Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နှစ်ပေါင်း (၁၅၀ဝ)နီးပါးကြာ လည်ပတ်နေဆဲ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ

Pika (NSS) - စက်တင်ဘာ ၆

   (၅၇၈) ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ဂျပန် နိုင်ငံ၏ Kongo Gumi ဆောက်လုပ်ရေးကုမ္ပဏီသည် လက်ရှိအချိန်အထိ ဆက်လက်လည်ပတ်နေသည့် ကမ္ဘာ့သက်တမ်းအရင့်ဆုံးကုမ္ပဏီအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။ 


လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်းတွင် ကုမ္ပဏီပေါင်းထောင် ပေါင်းများစွာကို နေ့စဉ်တည်ထောင်နေကြသော်လည်း ၎င်းတို့အနက် အများစုမှာ နှစ်အနည်းငယ် သို့မဟုတ် လအနည်းငယ်သာ လည်ပတ်ခဲ့ပြီး ဖျက်သိမ်းခဲ့ရသည်။ ထို့ပြင် ကမ္ဘာ့တန်ဖိုး အကြီးဆုံးကုမ္ပဏီများသည် ဆယ်စုနှစ်အနည်းငယ်မျှသာတည်ရှိကြပြီး နည်းပညာများတိုးတက်ပြောင်းလဲ လာမှုနှင့်အတူ နောက်ပိုင်းတွင်ဖျက်သိမ်းခဲ့ရသည့် ဖြစ်ရပ်များလည်းရှိခဲ့ဖူးသည်။ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်းတွင် နှစ်ပေါင်း(၂၀ဝ)ကျော်အထိလည် ပတ်နေသောကုမ္ပဏီများမှာ ထောင်ဂဏန်းသာရှိပြီး ကမ္ဘာ့ရှေးအကျဆုံးKongo Gumi ဆောက်လုပ်ရေး ကုမ္ပဏီနှင့်နှိုင်းယှဉ်မည်ဆိုလျှင် ၎င်းတို့မှာ အသေးအမွှားမျှသာဖြစ်သည်။ 

(၆)ရာစုတွင် ဗုဒ္ဓဘာသာဘုရား ကျောင်းတစ်ခုကိုတည်ဆောက်ရန်အတွက် စတင် တည်ထောင်ခဲ့သော Kongo Gumi ဆောက် လုပ်ရေးကုမ္ပဏီသည် လက်ရှိအချိန်အထိ နှစ်ပေါင်း (၁၄၄၆)နှစ်ကြာအောင် လည်ပတ်နေခဲ့ကြောင်းလည်း သိရသည်။ Kongo Gumi ဆောက်လုပ်ရေးကုမ္ပဏီသည် လည်ပတ်နေခဲ့သည့်ကာလတစ်လျှောက် စိန်ခေါ်မှုပေါင်းများစွာကိုရင်ဆိုင်ခဲ့ရပြီး ဒုတိယကမ္ဘာ စစ်အတွင်း ဗုဒ္ဓဘာသာဘုရားကျောင်းများတည် ဆောက်ရန်အတွက် တောင်းဆိုမှုများကျဆင်းလာသည့်အချိန်တွင် အခက်အခဲများနှင့်ကြုံတွေ့ခဲ့ရ ကြောင်းလည်းသိရသည်။ သို့သော်လည်း (၂၀ဝ၆) ခုနှစ်တွင် အိုဆာကာမြို့မှ ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုကKongo Gumi ဆောက်လုပ်ရေးကုမ္ပဏီ ကိုဝယ်ယူခဲ့ပြီးနောက် ကောင်းမွန်စွာ ပြန်လည်လည် ပတ်လာနိုင်ခဲ့ကြောင်းသိရသည်။

ယနေ့အချိန်တွင် Kongo Gumi  ဆောက်လုပ်ရေးကုမ္ပဏီသည် Takamats ကဆောက်လုပ်ရေးအဖွဲ့၏ လုပ်ငန်းခွဲတစ်ခုအဖြစ်လည်ပတ်နေသော်လည်း ၎င်း၏အထင်ကြီးစရာကောင်း သော သမိုင်းကြောင်းသည် ၎င်း၏မိခင်ကုမ္ပဏီနှင့် အခြားကုမ္ပဏီ ငယ်များအတွက် အတုယူစရာတစ်ခုအဖြစ် ရှိနေဆဲ ဖြစ်ကြောင်းသိရသည်။ သို့သော်လည်း Kongo မိသားစု၏ သားစဉ်မြေးဆက်များသည် ကုမ္ပဏီ၏ စီမံခန့်ခွဲမှုတွင် ပါဝင်ပတ်သက်ခဲ့ခြင်းမျိုးမရှိသည့်အပြင် လက်ရှိအချိန်တွင် ၎င်းတို့မိသားစုမှ သားစဉ် မြေးဆက်တစ်ဦးတည်းကိုသာ အလုပ်ခန့်အပ်ထား ကြောင်းသိရသည်။ ထို့ပြင် ကွန်ဂိုမျိုးနွယ်စုသည် ဂျပန်နိုင်ငံ၏လက်သမားများကြားတွင် လက်ရှိအချိန်အထိ လေးစားခံရဆဲဖြစ်ကြောင်းသိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သူတို့နိုင်သွားရင် ထီးချိုင့်ကို KIA ကပဲ အုပ်ချုပ်လိမ့်မယ် (အင်တာဗျူး)

RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved