotheby's ကုမ္ပဏီက ကျန်ရှိနေသော (1762) Gautier Cognac ပုလင်းသုံးလုံးအနက် တစ်လုံးကို အမေရိ ကန်ဒေါ်လာ(၁၄၆၀ဝဝ)ဖြင့် လေလံတင်ရောင်းချနိုင် ခဲ့ပြီး လေလံပွဲအတွင်းရောင်းချခဲ့သည့် သက်တမ်း အရင့်ဆုံးကော့ညက်ပုလင်းဖြစ်ခဲ့ကြောင်းသိရသည်။
ကော့ညက်သည် ပြင်သစ်နိုင်ငံရှိ သတ်မှတ်ထား သောနေရာဒေသမှ စပျစ်သီးများကို အသုံးပြုကာ ပြုလုပ်ထားသော ဘရန်ဒီအမျိုးအစားဖြစ်ကြောင်း လည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြို့ ပြနေလူထုအကြား အချင်းချင်း ယုံကြည်မှုကျဆင်းနေကာ စိုးရိမ်စိတ်များ မြင့်တက်နေ
RELATED POSTS
14 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ
13 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ