Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဒီမိုကရေစီ နိုင်ငံ‌ရေးဂယက်တွေကြားက ဖွံ့ဖြိုးတိုးတက်မှု လျော့မသွားတဲ့ ထိုင်းနိုင်ငံ (ဘာသာပြန်ဆောင်းပါး)

ALynn  (NSS) - စက်တင်ဘာ ၄ 

ထိုင်းနိုင်ငံရေးဟာ ရက်သတ္တနှစ်ပတ်လောက်က အုတ်အော် သောင်းတင်း အပြောင်းအလဲများဖြစ်ပြီးနောက် ပါလီမန်တွင် ဝန်ကြီးချုပ်သစ်နှင့် အတိုက်အခံပါတီသစ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ 

ယခုလိုပြောင်းလဲမှုများက ထိုင်းနိုင်ငံ၏ အခြေမခိုင်သော ဒီမိုကရေစီအင်စတီကျူးရှင်းများ အပေါ် ဖွဲ့စည်းပုံအခြေခံခုံရုံး၏ ဩဇာလွှမ်းမိုးမှုကို ပြသလိုက်ခြင်းလည်း ဖြစ်သည်။  ထင်မှတ်မထားသည့် နိုင်ငံရေးဂယက်များက (၂၀၂၃) ခုနှစ်ရွေးကောက်ပွဲ တွင် အံ့အားသင့်ဖွယ်အနိုင်ရရှိခဲ့သည့် အဓိက အ တိုက်အခံပါတီဖြစ်သော Move Forward ပါတီကို ခုံရုံးက ဩဂုတ်လ (၇) ရက်တွင် ဖျက်သိမ်းလိုက်ခြင်းမှ စတင်သည်။ နှစ်ရက်အကြာတွင် ပါတီက  People’s Party  အနေဖြင့် အတိုက်အခံပါတီအဖြစ် ဆက် လက်ရပ်တည်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် ဩဂုတ်လ ၁၄ ရက်တွင် ဖွဲ့စည်းပုံအခြေခံခုံရုံးက ဖြူ ထိုင်းပါတီမှတက်လာသည့် ဝန်ကြီးချုပ် ဆရတ်သာ တာဗီဆင်ကို ဖြုတ်ချလိုက်ပြန်သည်။ ၎င်း ဆုံးဖြတ်ချက်ချပြီး နှစ်ရက်အကြာမှာပင် ပါလီမန်က ဖြူထိုင်း ပါတီခေါင်းဆောင် ပေထုန်တန်ရှင်နာဝပ်ထရာကို ဝန် ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။ သူက မိသားစုဝင်ထဲတွင် (၃) ယောက်မြောက် ဝန် ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရသူလည်းဖြစ် သည်။ သူ၏ဖခင် သက်ဆင်ရှင်နာဝပ်ထရာက (၂၀ဝ၁) ခုနှစ်မှ (၂၀ဝ၆) ခုနှစ်အထိ ဝန်ကြီးချုပ်အ ဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အဒေါ်ဖြစ်သူ ယင်လတ် ရှင်နာဝပ်ထရာကတော့ (၂၀၁၁) ခုနှစ်မှ (၂၀၁၄) ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ 

ယခုလို နိုင်ငံရေးအဖြစ်အပျက်များက ထိုင်းနိုင်ငံတွင် ပုံမှန်ဖြစ်ပျက်နေကျအရာကဲ့သို့ ဖြစ် လာသည်။ ထိုင်းနိုင်ငံ၏ ကွန်ဆာဗေးတစ်များနှင့် အ ထက်တန်းလွှာများက အတိုက်အခံပါတီများ အာဏာ မရရှိရေးနှင့် လူထု၏ဆန္ဒအပေါ် မကြာခဏဆိုသလို မသိကျိုးကျွံပြုခြင်းများကို အစဉ်အလာတစ်ခုကဲ့သို့ ပြုလုပ်လာကြသည်။ ဥပမာ-ဥပဒေကြောင်းအရ ဖွဲ့စည်းပုံအခြေခံ ခုံရုံးကဲ့သို့ အင်စတီးကျူးရှင်းများ မှတစ်ဆင့် အတိုက်အခံများအပေါ် ဖိအားပေးခြင်း မျိုးရှိလာပါတယ်။ 

ထိုကဲ့သို့ ထိုင်းနိုင်ငံ၏ ဒီမိုကရေစီတွင် ချို့ယွင်းချက်များရှိနေသော်လည်း နိုင်ငံမှာမူ အချိန် အတိုင်းအတာတစ်ခုအတွင်း လျင်မြန်စွာ တိုးတက် လာခဲ့သည်။  စစ်တပ်နှင့် တော်ဝင်အသိုင်းအဝိုင်း၏ အာဏာချဲ့ထွင်ခြင်းလည်း လျော့ပါးလာသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ယခု နောက်ဆုံးဖြစ်ပျက် သွားခဲ့သည့် နိုင်ငံရေး ကသောင်းကနင်းဖြစ်ရပ်များက ကွန်ဆာဗေးတစ်များ၏ “ငါမအိုသေး”ဆိုပြီး အာဏာ ပါဝါပြသည့် သတိပေးချက်မျိုးတော့မဟုတ်နိုင်ပေ။ ယင်းအစား ထိုင်းနိုင်ငံရေး ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သကဲ့သို့ အဆိုပါဖြစ်စဉ်များသည် ထိုင်း နိုင်ငံရေးနှင့် လူ့အဖွဲ့အစည်းကို ကာလရှည်ကြာလွှမ်း မိုးထားခဲ့သော ရှေးရိုးစွဲများ၏ နောက်ဆုံးလှုပ်ရှားမှု များလည်းဖြစ်နိုင်သည်။ 

အာဏာထိန်းသိမ်းမှုအစဉ်အလာများနှင့် ထိုင်းနိုင်ငံရေး

ထိုင်းနိုင်ငံသည် ပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီး ဝန်ကြီးချုပ်အား အုပ်ချုပ်ရေး အာဏာ အမြင့်ဆုံးပေးအပ်ထားသကဲ့သို့ စည်းမျဉ်းခံဘုရင် စနစ်အရ ဘုရင်အား လုပ်ပိုင်ခွင့်အာဏာအချို့ ပေး အပ်၍ အုပ်ချုပ်ထားစေသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထိုင်းနိုင်ငံသည် အလယ်အလတ် ဖွံ့ဖြိုးသောနိုင်ငံ ဖြစ်သော်လည်း သမိုင်းကြောင်းတစ်လျှောက် စစ်တပ် ၏အာဏာထိန်းသိမ်းမှုများနှင့်ကြုံတွေ့ခဲ့ရပြီး နိုင်ငံ ရေးအရှုပ်အထွေးများသည့်နိုင်ငံလည်း ဖြစ်နေသည်။ (၁၉၃၂)ခုနှစ်မှစ၍  နိုင်ငံတော်အာဏာ ထိန်းသိမ်းမှု နှင့် ထိန်းသိမ်းရန်ကြိုးပမ်းမှုပေါင်း (၂၂) ကြိမ်အထိရှိ ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းများ အများ ဆုံးပြုလုပ်ခဲ့သည့် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သည်။ 

ထို့ကြောင့် အာရှနိုင်ငံများအနက် ထိုင်း နိုင်ငံသည် အာဏာထိန်းသိမ်းမှုအများဆုံးနိုင်ငံ ဖြစ် နေသည်။ ထိုင်း ပြည်သူများအနေဖြင့်လည်း ထိုသို့ အာဏာထိန်းသိမ်းခြင်းဖြစ်ရပ်များကို မကြာခဏဆိုသလို ကြုံတွေ့နေရသည့်အတွက် ယင်းဖြစ်စဉ်များသည် နိုင်ငံရေးအစဉ်အလာတစ်ခုသဖွယ် ဖြစ်လာသည်။ ထို့ပြင် ဘုရင်နှင့်စစ်တပ်အကြား အပြန်အလှန်အမှီသဟဲ ပြုနေခြင်းကလည်း အာဏာထိန်းသိမ်းမှုဖြစ်စဉ်များကို ပိုမိုဖြစ်စေရန်အထောက်အပံ့ ဖြစ်စေခဲ့သည်။

အာဏာထိန်းသိမ်းခြင်းဖြစ်စဉ်များကနိုင်ငံတည်ငြိမ်အေးချမ်းရေးအပေါ်  သက်ရောက်မှုနည်းပါးခြင်း 

အာဏာထိန်းသိမ်းမှုဖြစ်စဉ်များမှာ များပြား သော်လည်း ထိုင်းနိုင်ငံ၏ ပြည်တွင်းရေးတွင် သိသိ သာသာ ရိုက်ခတ်မှုမရှိခဲ့ကြောင်း တွေ့ရှိရသည်။ ယင်းမှာ ဘုရင်၏ အခွင့်အာဏာ ပိုမိုကျယ်ပြန့်လာခြင်း၊ ဘုရင်နှင့်တပ်မတော်အကြား အပြန်အလှန် အမှီ သဟဲပြု၍ ဆက်ဆံရေးခိုင်မာလာခြင်းတို့အပြင် အာ ဏာထိန်းသိမ်းမှုများအပေါ် ပြည်သူများ၏ ဆန့်ကျင်ဆန္ဒပြမှု နည်းပါးခြင်းတို့ကြောင့်ဖြစ်သည်။

ထိုင်းနိုင်ငံ၏ အာဏာထိန်းသိမ်းခြင်းဖြစ်ရပ် များကြောင့် လူအများက စီးပွားရေးကဏ္ဍအပေါ် သက်ရောက်မှုကြီးကြီးမားမားရှိလာနိုင်သည်ဟု မျှော် မှန်းခဲ့ကြသော်လည်း အနည်းငယ်သာ ရိုက်ခတ်မှုရှိခဲ့ ကြောင်းတွေ့ရသည်။ စစ်အုပ်ချုပ်ရေး အမိန့်များသည် ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအ တွက် ခြိမ်းခြောက်မှုများဖြစ်စေခဲ့သည်။ သို့သော် ထိုင်းဘတ်ငွေ၏တန်ဖိုးသည် လျော့ကျခဲ့ခြင်းမရှိသကဲ့ သို့ စတော့ဈေးကွက်များသည်လည်း အနည်းငယ် သာကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။

    ထို့ကြောင့် ထိုင်းနိုင်ငံ၏ အာဏာထိန်း သိမ်းမှုဖြစ်စဉ်များသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်မှုနည်းပါးကြောင်းတွေ့ရှိရသည်။  အကြောင်းမှာ ထိုင်းနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများနှင့် မက်ခရိုစီးပွားရေးနယ်ပယ်တို့တွင် လစ်ဘ ရယ်မူဝါဒများကို ကျင့်သုံးလျက်ရှိသည့်အတွက် စီးပွားရေးမှာ မျှော်မှန်းထားသလောက် မထိခိုက်ခဲ့ ခြင်းဖြစ်သည်။

အလုပ်သမားဥပဒေများကို  တင်းကြပ်စွာ ပြဋ္ဌာန်းထားခြင်းမျိုးမရှိသည့်အတွက် လုပ်သားလိုအပ် ချက်ပြဿနာများနည်းပါးပြီး လုပ်ငန်းများကို အဆင် ပြေစွာ လည်ပတ်နိုင်လျက်ရှိနေသည်။ ထို့ပြင် နိုင် ငံရေးမတည်ငြိမ်မှုကြောင့် ငွေကြေးဖောင်းပွနိုင်မှုအလားအလာများရှိနိုင်သော်လည်း ငွေကြေး တည်ငြိမ် မှုရှိရေးအတွက် အစိုးရက အကောင်းဆုံးထိန်းချုပ်ထားနိုင်ခဲ့သည်။  ထို့ကြောင့် ခြုံငုံသုံးသပ်ရလျှင် ထိုင်း နိုင်ငံ၏ အာဏာထိန်းသိမ်းခြင်းဖြစ်စဉ်များသည် နိုင်ငံ ၏ ဖွံ့ဖြိုးရေးကဏ္ဍများတွင် သက်ရောက်မှု အနည်း ငယ်သာရှိခဲ့သည့်အတွက် ကဏ္ဍအသီးသီးတွင် ပုံမှန် အတိုင်း လည်ပတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း တွေ့ရ သည်။

စိန်ခေါ်မှုများရှိနေဆဲ ထိုင်းနိုင်ငံ‌ရေး

လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း ဖြူ ထိုင်းပါတီမှ ဝန်ကြီးချုပ်ငါးဦးနှင့် ၎င်း၏နောက် ဆက်ခံသူများ ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။ ဖြူ ထိုင်းပါတီမှ ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ်ထရာကို (၂၀ဝ၆) ခုနှစ် စက်တင်ဘာလတွင် စစ်တပ်က အာ ဏာထိန်းသိမ်းခဲ့ပြီးနောက်ပိုင်းတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးမှ ၎င်း၏ပါတီကို ဖျက်သိမ်းခဲ့သည်။ ထို့ နောက် ညီမဖြစ်သူ ယင်လတ်ရှင်နာဝပ်ထရာက ဖြူထိုင်းပါတီနောက်ဆက်ခံသည့်ပါတီကို ဦးဆောင်ခဲ့ပြီး (၂၀၁၁) ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော် လည်း (၂၀၁၄) ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက သူ့ကို အာဏာမှဖယ်ရှားခဲ့ပြီး နောက်တစ်ကြိမ် စစ်တပ်က အာဏာထိန်းသိမ်းခဲ့ပြန်သည်။ ရှင်နာဝပ် ထရာ၏မျိုးဆက် ပေထုန်တန်ရှင်နာဝပ်ထရာသည် မကြာသေးမီက ဝန်ကြီးချုပ်ရာထူးကိုဆက်ခံခဲ့ပြီး ရှင်နာဝပ်ထရာမိသားစုသည် ထိုင်းနိုင်ငံရေး၏ ထိပ် တန်းသို့ အံ့မခန်း ပြန်လည်ရောက်ရှိလာခဲ့သည်။ ပေထုန်တန်သည် အသက် (၃၇)နှစ်သာရှိသေးပြီး  နိုင်ငံ ရေးအတွေ့အကြုံ နည်းပါးနေပါသေးတယ်။ ယခုနှစ် ပထမ သုံးလပတ်တွင် စီးပွားရေးတိုးတက်မှု အရိပ် အယောင်အချို့ရှိခဲ့သော်လည်း သူ၏အစိုးရသည် အိမ်ရာစီမံကိန်းနှင့် ကော်ပိုရိတ်ကြွေးမြီများ မြင့်မား နေပြီး စီးပွားရေးနှေးကွေးမှုကဲ့သို့သော သိသာထင်ရှား သည့် စီးပွားရေးစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

နောက်ထပ်စိန်ခေါ်မှုတစ်ခုမှာ အတိုက်  အခံပါတီများကို နေရာမပေးခြင်းဖြစ်သည်။ မကြာ သေးမီရက်များအတွင်းက (၂၀၂၃)ရွေးကောက်ပွဲ တွင် လွှတ်တော်အမတ်နေရာအများဆုံးရရှိခဲ့သည့် Move Forward ပါတီကိုဖျက်သိမ်းရန် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ခဲ့ခြင်းဖြင့် အတိုက် အခံများကို နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု နည်းပါး အောင် လုပ်ဆောင်လျက်ရှိနေသည်။ တိုးတက် ပြောင်းလဲရေးဝါဒီကျင့်သုံးသော အတိုက်အခံနိုင်ငံ ရေးသမားများသည် မကြာသေးမီနှစ်များအတွင်း တရားရုံး၏ ဖိနှိပ်မှုများကို ရင်ဆိုင်ခဲ့ရသည်။ ဥပမာ အားဖြင့် (၂၀၁၉) ရွေးကောက်ပွဲတွင် လူငယ်နိုင်ငံရေးသမားThanathorn Juangroongru-angkit  ဦးဆောင်သည့် Future Forward ပါတီက အမတ် နေရာ (၈၀) အနိုင်ရရှိခဲ့ပြီး လေ့လာသူများကို အံ့အား သင့်စေခဲ့ပါတယ်။ သို့သော် မကြာမီမှာပင် တရားရုံးကThanathorn  ကို ပါလီမန်မှ နုတ်ထွက်စေပြီး ပါတီကို ဖျက်သိမ်းခဲ့သည်။ ထို့နောက် ပါတီကို အခြားလူငယ် ခေါင်းဆောင် Pita Limjaroenrat ကဦးဆောင်၍ Move Forward ပါတီအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပြီး (၂၀၂၃) ခုနှစ် ရွေးကောက်ပွဲတွင် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခဲ့ပြီး အောက်လွှတ်တော်တွင် (၁၅၁) နေရာ အနိုင်ရခဲ့သည်။ သို့သော် ဒီမိုကရေစီကို ဆန့်ကျင်သည့် တော်ဝင်ဥပဒေကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခဲ့ခြင်း ကြောင့် တရားရုံးက Pita ကို နိုင်ငံရေးလှုပ်ရှားခွင့် (၁၀) နှစ် ပိတ်ပင် ကန့်သတ်လိုက်ပြီး ၎င်း၏ပါတီကို ဖျက်သိမ်းခဲ့ပြန်သည်။ 

ထို့ကြောင့် လွှတ်တော်တွင် နေရာရထားသည့် Move Forward ပါတီမှ ကိုယ်စားလှယ်များ သည် People’s Party (ပြည်သူ့ပါတီ)အဖြစ် ဆက် လက်ရပ်တည်ပိုင်ခွင့်ရှိသော်လည်း ပါတီခေါင်းဆောင်သစ်Natthaphong Ruengpanyawut  အပါအဝင် ကိုယ်စားလှယ် (၄၀) နီးပါးမှာ ကျင့်ဝတ်ဖောက်ဖျက်မှု စွပ်စွဲချက်များဖြင့် စုံစမ်းခံနေရပြီဖြစ်သည်။ ထို့ကြောင့် ထိုင်း နိုင်ငံရှိ အတိုက်အခံနိုင်ငံရေးပါတီများ၏ နိုင်ငံ ရေးအနာဂတ်သည်လည်း စိန်ခေါ်မှုများနှင့် ပြည့်နှက် နေဆဲဖြစ်သည်။

                                          ထိုင်းနိုင်ငံ၏ ဒီမိုကရေစီအနာဂတ်

ယခုအခါ ထိုင်းနိုင်ငံတွင် ဗဟိုချက်မ နိုင်ငံ ရေးအာဏာသုံးရပ် ပေါ်ပေါက်လာပုံရသည်။ (၁) သက်ဆင် ရှင်နာဝပ်နှင့် ဖြူထိုင်းပါတီ၊ (၂) စစ်တပ် နှင့်ဘုရင်စနစ်အကြား ရှုပ်ထွေးမှုနှင့် ၎င်းတို့၏ ဆက် စပ်ပါတီများ၊ (၃) ပြည်သူ့ပါတီသစ်တို့ ဖြစ်သည်။ ထိုင်းနိုင်ငံသည် ကာလရှည်ကြာ ဆွေမျိုးကောင်းစား ရေးနှင့် ကိုယ်ကျိုးစီးပွားရှာနိုင်ငံရေးမှ တဖြည်းဖြည်း ရွှေ့ပြောင်းလာပုံရသည်။  မကြာသေးမီက ပြုလုပ်ခဲ့ သောစစ်တမ်းတစ်ခုအရ ဖြေဆိုသူ ထက်ဝက်နီးပါးက ၎င်းတို့၏ ဝန်ကြီးချုပ်အဖြစ် Pita (၄၇%)၊ ပေထုန် တန် (၁၀.၅%)နှင့် ဆရတ်သာ (၈.၇%)ဟူ၍ ၎င်းတို့ ၏ထောက်ခံမှုကို ပြသခဲ့သည်။ ပြည်သူ့ပါတီသည် တော်ဝင်ဥပဒေကို ပြုပြင်ပြောင်းလဲရန်ကြိုးပမ်းသွားမည်ဖြစ်ပြီး စစ်မှန်သည့်ဒီမိုကရေစီဖော်ဆောင်ရန်ဦး ဆောင်သွားမည်ဖြစ်သည်။ ထို့ပြင် ပြည်သူ့ပါတီ၏ နိုင်ငံရေးလှုပ်ရှားမှုများကို လွယ်လွယ်နှင့် တားဆီး၍ ရနိုင်မည်မဟုတ်ပါ။ (၂၀၂၃) ရွေးကောက်ပွဲတွင် Move Forward  ပါတီ၏ မဲအများစုအနိုင်ရရှိမှုက လာမည့်ရွေးကောက်ပွဲတွင် ပြည်သူ့ပါတီကို အပြတ် အသတ်အနိုင်ရရန် ဖြစ်လာနိုင်ဖွယ်ရှိသည်။

ထို့ပြင် ထိုင်းလူ့အဖွဲ့အစည်းရှိ ဘုရင်စနစ် နှင့် စစ်တပ်အပေါ် အစဉ်အလာနာခံမှုများသည် တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့ပြီး အသက်ကြီးလာ သော ကွန်ဆာဗေးတစ်မဲဆန္ဒရှင်များအစား ဒီမို ကရေစီနှင့် တုံ့ပြန်မှုရှိသောအစိုးရကို ပိုမိုလိုလား သူများဖြင့် အစားထိုးလာသည်။ မကြာသေးမီ နှစ်များ အတွင်း အထူးသဖြင့် လိင်တူလက်ထပ်ခြင်းနှင့် ဆေး ခြောက်ကို တရားဝင်ခွင့်ပြုပေးခြင်းကဲ့သို့ ပုဂ္ဂလိက လွတ်လပ်ခွင့်နှင့်ပတ်သက်၍ တိုးတက်မှုအချို့ ရှိလာ ခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် ပါတီစုံဒီမိုကရေစီ စနစ်တွင် အခြေခံနိုင်ငံရေးလွတ်လပ်ခွင့်များ တိုးချဲ့ လာရန်နှင့် ခိုင်မာအောင်ပြုလုပ်ရန် ဖိအားတိုးလာ နိုင်သည်။

အချုပ်အားဖြင့်ဆိုရလျှင် ထိုင်းနိုင်ငံရေး သည် အပျက်သဘော၊ အပြုသဘော ရောထွေးနေ သော အခင်းအကျင်းတစ်ခုဖြစ်လာသည်။ အစဉ် အလာ နိုင်ငံရေးအာဏာထိန်းသိမ်းခြင်းများကို မကြာ ခဏ ကြုံတွေ့နေရသော်လည်း နိုင်ငံ၏ အခြားသော စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး စသည့် နယ်ပယ်များ တွင်မူ ယိမ်းယိုင်ပြိုလဲသွားခြင်းမရှိသည့် တည်ငြိမ် အေးချမ်းမှုကို အစဉ်အမြဲ ထိန်းထားနိုင်စွမ်းမှာ အတု ယူဖွယ်ဖြစ်ပါတယ်။ 

ယခုနှောင်းပိုင်းကာလများတွင်လည်း နိုင်ငံ ရေးအပြောင်းအလဲများ အဆက်မပြတ် ဖြစ်ပွားနေ လင့်ကစား နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုသာ အားလုံးက ရှေးရှုလုပ်ဆောင်နေပါသောကြောင့် ထိုင်းနိုင်ငံ၏ နိုင်ငံရေးအနာဂတ်တွင် တိုးတက်မှုများက ဆက်လက်တည်မြဲနေဦးမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဗဟို ကြီးကြပ်ကွပ်ကဲမှုအဖွဲ့အပေါ် သူတို့အမြင်

RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved