နှစ်ပေါင်း(၂၇၀ဝ) သက်တမ်းရှိ ရှေးဟောင်းပစ္စည်းတစ်ခုကို ဂျေရုဆလင်မြို့မှာ တူးဖော်တွေ့ရှိ
Pika (NP NSS) - စက်တင်ဘာ ၁၃
ရှေးဟောင်းသုတေသနပညာရှင်များသည် အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့တွင် အလွန်ရှားပါးပြီး ပုံမှန်တွေ့မြင်နေကျမဟုတ်သော ရှေးဟောင်း ကျောက်အဆောင်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရ သည်။ အစ္စရေးရှေးဟောင်းပစ္စည်းအာဏာပိုင်အဖွဲ့ (IAA) ၏ ဒါရိုက်တာများဖြစ်သည့် Yuval Baruch နှင့် Navot Rom က “အနက်ရောင် ကျောက်တုံးနဲ့ပြုလုပ်ထားတဲ့ ဒီပစ္စည်းဟာ ရှေးဟောင်းဂျေရုဆလင်မှာ တူးဖော်ရှာဖွေတွေ့ရှိသမျှ ထဲမှာ အလှပဆုံးအရာတစ်ခုပါ” ဟုပြောဆိုခဲ့ကြသည်။
အစ္စရေး ရှေးဟောင်း ပစ္စည်း အာဏာပိုင်အဖွဲ့ နှင့် ဒေးဗစ်ဖောင်ဒေးရှင်းတို့က ဒေးဗစ်ဆန် ရှေးဟောင်းသုတေသန ဥယျာဉ်တွင် ပူးပေါင်းကာ တူးဖော်မှုများပြုလုပ်နေစဉ် အဆိုပါရှေးဟောင်း ကျောက်တုံးအဆောင်ကို ရှာဖွေတွေ့ရှိခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရှေးဟောင်းကျောက်တုံးအဆောင်သည် နှစ်ပေါင်း(၂၇၀ဝ)ခန့် သက်တမ်းရှိမည်ဟု ခန့်မှန်းထားကြပြီး အစ္စရေးနိုင်ငံတွင်းတွင် တူးဖော်မှု များစတင်ခဲ့သည့် အချိန် တည်းက လက်ရှိအချိန်အထိ ရှေးအကျဆုံးပစ္စည်းကို ရှာဖွေတွေ့ရှိ ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ရှေးဟောင်းကျောက်တုံးပေါ်တွင် ဘီစီ(၆) ရာစု နှင့် (၁၀)ရာစု ကြားတွင်နေထိုင်ခဲ့ပုံပေါ်သော အထင် ကရပုဂ္ဂိုလ်နှစ်ဦးကို ရည်ညွှန်းကာ ''Le Yehoʼezer ben Hoshʼayahu" ဆိုသည့်စာလုံးကို paleo-Hebrew စကားစုဖြင့် ရေးထိုးထားကြောင်းလည်း သိရသည်။ ထို့ပြင် အနက်ရောင်ကျောက်တုံးတွင် အပေါက်တစ်ခုလည်း ပါရှိပြီး ကြိုးသို့မဟုတ် သံကြိုးဖြင့်ချည်ရသည့် အရာတစ်ခုဖြစ်ကြောင်းလည်း ရှေးဟောင်း သုတေသနပညာရှင်များက ပြောကြားခဲ့သည်။ အဆိုပါ အနက်ရောင်ကျောက်တုံးသည် စာရွက်စာတမ်းများကို လက်မှတ်ထိုးရန်အသုံးပြုပြီး လည်ပင်းတစ်ဝိုက်တွင် အကာအကွယ်တံဆိပ်အဖြစ် ဝတ်ဆင်ရပုံပေါ်ပြီး အဆင့်မြင့်အရာရှိတစ်ဦးက ပိုင်ဆိုင်ခဲ့ပုံပေါ်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်း ထားကြသည်။ IAA ရှေးဟောင်းသုတေသန ပညာရှင်နှင့် Assyriologist ဒေါက်တာ Filip Vukosavovic က “ ဒါက အလွန်ရှားပါးပြီး ပုံမှန် တွေ့မြင်နေကျမဟုတ်တဲ့ ရှာဖွေတွေ့ရှိမှုတစ်ခုပါ” ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှင်မဖြူကျိန်စာသင့် ဘီဂမ် ရှိတ်ဟာစီနာဝါဇစ် (ဆောင်းပါး)
RELATED POSTS
14 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ
13 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ