Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရှေးခေတ်ရောမလူမျိုးတွေ စတင်တည်ထောင်ခဲ့တဲ့ ဗြိတိန်တို့ရဲ့ မြို့တော် “လန်ဒန်” အကြောင်း (ဗဟုသုတဆောင်းပါး)

Pika (NSS) - ဇူလိုင် ၂၆

အင်္ဂလန်နိုင်ငံနှင့်ဗြိတိန်နိုင်ငံတို့၏ မြို့တော်ဖြစ်သော လန်ဒန်မြို့သည် လူဦးရေ(၈ ဒသမ ၈) သန်းဝန်းကျင်ရှိပြီး ကမ္ဘာ့အဓိကမြို့ကြီးများထဲမှ တစ်မြို့အဖြစ် သတ်မှတ်ခံထားရကြောင်းသိရသည်။

လန်ဒန်မြို့၏ ကျယ်ပြန့်သောမြို့ပြဧရိယာသည် အနောက်ဥရောပတွင် အကြီးဆုံးဖြစ်ပြီး စုစု ပေါင်း လူဦးရေ(၁၄ ဒသမ ၉)သန်းရှိကြောင်းသိရသည်။ လန်ဒန်မြို့သည် အင်္ဂလန်အရှေ့တောင်ပိုင်းရှိ သိမ်းမြစ်ပေါ်တွင်တည်ရှိပြီး အဓိကအခြေချနေထိုင်ရာ နေရာတစ်ခုအဖြစ် နှစ်ပေါင်း (၂၀ဝဝ) နီးပါးကြာ တည်ရှိခဲ့သည့်မြို့လည်းဖြစ်သည်။ ရှေးဟောင်းအချက်အချာနှင့် ဘဏ္ဍာရေး အချက်အချာဖြစ်သော လန်ဒန်မြို့ကို ရှေးခေတ်ရောမ လူမျိုးများက Londinium အဖြစ် စတင်တည် ထောင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လန်ဒန်မြို့၏အနောက်ဘက်ရှိ Westminster ဧရိယာသည် နိုင်ငံတော်အစိုးရနှင့် လွှတ်တော်တို့ ရာစုနှစ်များစွာ ကြာအောင်တည်ရှိခဲ့သည့် နေရာတစ်ခုလည်းဖြစ်သည်။

လန်ဒန်မြို့သည် (၁၉)ရာစုနှစ်တွင် လျင် မြန်စွာကြီးထွားလာခဲ့ပြီး Surrey နှင့် Kent ကောင်တီ အစိတ်အပိုင်းများနှင့်အတူ Middlesex ခရိုင်အထိ ချဲ့ထွင်ခဲ့ပြီးနောက် ကမ္ဘာ့အကြီးဆုံးမြို့ ဖြစ်လာခဲ့ကြောင်း သိရသည်။ ၁၉၆၅ ခုနှစ်တွင် လန်ဒန်မြို့သည် Essex နှင့် Hertfordshire ကောင်တီတို့၏ အစိတ်အပိုင်းများနှင့်ပေါင်းစည်းခဲ့ပြီး ဒေသဆိုင်ရာအာဏာပိုင်(၃၃)ခုနှင့် Greater London Authority တို့က အုပ်ချုပ်သော Greater London  အုပ်ချုပ်ရေးဧရိယာကို ဖန်တီးခဲ့ကြောင်း သိရသည်။ 

ကမ္ဘာ့အဓိကမြို့ကြီးများထဲမှတစ်မြို့ဖြစ်သော လန်ဒန်မြို့သည် ကမ္ဘာလုံးဆိုင်ရာ အနုပညာ၊ ဖျော်ဖြေရေး၊ ဖက်ရှင်၊ ကူးသန်းရောင်းဝယ်ရေး၊ ဘဏ္ဍာရေး၊ ပညာရေး၊ ကျန်းမာရေး၊ မီဒီယာလုပ်ငန်း၊ သိပ္ပံ၊ နည်းပညာ၊ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးတို့အပေါ် လွှမ်းမိုးမှုရှိသော မြို့တစ်မြို့လည်းဖြစ်သည်။ ထို့ပြင် လန်ဒန်မြို့သည် ဥရောပ၏စီးပွားရေးအင်အားအကြီးဆုံးမြို့ တစ်မြို့ ဖြစ်ပြီး ကမ္ဘာ့ဘဏ္ဍာရေးအတွက် အချက်အချာကျသော မြို့များထဲမှ တစ်မြို့ဖြစ်ကြောင်းလည်း သိရ သည်။ 

လန်ဒန်မြို့သည် ဥရောပ၏ အမြင့်ဆုံးပညာရေးအဖွဲ့အစည်းများရှိသည့် နေရာလည်းဖြစ်ပြီး ကမ္ဘာ့ အဆင့်အမြင့်ဆုံး ပညာရေးတက္ကသိုလ်များဖြစ်သည့် သဘာဝနှင့် အသုံးချသိပ္ပံဆိုင်ရာ Imperial College London ၊ လူမှုရေးသိပ္ပံဆိုင်ရာ လန်ဒန် စီးပွားရေးတက္ကသိုလ်နှင့် University College London တို့ တည်ရှိသည့်မြို့လည်းဖြစ်သည်။ ထို့ပြင် လန်ဒန်မြို့သည် ဥရောပတွင် လာရောက် လည်ပတ်မှု အများဆုံး မြို့တစ်မြို့ဖြစ်ပြီး ကမ္ဘာပေါ်တွင် အလုပ်အများဆုံးလေဆိပ်စနစ်လည်းရှိကာ ၎င်း၏ မြေအောက်ရထားလိုင်းသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံး အမြန်သယ်ယူပို့ဆောင်ရေးစနစ်ဖြစ် ကြောင်းလည်းသိရသည်။

လန်ဒန်မြို့၏ မတူကွဲပြားသော ယဉ်ကျေးမှုများသည် ဘာသာစကား(၃၀ဝ)ကျော်ဖြင့် လွှမ်းခြုံ ထားသည်။ ၂၀၂၃ ခုနှစ်တွင် Greater London ၏ လူဦးရေသည် (၁၀)သန်းအောက်သာရှိသော်လည်း ဥရောပတွင် တတိယမြောက် လူဦးရေအထူထပ်ဆုံးမြို့တစ်မြို့ဖြစ်ခဲ့ကာ နှိုင်းယှဉ်မည်ဆိုပါက ဗြိတိန်နိုင် ငံတစ်နိုင်ငံလုံးလူဦးရေ၏(၁၃ ဒသမ ၄) ရာခိုင်နှုန်း ဖြစ်ပြီး အင်္ဂလန်နိုင်ငံလူဦးရေ၏(၁၆)ရာခိုင်နှုန်းကျော် ဖြစ်ကြောင်းသိရသည်။

The Greater London Built-up Area သည် ဥရောပတွင် စတုတ္ထမြောက် လူဦးရေ အများဆုံး ဖြစ်ပြီး ၂၀၁၁ ခုနှစ်စာရင်းအရ လူဦးရေ (၉ ဒသမ ၈)သန်းရှိကြောင်း သိရသည်။ လန်ဒန် မြို့ ပြဧရိယာ သည် ဥရောပတွင် တတိယမြောက်လူဦးရေ အထူထပ်ဆုံးဖြစ်ပြီး ၂၀၁၆ ခုနှစ်အထိ လူဦးရေ(၁၄)သန်း နေထိုင်ကြသည်။ လန်ဒန်မြို့တွင်တည်ရှိသော ကမ္ဘာ့အမွေအနှစ်နေရာ(၄)ခုမှာ Kew ဥယျာဉ်၊ လန်ဒန် မျှော်စင်၊ Westminster နန်းတော်၊ St Marg­aret ချာ့ချ်ကျောင်း၊ Westminster Abbey ချာ့ချ် ကျောင်း တို့ပါရှိသည့်နေရာနှင့် ဂင်းနစ်စံချိန်ကိုသတ်မှတ်သည့် သမိုင်းဝင်နေရာတို့ဖြစ်ကြောင်းသိရသည်။ လန်ဒန်မြို့ရှိ အခြားအထင်ကရနေရာများမှာ ဘက်ကင်ဟမ်နန်းတော်၊ London Eye ရဟတ်၊  Picc­adilly Circus၊ St Paul's Cathedral၊ Tower Bridge နှင့် Trafalgar ရင်ပြင်တို့ဖြစ်သည်။

လန်ဒန်မြို့သည် ဗြိတိသျှပြတိုက်၊ အမျိုးသားပြခန်း၊ သဘာဝသမိုင်းပြတိုက်၊ Tate Modern ၊ British Library နှင့် West End ပြဇာတ်ရုံများ အပါအဝင် ဗြိတိန်နိုင်ငံတွင် ပြတိုက်၊ အနုပညာပြခန်းများ၊ စာကြည့်တိုက်များနှင့် ယဉ်ကျေးမှုအမွေအနှစ် နေရာအများဆုံးရှိသည့်မြို့လည်းဖြစ်သည်။ အရေးကြီး သော အားကစားပွဲများဖြစ်သည့် FA ဖလားဖိုင်နယ်၊ Wimbledon Tennis Championships  နှင့် လန်ဒန်မာရသွန်တို့ကို လန်ဒန်မြို့တွင် ကျင်းပလေ့ရှိကြောင်းလည်းသိရသည်။ ထို့ပြင် လန်ဒန်မြို့သည် ၂၀၁၂ နွေရာသီအိုလံပစ်ပြိုင်ပွဲကို လက်ခံကျင်းပပြီးနောက် နွေရာသီအိုလံပစ်ဂိမ်းပြိုင်ပွဲ(၃)ခု ကို လက်ခံကျင်းပခဲ့သည့် ပထမဆုံးမြို့ဖြစ်လာခဲ့ကြောင်းလည်းသိရသည်။

စီးပွားရေး 

၂၀၂၂ ခုနှစ်တွင် လန်ဒန်မြို့၏ဂျီဒီပီသည် ပေါင်(၅၀၈ ဒသမ ၄)ဘီလျံထိရှိခဲ့ပြီး ၂၀၂၁ ခုနှစ်ဂျီ ဒီပီမှာ ပေါင်(၄၈၄ ဒသမ ၆)ဘီလျံသာရှိခဲ့ကြောင်း သိရသည်။ လန်ဒန်မြို့တွင်အဓိကစီးပွားရေးခရိုင်(၅)ခု ရှိပြီး ယင်းတို့မှာ City of London၊ Westminster ၊ Canary Wharf ၊ Camden & Islington နှင့် Lambeth & Southwark ခရိုင်တို့ဖြစ်ကြောင်းသိရသည်။ 

ထို့ပြင် လန်ဒန်မြို့သည် ကမ္ဘာပေါ်တွင်အမြင့်ဆုံးအိမ်ခြံမြေဈေးနှုန်းအချို့ရှိသည့် မြို့လည်း ဖြစ်သည်။ ဗြိတိန်နိုင်ငံ၏ ထိပ်တန်းစာရင်းဝင်ကုမ္ပဏီ (၁၀ဝ) (the FTSE 100) ၏ ထက်ဝက်ကျော်နှင့် ဥရောပ၏အကြီးဆုံးကုမ္ပဏီ(၅၀ဝ)မှ (၁၀ဝ)ကျော် တို့၏ရုံးချုပ်သည် လန်ဒန်မြို့တွင် အခြေစိုက်ကြောင်း လည်းသိရသည်။ FTSE (၁၀ဝ)၏ (၇၀)ရာခိုင်နှုန်း ကျော်သည် လန်ဒန်၏မြို့ပြဧရိယာအတွင်းတည်ရှိပြီး Fortune (၅၀ဝ)ကုမ္ပဏီများ၏ (၇၅)ရာခိုင်နှုန်း ကျော်သည် လန်ဒန်မြို့တွင်ရုံးများရှိကြောင်းသိရသည်။

မီဒီယာနှင့်နည်းပညာ

မီဒီယာကုမ္ပဏီများသည် လန်ဒန်တွင် စု စည်းလျက်ရှိနေပြီး မီဒီယာဖြန့်ဖြူးမှုလုပ်ငန်းသည် လန်ဒန်မြို့၏ ဒုတိယမြောက် ပြိုင်ဆိုင်မှုအရှိဆုံးကဏ္ဍဖြစ်သည်။ ကမ္ဘာ့သက်တမ်းအရင့်ဆုံးရုပ်သံ လွှင့်ဌာနတစ်ခုဖြစ်သည့် ဘီဘီစီသည် အရေးပါသောမီဒီယာလုပ်ငန်းတစ်ခုဖြစ်ပြီး ITV၊ Channel 4၊ Channel 5 နှင့် Sky  တို့အပါအဝင် အခြားသောရုပ်သံလွှင့်ဌာနများသည်လည်း လန်ဒန်မြို့အနှံ့ ရုံးချုပ် များရှိကြကြောင်းသိရသည်။ ၁၇၈၅ ခုနှစ်တွင်တည်ထောင်ခဲ့သော The Times အပါအဝင် နိုင်ငံလုံး ဆိုင်ရာ သတင်းစာအများအပြားကို လန်ဒန်တွင် တည်းဖြတ်မှုများလုပ်ဆောင်ကြောင်းလည်းသိရသည်။ နည်းပညာ ကုမ္ပဏီအများအပြားသည်လည်း လန်ဒန်မြို့တွင် အခြေစိုက်ပြီး Silicon Roundabout ဟုလူသိများသော East London Tech City တွင် တည်ရှိကြကြောင်းသိရသည်။

၂၀၁၄ ခုနှစ်တွင် လန်ဒန်မြို့သည် geo TLD  ကို ပထမဆုံးရရှိခဲ့သည့် မြို့များထဲမှတစ်မြို့ဖြစ် ခဲ့ကြောင်းလည်းသိရသည်။၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် fDi Intelligence မဂ္ဂဇင်းကထုတ်ပြန်သော ၂၀၁၄/၂၀၁၅ ခုနှစ်စာရင်းတွင် လန်ဒန်မြို့ကို ဥရောပ၏အနာဂတ်မြို့တော်အဖြစ် အဆင့်သတ်မှတ်ခဲ့ သည်။ ထို့ပြင် လန်ဒန်မြို့တစ်ဝန်းရှိသုံးစွဲသူများထံသို့ စွမ်းအင်များပေးပို့ပေးသော တာဝါတိုင်များ၊ ကေဘယ်ကြိုးများနှင့်ဖိအားစနစ်များကို စီမံခန့်ခွဲကာ လည်ပတ်လုပ်ဆောင်သည့် သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်စွမ်းအင်ဖြန့်ဖြူးရေးကွန်ရက်များကို Nati­onal Grid plc၊ SGN နှင့် UK Power Net works တို့က စီမံခန့်ခွဲကြောင်းသိရသည်။

ခရီးသွားလုပ်ငန်း

လန်ဒန်မြို့သည် ကမ္ဘာပေါ်တွင် ခရီးသွား လာရောက်လည်ပတ်မှုအများဆုံးနေရာထဲမှတစ်ခု ဖြစ်ပြီး နှစ်စဉ်ကမ္ဘာလှည့်ခရီးသွား သန်း(၃၀)ခန့် လာရောက်လည်ပတ်လေ့ရှိကာ ခရီးသွားများ၏ စုစု ပေါင်းအသုံးစရိတ်သည် ပေါင်(၁၅)ဘီလျံဝန်းကျင် ရှိကြောင်းလည်းသိရသည်။ ခရီးသွားလုပ်ငန်းသည် လန်ဒန်မြို့၏ အဓိကလုပ်ငန်းများထဲမှတစ်ခုဖြစ်ပြီး လန်ဒန်မြို့၏ခရီးသွားအသုံးစရိတ်သည် ဗြိတိန်နိုင်ငံ တစ်ဝန်းလုံးရှိ ခရီးသွားများအသုံးစရိတ်စုစုပေါင်း၏(၅၄)ရာခိုင်နှုန်းခန့်ရှိကြောင်းလည်းသိရသည်။လန် ဒန် မြို့သို့ လာရောက်လည်ပတ်မှုအများဆုံး နေရာ (၁၀)ခုမှာ ဗြိတိသျှပြတိုက်၊ အမျိုးသားပြခန်း၊ သဘာ ဝ သမိုင်းပြတိုက်၊ Southbank pifwm၊ Tate Modern အဖွဲ့အစည်း၊ Victoria and Albert ပြတိုက်၊ သိပ္ပံပြတိုက်၊ Somerset House  အနုပညာ ပြခန်း၊ လန်ဒန်မျှော်စင်နှင့်အမျိုးသားပုံတူပြခန်းတို့ ဖြစ်သည်။

၂၀၂၃ ခုနှစ်တွင် လန်ဒန်မြို့ရှိ ဟိုတယ်ခန်း အရေအတွက်သည် (၁၅၅၇၀ဝ)ခန်းရှိကာ အခန်း ပေါင်း(၁၈၃၆၀ဝ)ခန်းအထိတိုးမြှင့်ရန် မျှော်မှန်းထားကြကြောင်းလည်းသိရသည်။ လန်ဒန်မြို့ရှိ ဇိမ်ခံ ဟိုတယ်များထဲတွင် (၁၈၈၉) ခုနှစ်ကဖွင့်လှစ်ခဲ့သော Savoy ဟိုတယ်၊ (၁၈၁၂) ခုနှစ်တွင် ဖွင့်လှစ်ကာ (၁၈၉၈)ခုနှစ်တွင် ပြန်လည်ပြုပြင်တည်ဆောက်ခဲ့သော Claridges ဟိုတယ်၊ (၁၉၀၆)ခုနှစ်တွင်ဖွင့် လှစ်ခဲ့သော The Ritz London ဟိုတယ်နှင့် (၁၉၃၁)ခုနှစ်တွင်ဖွင့်လှစ်ခဲ့သော Dorchester ဟိုတယ်တို့ ပါဝင်ကြောင်းသိရသည်။  




Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ပူးပေါင်းအဖွဲ့ချုပ်က ထိန်းချုပ်နိုင်သည်ဆိုသော သတင်းမှာ မဟုတ်မှန်

RECENT POSTS
မြန်မာ့ကားမူဝါဒနှင့် ဈေးကွက်အခြေအနေများ (အင်တာဗျူး)
07 Sep 2024
စက်မက်ကင်းတဲ့ နိုင်ငံ (သို့မဟုတ်) ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ကုန်းတွင်းပိတ်နိုင်ငံ “ဘူတန်”
07 Sep 2024
မြို့ ပြနေလူထုအကြား အချင်းချင်း ယုံကြည်မှုကျဆင်းနေကာ စိုးရိမ်စိတ်များ မြင့်တက်နေ
07 Sep 2024
သက်တမ်း (၃၂၈) နှစ်ရှိတဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကော့ညက်ပုလင်း
07 Sep 2024
မြန်မာနိုင်ငံရှိ ကုန်းနေ၊ ရေနေလိပ်များသည် (၇၀)ရာခိုင်နှုန်းခန့် ရှားပါးနေသဖြင့် ထိန်းသိမ်းရန် လိုအပ်နေကြောင်း အကြံပြု
07 Sep 2024
အသက်(၁၁၂)နှစ်ပြည့်မွေးနေ့ကိုကျင်းပခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား
07 Sep 2024
မြန်မာ့ပထမဆုံး ဖွဲနုဆီစက်ရုံမှ ဆီများ လာမည့်နှစ် နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်မည်
07 Sep 2024
တက်တူးအများဆုံးနဲ့ ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုအများဆုံးဂင်းနစ်စံချိန်နှစ်ခုကိုရရှိခဲ့တဲ့ အမေရိကန်အမျိုးသမီး
07 Sep 2024
ရှမ်းမြောက်(အရှေ့မြောက် ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက်နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း - ၃)
07 Sep 2024
ထိုင်းအစိုးရက မြန်မာဘာသာစကားဖြင့် သင်ကြားနေသည့် ပညာရေးစင်တာ (၆)ခုကို ပိတ်သိမ်း
07 Sep 2024
ကားဈေးကွက်အတွင်း သိန်း(၄ဝဝ)(၅ဝဝ)ဝန်းကျင်ကားများ ဝယ်ယူရခက်ခဲလာ
07 Sep 2024
ကျိုက်ထိုမြို့တွင် တွေ့ရှိခဲ့သည့် မျောက်ကျောက်သံသယလူနာမှာ ဓာတ်ခွဲအဖြေအရ မျောက်ကျောက်ရောဂါ မတွေ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
07 Sep 2024
မျှစ်ခြောက်ကို နိုင်ငံတကာနည်းပညာများဖြင့် ထုတ်လုပ်၍ တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရန် စီစဉ်နေ
07 Sep 2024
လှိုင်းဘွဲ့တွင် အသက်(၁၂)နှစ်အရွယ် ဆွံ့အ၊ ဉာဏ်ရည်မမီသော အမျိုးသမီးငယ်တစ်ဦး တူးမြောင်းအတွင်း ပြုတ်ကျ သေဆုံးမှု ဖြစ်ပွား
06 Sep 2024
ကမ္ဘောဒီးယားဝန်ကြီးချုပ် "ဟွန်မာနက်" အကြောင်း တစေ့တစောင်း
06 Sep 2024
နိုင်ငံရေးပြဿနာများဖြေရှင်းရာတွင် လူငယ်များ၏ပညာရေးအနာဂတ်ကို မထိခိုက်စေသည့် နည်းလမ်းဖြင့် ဖြေရှင်းရန်လိုပြီး ပညာရေးမူဝါဒများကို တတ်နိုင်သမျှ ဖြေလျှော့ပေးသင့်ကြောင်း အကြံပြု
06 Sep 2024
သူတို့နိုင်သွားရင် ထီးချိုင့်ကို KIA ကပဲ အုပ်ချုပ်လိမ့်မယ် (အင်တာဗျူး)
06 Sep 2024
နှစ်ပေါင်း (၁၅၀ဝ)နီးပါးကြာ လည်ပတ်နေဆဲ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ
06 Sep 2024
ဘဝများ ခြေမွခံလိုက်ရသည့် စစ်ဘေးရှောင်တို့မှာ ကြောက်စိတ်ဖြင့် ပြေးစရာမြေမရှိဖြစ်နေ
06 Sep 2024
အရှေ့ဒဂုံမြို့နယ်တွင် ရပ်ထားသည့် ကွန်တိန်နာကားကို အိမ်စီးကားက နောက်မှဝင်တိုက်မိရာ ယာဉ်မောင်းပွဲချင်းပြီးသေဆုံး
06 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved