Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြိတ်-မောတောင်-ဆင်ခွန် ကုန်သွယ်ရေးစခန်းကို ပတ်ကားဂိတ်ဖြစ်အောင်လုပ်နိုင်ရင် နစကရဲ့ စီးပွားရေး GDP တက်မယ်

ကျော်နု (NSS) -  ဧပြီ ၁၉

မြန်မာနိုင်ငံ၏ GDP ကို နှစ်အနည်းငယ်အတွင်း ဆွဲတင်ပေးနိုင်မည့် ကုန်သွယ်ရေးလမ်းပိုင်းတစ်ခု ရှိသည်။ မြိတ်-မောတောင်-ဆင်ခွန် အမည်ရှိ ကုန်သွယ်ရေးစခန်းဖြစ်ပြီး လက်ရှိအချိန်အထိ ပတ်ကားဂိတ်ဖြစ်လာရန် စောင့်ဆိုင်းနေရဆဲဖြစ်သည်။ အဆိုပါ ကုန်သွယ်ရေးစခန်းပတ်ကားဂိတ်ဖြစ်ရေးအတွက် အားကြိုးမာန်တက်ကြိုးစားနေသော မြိတ်ဒေသလုပ် ငန်းရှင်များ၏ ကုန်သည်အသင်း အတွင်းရေးမှူး ဦးထွန်းထွန်းအား ဆက်သွယ်မေးမြန်းထားသည်ကို ဖော်ပြပေးလိုက်ပါသည်။

မေး - မြိတ် - မောတောင်လမ်းဖွင့်ပေးဖို့ ပုံမှန်တရားဝင် လမ်းကြောင်းဖြစ်ဖို့ကို အဆက်ဆက်ကြိုးစားလာ တယ်လို့ ကြားတယ်။ အဲဒီတော့ ကြိုးစားခဲ့ရတဲ့ အစလေးနဲ့ လက်ရှိအခြေအနေပေါ့။အစိုးရဘယ် နှစ်ဆက်လောက် ကြိုးစားလဲ အကြမ်းဖျင်းလေး သိချင်ပါတယ်။

ဖြေ - ဒီ မောတောင်စဖွင့်တာလေးကို နည်းနည်းပေါ့နော်။ ဘာကြောင့်ဖွင့်ရလဲဆိုတာ၊ ဘယ်လိုစဖြစ်လဲဆိုတာ အဲဒီတော့ ၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးက မြိတ်ကို ရောက်လာတယ်။ မြိတ်ကိုရောက်လာပြီးတော့ အဲဒီတုန်းက အစ်ကိုတို့ ကုန်သည်အသင်းက မဖွဲ့ရသေးဘူး။ မြိတ်ခရိုင်ကုန်သည်စက်မှုအသင်းက ဖွဲ့စည်းမှုမရှိသေးဘူး။ သို့သော်လည်း စုစည်းမှုတော့ရှိနေတယ်။ အသင်းသာ မဖွဲ့တာ။ အဲဒီအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ အဓိကတော့ ဦးလှသန်းပေါ့။ ဦးလှသန်းကို ဥက္ကဋ္ဌထားပြီးတော့ ကိုယ်ကအတွင်းရေးမှူးနေရာကနေ ပြီးတော့မှ ကုန်သည်အသင်းအဖွဲ့ ဖြစ်လာမယ့် အဖွဲ့ဝင်တွေနဲ့ ဟိုတယ်မှာ meeting လုပ်ကြတာပေါ့။ meeting လုပ်တဲ့အခါမှာ ထိုင်းသံအမတ်ကြီးက ဘာပြောလဲဆိုတော့ သူအဓိကလာတဲ့အကြောင်းက မြိတ်ဒေသက မြေခံရေခံကောင်းတယ်၊ စီးပွားရေး အကွက်အကွင်း တွေ တအားကောင်းတယ်။ ထိုင်းနိုင်ငံ၊ ပရာကျွတ်ခရိုင်နဲ့ဆိုရင် ကပ်နေတယ်။ အဲဒီတော့ ပရာကျွတ်နဲ့ မြိတ်နဲ့ ဆက်သွယ် နိုင်ဖို့အတွက် အဲဒီမှာနယ်စပ်ရှိနေတယ်။ အဲဒီနယ်စပ်ကလည်း လမ်းက ပေါက်နေပြီးသား။ အဲဒီမှာ သူတို့ဘက်ကဆို ဆင်ခွန်းနယ်စပ်ဂိတ်ပေါ့နော်။ ကိုယ်တို့ဘက်က တော့မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မောတောင် နယ်စပ်ဂိတ်ပေါ့နော်။ ဆိုတော့ မောတောင်နယ်စပ်ဂိတ်မှာ  မြိတ်ကနေတင်ပြပြီးတော့မှ နယ်စပ်ဂိတ် ဖွင့်နိုင်တယ်ဆိုရင် သူတို့ဘက်ကလည်း ဆင်ခွန်း နယ်စပ်ဂိတ်ကမှ ကုန်သွယ်မှုတွေ ဆောင်ရွက်ကြမယ်။ ဒါဆိုရင် နှစ်ဦး နှစ်ဖက်အကျိုးရှိမယ် ဒါကိုလုပ်ဖို့ လာပြောသွားတယ်။ ပြောတော့ကိုယ်တို့လည်း အစကတည်းက ဦးလှသန်းက ဒါတွေမြင်ထားပြီးသားလေ။ အဲဒီလို နယ်စပ်ဖွင့်မယ်ဆိုရင် ဖွံ့ဖြိုးတိုးတတ်လာမယ့်ကိစ္စတွေ မြင်ထားပြီးသားဆိုတော့ အဲဒီမှာပဲ အစည်းအဝေးကျင်းပပြီးတော့ ကုန်သည်များ အသင်းဖွဲ့တာပေါ့။ မြိတ်မြို့ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းကို ၂၀၁၂ ၊ မတ်လ ၁၅ ရက်နေ့ မှာ တနင်္သာရီဝန်ကြီးချုပ်ရဲ့ အတည်ပြုချက်နဲ့ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့အတည်ပြုချက်နဲ့ UMFCCI ရဲ့ ညီနောင်အသင်းအနေနဲ့  ဖွဲ့စည်းခဲ့တာပေါ့နော်။ ဒီအဖွဲ့စည်းနဲ့ကိုယ်တို့ က ထိုင်းနိုင်ငံဘက်ကို သွားရောက်ညှိနှိုင်း တယ်ပေါ့နော်။ သွားတဲ့အခါကျတော့ သူတို့ဘက်ကလည်း ဖွင့်ဖို့လုပ်ထားတယ်ဆိုတာ သိရတဲ့အခါကျတော့ ကိုယ်တို့က ပြန်လာပြီးတော့ ကုန်သည်များအသင်းကနေပြီးတော့ နယ်စပ်ဂိတ်ဖြစ်စေရေးအတွက် ဆောင်ရွက်ခဲ့တာပေါ့။ ဆောင်ရွက်တဲ့အခါမှာ ကိုယ်တို့ဆီကို တင်ပြလာတာကတော့ မောတောင် နယ်စပ်ဂိတ် ဘာကြောင့်ဖြစ်ချင်တာလဲ ဆိုတော့ကိုယ်တို့က အချက်တော်တော် များများတော့ရှိတယ်။ အဲဒီမှာ အဓိကျတဲ့ အချက်လေးပြောပြမယ်။ တနင်္သာရီတိုင်းက ရေထွက်လုပ်ငန်း အဓိကထားတဲ့တိုင်း တစ်တိုင်းဖြစ်တယ်။ ဖြစ်တဲ့အခါကျတော့ မြိတ်က ရေထွက်ကုန်တွေကို ရနောင်းကတစ်ဆင့် ထိုင်းနိုင်ငံကို တင်ပို့နေတယ်။ တင်ပို့တဲ့အခါမှာ ရနောင်းကနေဘယ်ကိုသွားလဲ ဆိုတော့ အဲဒီငါးတွေက မဟာချိုင်ကိုပြန်သွားတယ်။ ရနောင်းကိုဘယ်လိုသွားလဲဆိုတော့လှေနဲ့ သွားတယ် carrier boat

လို့ခေါ်တဲ့ငါးသယ်ရေယာဉ် အဲဒါကနိုင်ငံတော်က တရားဝင်ခွင့်ပြုချက်ပေးထားတဲ့ လိုင်စင်ရ ငါးသယ်ယာဉ်တွေနဲ့ ဖမ်းဆီးရမိတဲ့ ငါးတွေကို Check point မှာ  FOB စနစ်နဲ့ စစ်ဆေးခံယူပြီးတော့မှ တရားဝင် ထိုင်းကိုသွားတဲ့အခါမှာ ၂၄ နာရီလောက်ကြာတယ်။ ပြီးရင် အဲဒီမှာ မဟာချိုင်ကို ပို့မယ်ဆိုရင် အအေးခန်းကားတွေ နဲ့ ၁၀ နာရီလောက် မောင်းရ တယ် ခန့်မှန်း။ ဆိုတော့ အားလုံးပေါင်းတွက်ကြည့်လိုက်ရင် ၂၄ နာရီ၊ ၁၀ နာရီ၊ ၃၄ နာရီ- နာရီ ၄၀ လောက် ကြာမယ်။ ကိုယ်တို့ဆီက လတ်လတ်ဆတ်ဆတ်ဖြစ်တဲ့ငါးက ရေခဲရိုက်ပြီးပို့လိုက်တဲ့ ငါးက နာရီ (၄၀)လောက်ကြာပြီးမှ End User လို့ ခေါ်တဲ့ မဟာချိုင်ကိုရောက်မယ်။ မဟာချိုင်မှာ Value Added လုပ်ပြီး တော့ ဥရောပတို့ ဘာတို့ကိုပို့တာကို။ ပို့တဲ့ အခါကျတော့ အဲဒါဆိုရင် မောတောင်က ဖြတ်လမ်းကြီးဖြစ်သွားတယ်။ ဒီကနေ မောတောင် ကိုဆို မိုင် (၁၂၀) ရှိတယ်။ အဲဒီ မိုင်(၁၂၀)က လမ်းသာကောင်းပြီဆိုရင် ဖောက်ထားတဲ့ လမ်းအတိုင်းဆိုရင် (၄)နာရီပဲကြာမယ်။ (၄)နာရီနဲ့ နယ်စပ်ရောက်သွားမယ် နယ်စပ်မှာ စစ်ဆေးခံပြီးရင် ပရာချွတ်ခီရိကန်မြို့ထဲ ရောက်သွားမယ်။ အဲဒီကနေပြီးတော့မှ မဟာချိုင်ကို (၃)နာရီ နဲ့ (၄)နာရီပဲ ကြာမယ်။ အဲဒီတော့ စစ်ဆေးချိန်တွေပါ အပါအဝင်ဆိုရင် အများဆုံး (၉) နာရီ လောက်နဲ့ ကိုယ်တို့ဆီကငါးတွေက မဟာချိုင်ကို ရောက်သွားမယ်လေ။ အဲဒီတော့ အောက်ဘက်ကနေ ပတ်တာ နာရီ ၄၀ ဒီကနေပတ်ရင် အများဆုံး ၁၀ နာရီပဲ ထားပါတော့။ လေးဆတစ်ဆ အချိန်က ကွာနေတယ်လေ။ အချိန်ကွာတာနဲ့အမျှ လတ်ဆတ်မှု အရည်အသွေး ကွာသွားမယ်။ အရည်အသွေးကောင်းတော့ ဈေးပိုရတယ်ဆိုတော့ ဒီဟာတွေ အားသာချက် တွေက အများကြီး ဖြစ်သွားတယ်လေ။ နောက်တစ်ခုက ဒီကနေဖြတ်သွားတဲ့ ခရီးက တိုသွားတဲ့အတွက် ကုန်ကျစရိတ် ပိုသက်သာသွားမယ်။ အခုလို ရနောင်း အထိသွားရမယ်။ နာရီ(၂၄)နာရီလောက် မောင်းရမယ်ပြီးတော့မှ အဲဒီကနေ (၁၀) နာရီလောက် ပြန်တက်လာရမယ်ဆိုတော့ ခရီးအကွာအဝေးမှာ ကုန်ကျစရိတ်တွေ ထိုင်းဘက်ကလည်း သက်သာ သွားသလို ကိုယ်တို့ဘက်ကလည်း သက်သာသွားတယ်။ အဓိကတော့ ကိုယ်တို့က ဖြတ်လမ်းကနေသွားတဲ့ သဘော ဖြစ်သွားတယ်။ အဲဒါက အဓိကအကြောင်း တစ်ခုဖြစ်တယ်။ ဒုတိယအကြောင်းတစ်ချက်က ဘာလဲဆိုတော့။ ငါးလတ်ဆတ်မှု အရည်အသွေးတွေ ကုန်ကျစရိတ်တွေသက်သာသွားပြီဆိုရင် ငါးနဲ့ပတ်သက်တဲ့ အကြောင်းတစ်ချက် အောင်မြင်သွားပြီပေါ့။  မြိတ်-မောတောင်က တကယ်တမ်း ပြန်စဉ်းစားကြည့်ရင် အရှေ့ပင်လယ်နဲ့ အနောက် ပင်လယ်ကို ဆက်ထားတာဗျ။ ဘာလို့လဲဆိုတော့ ပရာချွတ်ခရိုင်က တောင်တရုတ်ပင်လယ်မှာ ရှိတယ်။ သူကနေပြီးတော့ တောင်တရုတ်ပင်လယ်က နေထွက်လာတာကို ကြည့်ပြီးတော့ ကိုယ်တို့ဆီကို ၃နာရီ၊ ၄နာရီလောက် မောင်းလာပြီးတော့ ညနေဆိုလို့ ရှိရင် အက်ဒမန်ပင်လယ်ကနေ နေဝင်တာကိုလာ ကြည့်လို့ရတာလေ။ ကုန်သွယ်မှုလမ်းကြောင်းမှာ နောက်ဆို အရေးပါလာမယ့်လမ်းကြောင်း တစ်ခုလည်းဖြစ်တယ်။ အရင်တုန်းကတည်းက မောရစ်ကောလစ် တို့ရေးထားတဲ့ စာမှာပါပါတယ်။ ထိုင်းနိုင်ငံက ကုန်သွယ်မှုလုပ်တဲ့အခါမှာ မြိတ်ကို အနောက်နိုင်ငံ ကနေတော့မှ ကုန်တင်သင်္ဘောတွေ မြိတ်ကိုလာတယ်။ အဲဒီမှာ နေရာတစ်ခုကနေ ထိုင်းနိုင်ငံ (အယုဒ္ဓယ) ကို ဆင်တွေနဲ့ သယ်တယ်။ အခုလည်း ဒီမှာလည်း ဒီလမ်းကြောင်းပဲ။ အခုလောလောဆယ်မှာ ဘာဖြစ်လဲဆိုတော့ ကိုယ်တို့အတွက် အဓိကကငါး၊  ဒုတိယက ခရီးသွားလုပ်ငန်း၊ ခရီးသွားလုပ်ငန်းက ကိုယ်တို့ဆီမှာ ကျွန်းပေါင်း (၈၀ဝ)ကျော်နဲ့ ဖွဲ့စည်းထားတယ်။ အထူးသဖြင့်တော့ ကော့သောင်းဘက်က ကျွန်းတွေကတော့ ညီလေးတွေ့တဲ့အတိုင်းပဲ ၁၁၅ကျွန်းတို့၊ ဦးတေဇကျွန်းတို့ ဘာတို့ညာတို့က နောက် ၄၊ ၅၊ ၆ ကျွန်းကတော့ Value Added  တွေ တော်တော်ကြီးကြီးကျယ်ကျယ် ခမ်းခမ်း နားနား တော့ ဖြစ်လာပြီပေါ့နော်။ ကိုယ်တို့ မြိတ်မှာလည်း အဲဒီလိုလုပ်ဖို့လိုနေတဲ့ ကျွန်းတွေရှိနေတယ်။ မလုပ်ရသေးဘူး။ ထိုင်းမှာတောင် အဲဒီလောက် ကျွန်းတွေမရှိဘဲ ခရီးသွားလုပ်ငန်းတွေဖြစ်နေတာ ဖူးခက်တို့ဆိုရင်တောင် ကျွန်းလေး ၄၊ ၅၊ ၆ ကျွန်းနဲ့ ခရီးသွားလုပ်ငန်းဖြစ်နေတာလေ။ ဆိုတော့ ခရီးသွားလုပ်ငန်းကို ပြန်စဉ်းစားလိုက်တဲ့အခါကျတော့ ဘာမြင်သွားလဲဆိုတော့ ထိုင်းကို သွားလိုက်တဲ့အချိန်မှာ ဟွာဟင်း ဆိုတာသူတို့ရဲ့ ခရီးသွားမြို့ဖြစ်တယ်။ နိုင်ငံခြားသား တွေမှန်သမျှကလည်း ထိုင်းဘုရင် နန်းစိုက်တဲ့မြို့တွေကို တအားလည်ပတ်တယ်။ ပရာချွတ် ခရိုင်ကနေအပေါ်ကို ကားနဲ့တစ်နာရီ ကျော်လောက်တက်လိုက်ရင် ရောက်သွားပြီ။ အဲဒီတော့ ဟွာဟင်းက သူတို့ရဲ့ပြောကြားချက်အရ တစ်နှစ်ကိုခရီးသည် ၃ ဒသမ ၇ သန်း၊ လေးသန်းဝန်းကျင်လောက်လာတယ်။ အစည်းဝေးတွေလုပ်တဲ့အခါမှာ တရားဝင်ပြောတာ။ အဲဒီထဲမှာနှိုင်းယှဉ်လိုက်ရင်တော့ မြန်မာနိုင်ငံမှာဆိုရင် တစ်နှစ်ကိုလာတာ ၃ ဒသမ ၇ နဲ့ ၄သန်းဝန်းကျင်ကြားပဲ ရှိခဲ့တယ်။ ကိုဗစ်ဖြစ်ပြီးတော့ တအားကျသွားတာပေါ့။ အဲဒီတော့ သဘောကတော့ မြန်မာတစ်နိုင်ငံလုံးကို လာတဲ့ခရီးသည်အရေအတွက်က ဟွာဟင်း တစ်ခုတည်းကိုလာတဲ့ခရီးသည်အရေအတွက်နဲ့ သွားညီတာပေါ့။ ထိုင်းနိုင်ငံတစ်ခုလုံးနဲ့ယှဉ်ရင်တော့ ဆယ်ဆပေါ့။ ဆိုတော့ မီးခိုးမထွက်တဲ့စက်ရုံလို့ တင်စားရတဲ့ ခရီးသွားလုပ်ငန်းက အဲဒီတော့ဟွာဟင်းမှာ ခရီးသွားလုပ်ငန်းတွေရှိတယ် ကိုယ်တို့နဲ့တွေ့တုန်းကတော့ ၁၅ ခု လောက်ရှိတယ်။ ကိုယ့်တို့ဘက်မှာလည်း ခရီးသွားကုမ္ပဏီကစခါစပဲ ရှိသေးတယ်။ ကိုယ်တို့က အစည်းအဝေး သွားလုပ်ရင်းနဲ့ ခရီးသွားလုပ်ငန်းတွေ ကျွန်တော်တို့ဘက်ကို မောတောင်နယ်စပ်ဂိတ်ဖွင့်ပြီးလို့ရှိရင် ဆင်ခွန်းနယ်စပ်ဂိတ် လည်း ဖွင့်မယ်။ ပတ်ကားစခန်းတွေ ဖွင့်ပြီးလို့ရှိရင် ခင်ဗျားတို့ဆီက ခရီးသွားတွေကို Package Tour နဲ့ ပို့ပေးလို့မရဘူး လားဆိုပြီး ချိတ်လိုက်တဲ့အခါကျတော့ရတယ်။ နှစ်နိုင်ငံဆက်သွယ်မှုအရ ကိုယ်တို့ ပရာချွတ်နဲ့ မြိတ် မြို့တော်က ညီမမြို့တော်အဖြစ် သတ်မှတ်ထားတာလေ။ ဆိုတော့ ကုန်သည်များအချင်းချင်းလည်း MOU တွေထိုးထားကြတယ်။ ဆိုတော့ ဟွာဟင်းက ခရီးသွားလုပ်ငန်းတွေနဲ့ မြိတ်က ခရီးသွားလုပ်ငန်းရှင်များ အသင်းကနေပြီးတော့မှ MOU တွေ ထိုးထားတဲ့ အဆင့်တွေ ရောက်ထားတယ်။ ဒါလွန်ခဲ့တဲ့(၈)နှစ် လောက်ကတည်းက။ ဖွင့်ပြီးတော့မှ ပေါ့နော်။ ဒါလေးတွေ ကြိုမြင်ပြီးတော့မှ ခရီးစဉ်အခြေအနေကို ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာမယ် ဆိုပြီးတော့ နိုင်ငံတော်အတွက်လည်း ဂျီဒီပီတွေ တတ်လာမယ်။ ဒေသအတွက်လည်း ကောင်းမယ်။ ခရီးသည် (၃)သိန်းခွဲနဲ့ (၄)သိန်းကြားကို ရောက်အောင် ပို့ပေးမယ်ဆိုတဲ့ ဟာကိုလည်း သူတို့ကတိခံ ထားတာရှိတယ်။ ခရိုင်ဝန်ကိုယ်တိုင် ဦးဆောင် ပြီးတော့ ပို့မယ်ဆိုတဲ့ ဟာလည်း ပါတယ်။ အဲဒီတုန်းက သူတို့ ဖြစ်စတုန်းကဆိုရင် ကိုယ်တို့ဆီက စက်ဘီးစီးအဖွဲ့ စက်ဘီးသွားစီးသလို ထိုင်းဘက်က မော်တော်ယာဉ်နဲ့ပတ်သက်တဲ့ Tour တွေ မော်တော်ယာဉ်တွေနဲ့ မောင်းပြီးတော့ ဒီကိုဝင်လာတာ ရှိတယ်။ အဲဒီလိုမျိုးတွေဖြစ်ခဲ့တယ်။ မောတောင် လမ်းကနေ ဝင်လာတာ။ အဲဒါမျိုးတွေ ဖြစ်လာနိုင်ဖို့အတွက် ကိုယ်တို့က ကြိုတင် ပြီးတော့ ‌တွက်ဆထားတဲ့အတွက်ကြောင့် အဲဒီအစည်းအဝေးမှာလည်း မော တောင်လမ်းဖွင့်လှစ်နိုင်ဖို့အတွက် ၂၀၁၁ နှစ်ဦးပိုင်းမှာ မြိတ်ကိုလာတဲ့ အဲဒီတုန်းက ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးရဲ့ခရီးစဉ်မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ကိုယ်တို့မြိတ်ခရိုင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလှသန်း ကနေပြီးတော့မှ မောတောင်နယ်စပ် ကုန်သွယ်ရေး စခန်းဖွင့်လှစ်နိုင်ရေးအတွက် တင်ပြခဲ့ပါတယ်။ စီးပွားကူးသန်း ဝန်ကြီးဌာနကလည်း နိုင်ငံတော်သမ္မတရုံးကို ကိုယ်တို့ဆီကတင်ပြခဲ့တဲ့ မောတောင်နယ်စပ် ကုန်သွယ်ရေး စခန်း ဖွင့်လှစ်နိုင်ရေးတင်ပြခဲ့တဲ့ စာတမ်းကို ထပ်ဆင့်တင်ပြခဲ့တယ်လို့ သိရှိရပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနဲ့ နယ်စပ်ကုန်သွယ်ရေးဌာနရဲ့ ညွန်ကြားရေးမှူးချုပ် မြိတ်ခရိုင်ကုန်သည်များနှင့်စက် မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလှသန်းနဲ့ အတွင်းရေးမှူးအပါအဝင် EC အဖွဲ့ဝင် တွေအားလုံးကိုခေါ်ယူ ပြီးတော့ သမ္မတရုံးက မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းဖွင့်လှစ်ရန် ခွင့်ပြုချက်ရရှိထားပြီးဖြစ်၍ ဖွင့်လှစ်နိုင်ရေး စီစဉ် ဆောင်ရွက်မှုများ ပြုလုပ်ပါရန် ညွှန်ကြားခဲ့ပါတယ်။ ဒါနဲ့အစည်းအဝေးတွေ ဆက်တိုက်ဆက်တိုက်လုပ်ပြီးတော့ နယ်စပ်ကုန်သွယ်ရေးစခန်းတည်ဆောက်ဖို့အတွက် မြေနေရာရွေးခြင်း၊ အဆောက်အအုံများနှင့် အစည်းအဝေးခန်းမ အပါအဝင် လိုအပ်ချက်အားလုံးကို အစ်ကိုတို့ ကုန်သည်များအသင်းက အစအဆုံးတာဝန်ယူပြီးတော့ ဆောင်ရွက် ခဲ့ပါတယ်။ ဒါတွေအားလုံးကို တစ်နှစ်အတွင်း ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် မေလ ၈ ရက်နေ့ မှာ မြန်မာထိုင်း နှစ်နိုင်ငံကုန်သွယ်မှုအခမ်းအနား စတင်ခြင်းဆိုပြီးတော့ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုတို့က အခမ်း အနားတက်ပြီးတော့ဖွင့်လှစ်စတင်ခဲ့တာပေါ့။ မောတောင်နယ်စပ် ဂိတ်ဖွင့်လှစ် တဲ့ရက်က၂၀၁၃ မေလ ၈ ရက်ဆိုတော့ တစ်နှစ်ပေါ့။ ကြိုးစားချက်ကတစ်နှစ်အတွင်းအဖြေပေါ်တာပေါ့။ ဒီလိုဖြစ်စေဖို့ အတွက် အဓိက ကူညီပေးတဲ့အဖွဲ့အစည်းကတော့ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းမြင့်နဲ့ ဝန်ကြီးဌာနပေါ့ ပြီးရင် အဲဒီတုန်းကတနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနဲ့တိုင်းအစိုးရအဖွဲ့ဝင်များပေါ့နော်။ ဖွင့်လှစ်ပြီးတဲ့အခါကျတော့  ဘာဖြစ်ပြန်လဲဆိုတော့ လမ်းဖြစ်ပြန်ရော။ အဲဒီတော့ ထိုင်းက ဘာပြောလဲဆိုတော့  နယ်စပ် ဂိတ် ဖွင့်ပြီးတော့ လမ်းမကောင်းရင် မရဘူးဆိုတော့။ အဲဒီတုန်းကလည်း လမ်းက ကောင်းကောင်းမွန်မွန်မရှိခဲ့ဘူး။ မြေလမ်းတွေပဲ ရှိခဲ့တယ်။ နောက်မောတောင် တောင်ပေါ်တက်တဲ့ လမ်းဆိုရင်ကားတစ်စီးသွားရုံပဲရှိတယ်။ ကားနှစ်စီး တွေ့ရင် တစ်စီးကနောက်ပြန်ဆုတ် တောင်စောင်းမှာ  အန္တရာယ်တွေပဲ။ ဒီဟာတွေဖြစ်နေတယ်။ အဲဒါကို ကုန်သည်များ အသင်းကပဲ တာဝန်ယူပြီးတော့ ဦးလှသန်းဦးဆောင်ပြီးတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ BOT ရရှိရေးအတွက်  ဆောင်ရွက်ခဲ့တယ်။  ဒါလည်းတော်တော်လေး ကြိုးစားပမ်းစား ဆောင်ရွက်ခဲ့ရတယ်။  ဆောင်ရွက်တဲ့အခါမှာ BOT ကရတော့ အသင်းအနေနဲ့ ယူလို့မရဘူး။ ကုမ္ပဏီအနေနဲ့ပဲ BOT ကယူရမယ်။ မြိတ်ကုန်သည်များ အသင်းအောက်မှာ အများပိုင်အဖွဲ့ ဖွဲ့စည်းပေးပါလို့ ညွှန်ကြားတဲ့အတွက်ကြောင့် အဲဒီတော့ကုန်သည် အသင်းက EC အားလုံးကနေပြီးတော့ မှ မြိတ်အများပိုင်ကော်ပိုရေးရှင်းလိမိတက် အဖွဲ့ဆိုပြီးတော့ ဖွဲ့စည်းတယ်။ အဲဒီအဖွဲ့ကနေပြီးတော့မှ BOT ကို ကုမ္ပဏီအနေနဲ့ရယူပြီးတော့မှ အဲဒါကိုမြေသားလမ်း ကနေပြီးတော့ အခုကတ္တရာလမ်းကို အဆင့်မြင့် ကတ္တရာလမ်း ဖြစ်တဲ့အထိ တည်ဆောက်ခဲ့ရတာပေါ့နော်။ ၂၀၁၂/ ၁၃ ကစပြီးတော့ ၂၀၁၂/၂၀၁၃/ ၂၀၁၄ ပေါ့။ တည်ဆောက်ခဲ့တဲ့ အတွက်ကြောင့် အခုဆိုရင် ကိုယ်တို့မြိတ်ကနေပြီးတော့ မောတောင်နယ်စပ်ဂိတ်အထိကို ကားငယ်နဲ့ဆိုရင် ၃နာရီ နဲ့ ၃နာရီခွဲအတွင်း  ကားအကြီးဆိုရင် ၄ နာရီနဲ့ရောက်နေပြီ။ အခုဆယ့်နှစ်ဘီးကားတွေနဲ့လဲ ကုန်တွေပို့နေကြပြီ။ အခုဆိုရင် မြဝတီနယ်စပ်ဂိတ်က ပိတ်ထားတဲ့ အနေအထားရှိလို့ အဲဒီကနေဖြတ်ပို့နေတဲ့ ကြက်သွန်နီကအစ မောတောင်နယ်စပ် ဂိတ်ကနေ ထွက်နေကြတယ်။ နိုင်ငံခြားပို့ကုန်အနေနဲ့ မြိတ်ကလည်း ငါးသားလွှာတို့ ၊ ငါးမုန့်တို့ ဒီကနေ ၁၂ ဘီးကား တွေနဲ့ အအေးခန်းကားတွေနဲ့တောင်မှ ပို့နေကြတယ်။ အဲဒီလိုတော့သွားနေပြီ။ ဒါပေမဲ့ တစ်ခုဖြစ်တာက ကိုယ်တို့ဆီက ၂၀၁၃ ခုနှစ်မှာ ဖွင့်လိုက်ပေမယ့် သူတို့ကမြေမတိုင်းရသေးဘူးဆိုတော့ အဲဒီမတိုင်းခင် မဖွင့်ခင်ကို မြေတိုင်းရသေးတယ်။ ထိုင်းဘက်က ဘာပြောလဲဆိုတော့ မြေတိုင်းပြီးတော့မှ နယ်နမိတ် သတ်မှတ်ပြီးတော့မှ ဖွင့်ရတယ်။ မြေတိုင်းဖို့ တောင်းဆိုတဲ့အတွက်ကြောင့် ကိုယ်တို့ ကုန်သည်များအသင်းက ဦးဆောင်ပြီးတော့မှ မြေတိုင်းဖို့ ဒုတိယညွှန်ကြားရေးမှူး ချုပ်ဦးဆောင်တဲ့ အယောက် ၃၀ နဲ့ သုံးလတိတိမြေတိုင်းရတယ်။ ၂၀၁၂- ၂၀၁၃ ကြားကာလမှာ မြေတိုင်းပြီးတော့မှ ယာယီနယ်နိမိတ် သတ်မှတ်တာ။ ယာယီနယ်နိမတ် သတ်မှတ်ပြီးတော့မှ ကိုယ်တို့ဘက်ကဖွင့်လိုက်တာ။ သူတို့ကလည်း ယာယီနယ်နိမိတ် သတ်မှတ်ပြီးတဲ့ အခါကျတော့ ကိုယ်တို့ဖွင့်ပြီးတဲ့အချိန်မှာ သူတို့ကနောက်တစ်နှစ်လောက် ကြာတဲ့ အခါမှာ သူတို့က ဘာဖွင့်လိုက်လဲဆိုတော့ ဆင်ခွန်းနယ်စပ်ဂိတ်ဆိုပြီးတော့ ဖွင့်လိုက်တယ်။ ဒါပေမဲ့ ကိုယ်တို့ဘက်ကသာ ပတ်စ်ပို့ ထုလို့ရတယ်။ ပက်ကားနယ်စပ်ဂိတ်ဖွင့်လိုက်တာ။ သူတို့ဘက်က ယာယီနယ်စပ်ဂိတ်ပဲဖြစ်တဲ့အတွက်ကြောင့်မို့ တတိယနိုင်ငံသွားလို့မရဘူး။ ခရီးသွားလုပ်ငန်းမရဘူး။ ကုန်သွယ်မှုလုပ်ငန်းပဲ ရတယ်။ အဲဒီတော့ ခရီးသွားလုပ်ငန်းရဖို့ အတွက် ကိုယ်တို့က ထိုင်းကို သွားပြီးတဲ့အခါ အကြိမ်ကြိမ် တင်ပြတဲ့အခါကျတော့ ထိုင်းကကိုယ်တို့တင်ပြတဲ့ ခရိုင်ဝန်တို့ ၊ ထိုင်း မြန်မာချစ်ကြည်ရေးအသင်းကနေမှ သူတို့သက်ဆိုင်ရာ ဝန်ကြီးချုပ်တို့ ဝန်ကြီးဌာနတို့ကို တင်ပြတဲ့အခါမှာ GMC မှာ နယ်နိမိတ်လက်မှတ်ရေးထိုးမှု မရှိသေးတဲ့အတွက်ကြောင့် သူတို့ဘက်ကတော့ ပက်ကားမဖွင့်နိုင်သေးဘူးဆိုတဲ့ အကြောင်းပြချက်တော့ရတာပေါ့ဗျာ။ ဒါကတော့ ထိုင်းဘက်က ပြောတာပါ။ ထိုင်း က သံအမတ်ပြောတဲ့အတိုင်း ကျွန်တော်တို့ဘက် ကတော့ ပက်ကားနယ်စပ်ဂိတ် ဖွင့်ပြီးပြီ။ ပတ်ကား နယ်စပ်ဂိတ်ဖြစ်တော့ သူတို့ဘက်က ကိုယ်တို့ဆီ လာတဲ့အခါ ၁၄ ည အိပ်ပေးလို့ရတယ် ကိုယ်တို့က။ ဒါပေမဲ့ သူတို့ဘက် သွားရင် ၂ ညအိပ် ၃ ရက်ပဲရတယ်။ ယာယီ နယ်စပ်ဂိတ်ဖြစ်လို့လေ။ နောက်သူတို့ ဘက်သွားရင် ပက်စ်ပို့ထုလို့မရဘူး။  Border Pass နဲ့ပဲရတယ်။ ကုန်သွယ်မှုက အစကနည်းနည်း အခက် အခဲရှိတာပေါ့နော်။  ခရီးသွားလုပ်ငန်းဆိုလည်း တတိယနိုင်ငံသားတွေ တအားလာချင်တယ် ဒီဘက် ကို။  ဟွာဟင်း ရောက်ပြီဆိုရင် မြိတ်ကိုလာလို့ရမလား ဆိုတာတွေ မေးတာတွေရှိလာတယ်‌လို့ ပြောတာတွေ သိရတယ်။ ဒါပေမဲ့ သူတို့ဘက်က ဆင်ခွန်းနယ်စပ် ဂိတ်က ပက်ကားမဖွင့်တော့ ကိုယ်တို့ထပ်ပြောတော့ ပရာကျွတ်ခရိုင်၊ ခရိုင်ဝန်က ထပ်ပြီးတော့ အကြိမ် ကြိမ်တင်ပြတဲ့အခါ နောက်ဆုံးတော့ အထူးနယ်စပ် ဂိတ်ဆိုပြီးတော့ အခွင့်အရေး တစ်ခုတော့ ပေးလိုက်တယ်။ အထူးနယ်စပ်ဂိတ်ဆိုတော့ ကုန်သွယ်မှု ကောင်းကောင်းလုပ်လို့ရသွားပြီ။ ကုန်သွယ်မှုကတော့ ပုံမှန်လုပ်လို့ရသွားတယ်။ သို့သော်လည်း ခရီးသွား လုပ်ငန်းက မရဘူးပေါ့နော်။ ကိုယ်တို့လိုချင်တာက ပက်ကားနယ်စပ်ဂိတ်။ ကိုယ်တို့ဘက်က ပက်ကား နယ်စပ်ဂိတ် အမြဲတမ်းနယ်စပ်ဂိတ် ဖွင့်ထားသလို သူတို့ဘက်က အမြဲတမ်းနယ်စပ်ဂိတ်ဖွင့်တာ လိုချင် တယ်။ အဲဒီအတွက်လည်း အကြိမ်ကြိမ်ပြောတာ ပေါ့နော်။ သို့သော်လည်း သူတို့ရဲ့ မူဝါဒအရ နယ်နိမိတ် သတ်မှတ်ချက်ကို အတည်မပြုသေးပါဘူး ဆိုတာမျိုးနဲ့ ပြောတဲ့အတွက်ကြောင့်မို့ အဲဒီလိုပဲ နေရတာပေါ့လေ။ ကိုယ်တို့ကလည်းတင်ပြတယ်။ သူတို့ဘက်က လည်းတင်ပြပေးတယ်။ သို့သော်လည်း လိုလားတာကလည်း နှစ်ဖက်လုံးက ပြင်းပြင်းထန်ထန် လိုလားတယ်။ ဒါပေမဲ့ ကန့်သတ်ချက်ကြောင့် သူတို့ဆီက အခုထိ မဖွင့်သေးဘူး။ ဒါပေမဲ့ ဒီနေ့ဒီအချိန်မှာ သူတို့သည် ပက်ကားနယ်စပ် ဂိတ်စခန်းမှာ ရှိရမယ့် ကုန်စစ်စင်တို့ ကုန်ချစင်တို့ စုပေါင်းစခန်းရုံးတို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေပေါ့ ဥပမာ နယ်စပ် ကုန်သွယ်ရေးစခန်းဆိုရင် ကုန်သွယ်ရေးပါရမယ်။  Custom ပါရမယ်။ ရဲပါရမယ်။ ဘဏ်ပါရမယ်။ စသည်ဖြင့်ပေါ့။ လဝက ပါရမယ်။အဖွဲ့ (၆)ဖွဲ့ရှိတယ်။ one stop service မှာ။ အဲဒါအပြင် ခုနငါးတွေနဲ့ ပတ်သက်ရင် ငါးလုပ်ငန်း ဦးစီးဌာနပါရမယ်။ FDA တွေပါရမယ်။ ဒါတွေကနယ်စပ်ကုန်သွယ်ရေးစခန်းမှာရှိရမယ့်ဟာတွေ။ အဲဒီအတွက် သူတို့မှာဝန်ထမ်း အိမ်ရာတွေ အဆောက်အအုံတွေ ဆောက်ထားတယ်လို့ သိရတဲ့အပြင် ခုနပြောတဲ့ စုပေါင်းရုံးကြီးတွေလည်း ဆောက်ထားပြီးပြီ။  ကွန်ကရစ်တွေအပြည့်ခင်းထားတဲ့ ကုန်ချကွင်းတွေလည်း လုပ်ထားပြီးပြီ။ ကိုဗစ်မဖြစ်ခင် ဆယ်စုနှစ် ၂၀၁၆၊ ၂၀၁၇ လောက် ထဲက သူတို့လုပ်ထားပြီးဖြစ်တယ်။ သူတို့ပြင်ထားပြီးသား။ ဒါပေမဲ့ အထက်မိန့်မရတော့ မဖွင့်ဘူးပေါ့လေ။ အဲဒီလိုဖြစ်တော့ ဘာဖြစ်လဲ၊ ဘာနစ်နာလဲဆိုတော့  ဥပမာဆိုပါစို့ ကိုယ်တို့ဆီက ငါးပို့ပြီဆိုပါဆို့ ပို့တော့ ကိုယ်တို့ဘက်က ချိပ်ပိတ်ပေးလိုက်တယ်။ ရေခဲရိုက် ပို့လိုက်တယ်။ တစ်ချို့ကွန်တိန်နာ ကားတွေနဲ့ အ‌အေးခန်းကားတွေနဲ့ပို့တယ်။ အအေးခန်းကားနဲ့ပို့တာမထောင်းသာဘူး။ ကိုယ်တို့ဘက်က ချိတ်ပိတ် ပေးလိုက်တဲ့အခါမှာ ကျွန်တော်တို့ဘက်ကမြန်တယ်။ သူတို့ဘက်ရောက်တဲ့အခါကျတော့ သူတို့မှာ ပက်ကားနယ်စပ် စခန်းမဟုတ်တဲ့ အခါကျတော့ လဝကရယ်၊ Custom ရယ်၊ နယ်စပ်ကုန်သွယ်ရေး ရယ်ပဲရှိတယ်။  FDA တို့၊ ငါးလုပ်ငန်းတို့ မရှိဘူး။ မရှိတော့ သူတို့အဲဒီဟာတွေ အားလုံးကိုခေါ်ရတယ်။ ခေါ်တဲ့အခါကျတော့ FDA ကဘယ်ကခေါ်ရလဲဆိုတော့ ရနောင်းကခေါ်ရတယ်လို့ ပြောတယ်။ ရနောင်း ကနေ (၈)နာရီလောက် ကားမောင်းပြီး တက်လာရတာလေ အဲဒီလို လာစစ်ဆေးရတာရှိတယ်။ One Stop Service ဆိုတာ ချက်ချင်းရှင်းပေးရမှာလေ။ အဲဒီလိုမရှင်းနိုင်ဘူးပေါ့။ ဟိုစောင့်ဒီစောင့်နဲ့အချိန်တွေ ကြန့်ကြာတာပေါ့နော်။ အဲဒီလိုမျိုးတော့ ဖြစ်တာပေါ့။ ပက်ကားနယ်စပ်စခန်း မဟုတ်တဲ့အတွက်ကြောင့် သူတို့ဆီမှာလည်း အဖွဲ့စုံမရှိဘူး။ အဖွဲ့စုံမရှိတော့ သူတို့လုပ်ပေးနိုင်တဲ့ အနေအထား မရှိဘူးပေါ့။ စောင့်ပြီးလုပ်ရတာပေါ့။ ဒါလေးတော့ကွာတာပေါ့နော်။ နောက်ပြီးတော့ ကုန်သွယ်မှုမှာလည်း တစ်ချို့ ကန့်သတ်ချက်တွေက ရှိသေးတယ်။ ပက်ကားနယ်စပ် မဟုတ်ဘူးဆိုရင်။ ကျွန်တော်တို့ကတော့ ကုန်သွယ်မှု တော့လုပ်နေတယ်။  သို့သော် အပြည့်အဝမလာသေးဘူး။ နောက်တစ်ချက်က ခရီးသွားလုပ်ငန်းနဲ့ပတ်သက်လို့ ဇီးရိုးပဲ တစ်ယောက်မှမရသေးဘူး။ ထိုင်းနိုင်ငံသား တွေလာလည်လို့ပဲရတယ်လေ။ တတိယနိုင်ငံသားတွေ ပတ်စ်ပို့နဲ့ လာလို့မရသေးဘူး။ ကျွန်တော်တို့ အဓိက လိုချင်တာက ဆင်ခွန်းနယ်စပ်ဂိတ်သည် ပတ်ကား နယ်စပ် အမြဲတမ်း နယ်စပ်ဂိတ်ဖြစ်ရေး အတွက် ထိုင်း ဘက်ကိုအစည်းအဝေးသွားတိုင်းလည်း တင်ပြခဲ့တယ်။ ထိုင်းဘက်ကနေ ဒီမှာအစည်းအဝေး လာလုပ်တိုင်းလည်း ကျွန်တော်တို့တင်ပြတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ်ကနေတစ်ဆင့် နိုင်ငံတော် အကြီးအကဲတွေသိအောင်လည်း အကြိမ်ကြိမ်တင်ပြထားတာ တွေရှိတယ်။ ဒီနေ့အထိတော့မဖွင့်သေးဘူး။ အဲဒီလိုမဖွင့်တဲ့အခါကျတော့ ဘာတွေနစ်နာလဲဆိုတော့ ခုနပြောတဲ့ ခရီးသွားလုပ်ငန်းက ရမယ့်ငွေတွေ မရတော့ဘူး။ ခရီးသွားလုပ်ငန်းတစ်ခုဝင်လာပြီ သူတို့ပြောတဲ့အတိုင်း လူဦးရေ(၃)သိန်းလောက်သာ ဝင်လာမယ်ဆိုရင် ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့ ဂျီဒီပီကလည်း အများကြီးတက်သွားမှာ။ ပြီးရင် ဒေသလည်းဖွံ့ဖြိုးတိုးတက်သွားမှာ။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း တအားရသွားမှာ။  Souvenir Shop တို့၊ ကယ်ရီတို့၊ စက်ဘီးငှားတာတို့၊ ဆိုင်ကယ်စီးတာတို့၊ နောက်တစ်ခါ ကျွန်းတွေမှာ resort တို့ ဒီဟာတွေအားလုံးအတွက်ကို ကျွန်တော်တို့က နိုင်ငံတော်အတွက်လည်း ဖွံ့ဖြိုးတိုးတက်အောင် ဂျီဒီပီတွေတက်အောင် လုပ်နိုင်တဲ့ တိုင်းတစ်တိုင်း ဖြစ်ပြီးတော့ အနေအထားလည်းရှိနေလျက်နဲ့ အဲဒီနယ်စပ်ဂိတ်ဟိုဘက်ကမဖွင့်လိုက်တာနဲ့ အဲဒီအခွင့်အရေးတွေဆုံးရှုံးနေတယ်။ 

မေး - သူတို့ကြန့်ကြာနေရခြင်း အကြောင်းပြချက်က နယ်နိမိတ်တိုင်းတာမပြီးတာရယ်၊ အစိုးရ အတည်မပြုတာရယ် ဒါပဲလား။ 

ဖြေ - နယ်နိမိတ်တိုင်းတာက ယာယီပြီးသွားပြီ။ 

မေး - တခြားမြုပ်နေတဲ့ဇာတ်လမ်းရှိနိုင်လား။ ဆိုလိုတာက အဲဒီလမ်းကြောင်းပေါ်ထွက်သွားရင် ရနောင်းတို့ဘာတို့က မြန်မာပြည်ရဲ့ကုန်စည်တွေက ပိတ်သွားမယ်။ အဲဒီတို့ သူတို့စီးပွားရေးလုပ်ငန်းရှင်တွေ ထိခိုက်နိုင်လို့လား။

ဖြေ -  အဲဒါလည်းဖြစ်နိုင်တယ်။ ကျွန်တော်တို့လည်း တွက်တယ် အဲဒါကြောင့်များဖြစ်နေလားပေါ့။ နယ်နိမိတ်အကြောင်းပြပြီးတော့ နယ်နိမိတ်က လက်မှတ်ထိုးပြီးလို့ရှိရင် သူတို့ပြောတဲ့ပုံစံကတော့ သူတို့ဘက်က လက်မှတ်ထိုးဖို့အသင့်ပဲ မြန်မာဘက်က အသင့်မရှိဘူးဆိုတဲ့ပုံစံမျိုးပဲ ဖြစ်တာပေါ့။  ပရာကျွတ်ခရိုင်ဝန်နဲ့ ကိုဗစ်ကာလမဖြစ်ခင်အထိ ၁၈၊ ၁၉ အထိ တွေ့နေတယ်။ ကိုယ်တို့က အစည်းအဝေး သွားပြီဆိုရင် ဒါပဲတင်ပြတာပဲ။ သူတို့ဘက်ကလည်း သူတို့တင်ပြတာကို ထုတ်ပြတယ်။ သူတို့ ပြည်ထဲရေး ဝန်ကြီးတွေ၊ ကုန်သွယ်ရေးဝန်ကြီးချုပ်ဆီ တင်ပြထားတယ်။ သူတို့ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားတာကတော့ နယ်နိမိတ်အတည်ဖြစ်သွားလို့ရှိရင်တော့ ဖွင့် ပေးမယ်။ နှစ်ဖက်လက်မှတ်မထိုးသေးတဲ့အတွက်ကြောင့် အဲဒီလိုပဲဖြစ်နေတယ်ဆိုပြီးတော့ သူတို့ကတော့ပြောတာပဲ။ 

မေး - နစကအစိုးရလက်ထက်မှာကော မြိတ်- မော တောင်လမ်းကို ပက်ကားကုန်သွယ်ရေးနယ်စပ်ဂိတ်ကြီးဖြစ်ဖို့ ဆွေးနွေးတာတွေရှိလား။ 

ဖြေ - မရှိသေးဘူး။ မရှိသေးဘူးဆိုတာက ကိုဗစ်ကြောင့် သူတို့နယ်စပ်ပိတ်ထားလိုက်ရတယ်လေ။ ကိုဗစ်ပိတ်ပြီးတဲ့အချိန်မှာ သူတို့ဆီမှာ ကိုဗစ်က တွေ့သလိုဖြစ်လိုက် မတွေ့သလိုဖြစ်လိုက် နဲ့ဖြစ်ပြီးတော့ နယ်စပ်ကပိတ်ထားရာကနေပြီးတော့ နစကအစိုးရတက်လာတဲ့အချိန်မှာ ဒီတိုင်းပဲ ထားလိုက်တယ်ပေါ့။ ဗိုလ်နေမြဲ ကျားနေမြဲပဲထား လိုက်တယ်။ လုပ်ရိုးလုပ်စဉ်ဖြစ်တဲ့ ကုန်သွယ်မှုကတော့ လုပ်လို့ရတယ်လေ။ သူတို့ဆီက ကုန်ပစ္စည်း တွေ ကျွန်တော်တို့ဘက်ကို သယ်လို့ရတယ်။ ဥပမာဆိုပါစို့ ရနောင်းဘက်ကနေလှည့်သယ်တဲ့ စားသောက်ကုန်တို့၊ ကုန်မာပစ္စည်းတွေ၊ လူသုံးကုန် ပစ္စည်းတွေ မောတောင်လမ်းက သယ်နေတယ်လေ။ ပြီးရင် ကျွန်တော်တို့ဆီက ငါးတွေကလည်း ရနောင်း ကိုသွားတဲ့ဟာလည်းသွားတာပေါ့။ ဒီကဖြတ်ပြီးပို့တဲ့ ဟာလည်း ပို့နေတာပေါ့။ အဲဒီလို တော့ရှိတာပေါ့။ 

မေး - နောက်တစ်ခုသိချင်တာက အဲဒီမြိတ်- မော တောင်လမ်းကို ပတ်ကားကုန်သွယ်ရေးစခန်း အပြန်အလှန်ဖြစ်ခဲ့ရင် မြိတ်က ဘယ်လောက်အထိ ဂျီဒီပီတက်သွားမလဲ။ 

ဖြေ - အဲဒါကတော့ စီးပွားရေးပညာရှင်တွေ တွက်မှရမှာ။ လောလောဆယ်အနေအထားကတော့ ဇီးရိုးပြနေရာကနေပြီးတော့ အနည်းဆုံးခရီးသွယ် နှစ်သောင်း၊ သုံးသောင်းပဲဝင်လာဦး တတိယနိုင်ငံသား။ အဲဒီဝင်လာတဲ့ နှုန်းထားတွေရှိမယ်။ သွားရမယ့်ဟာတွေ၊ စားမယ့်သောက်မယ်ဟာတွေ ဥပမာ- စားသောက်ဆိုင်ပဲဆိုပါစို့ စားသောက်ဆိုင်တစ်ဆိုင်က တစ်နှစ်ကိုအခွန်သိန်း(၃၀)ပဲသွင်းတယ်ဆို သိန်း(၅၀)တွေ၊ သိန်း(၆၀)တွေ သွင်းရတော့မယ်လေ။ ပြီးရင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရမ်းအကျိုးရှိသွားမယ်။ ဟိုတယ်တွေဖွင့်လာမယ်။ ဟိုတယ်တွေမှာ လူတွေမရှိဘူး လူတွေပြည့်လာမယ်။ ဟိုတယ် လူပြည့်လာရင် ဟိုတယ်တွေပေးရတဲ့အခွန် ပိုတက်လာမယ် မဟုတ်ဘူးလား။ ဂိတ်တွေလည်း လုပ်ထားတယ်။ ရှိတယ်။ တစ်နေ့တစ်နေ့ကို ကုန်ကား မနည်းဘူးသွားနေတယ်။ ကျွန်တော်တို့သိထားတာက ဒီက ငါးတွေ ပုစွန်တွေကို ပို့တယ်။ ပို့ပြီး ပြန်လာလို့ ရှိရင် ဒီမှာငါးသေတ္တာစက်ရုံ ရှိတယ်လေ။ ငါးသေတ္တာ စက်ရုံထဲကို စည်သွပ်ဘူးအခွံတွေ စက်ရုံအတွက် ကုန်ကြမ်းပစ္စည်းတွေကို အကုန်လုံးသယ်လာတယ်။ အသွားအပြန်ပေါ့။ ဒေသအတွက်လိုအပ်တဲ့ စားသုံး ကုန်လူသုံးကုန်တွေပေါ့။ သဘောကတော့ ဒီလမ်းကြီးက ဒီလမ်းအတိုင်း ထားပြီး တစ်နေ့မှ ကုန်ကား(၃)(၄)စီးပဲ ပျင်းလောက်အောင် ဖြတ်သွားနေတာလားဆိုမဟုတ်ပါဘူး။ အများကြီးပဲသွားနေတယ်။ 

မေး - မြန်မာဘက်က အစိုးရကိုတွန်းအားပေးပြီးတော့ လုပ်မယ်ဆိုရင်ကော။

ဖြေ - ဖြစ်နိုင်တာပေါ့။ အဓိကက နှစ်နိုင်ငံအကြီး အကဲတွေပဲလေ။ နှစ်နိုင်ငံအကြီးအကဲတွေက ဒီနယ်စပ်ဂိတ်လေးဖွင့်တာ မူဝါဒအရတော့မှန်ပါတယ်။ ကောင်းပြီ ဒါဆိုရင်ယာယီနယ်နိမိတ်သတ်မှတ်ထားတာကို အတည်ပြုတာမပြုတာ ခဏထားဦး ယာယီ နယ်နိမိတ် အတိုင်းပဲထားလိုက်ဦး။ ကုန်သွယ်မှုအတွက် ပဲဖွင့်ပေးမယ်ဆိုရင်လည်း ရနေတာပဲလေ။ အခုလည်းကုန်သွယ်မှုတော့ ရနေတာပဲလေ။ အဓိကက တတိယနိုင်ငံသားနဲ့ ခရီးသွားလုပ်ငန်း အကုန်လုံးလိုချင်တာပေါ့။ 

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ တည်ဆောက်နေတဲ့ ကမ္ဘာ့အမြင့်ဆုံးမိုးမျှော်တိုက်ဟိုတယ်အဆောက်အအုံဖြစ်လာမယ့် Ciel Tower အကြောင်း

RECENT POSTS
မြန်မာ့ကားမူဝါဒနှင့် ဈေးကွက်အခြေအနေများ (အင်တာဗျူး)
07 Sep 2024
စက်မက်ကင်းတဲ့ နိုင်ငံ (သို့မဟုတ်) ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ကုန်းတွင်းပိတ်နိုင်ငံ “ဘူတန်”
07 Sep 2024
မြို့ ပြနေလူထုအကြား အချင်းချင်း ယုံကြည်မှုကျဆင်းနေကာ စိုးရိမ်စိတ်များ မြင့်တက်နေ
07 Sep 2024
သက်တမ်း (၃၂၈) နှစ်ရှိတဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကော့ညက်ပုလင်း
07 Sep 2024
မြန်မာနိုင်ငံရှိ ကုန်းနေ၊ ရေနေလိပ်များသည် (၇၀)ရာခိုင်နှုန်းခန့် ရှားပါးနေသဖြင့် ထိန်းသိမ်းရန် လိုအပ်နေကြောင်း အကြံပြု
07 Sep 2024
အသက်(၁၁၂)နှစ်ပြည့်မွေးနေ့ကိုကျင်းပခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား
07 Sep 2024
မြန်မာ့ပထမဆုံး ဖွဲနုဆီစက်ရုံမှ ဆီများ လာမည့်နှစ် နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်မည်
07 Sep 2024
တက်တူးအများဆုံးနဲ့ ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုအများဆုံးဂင်းနစ်စံချိန်နှစ်ခုကိုရရှိခဲ့တဲ့ အမေရိကန်အမျိုးသမီး
07 Sep 2024
ရှမ်းမြောက်(အရှေ့မြောက် ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက်နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း - ၃)
07 Sep 2024
ထိုင်းအစိုးရက မြန်မာဘာသာစကားဖြင့် သင်ကြားနေသည့် ပညာရေးစင်တာ (၆)ခုကို ပိတ်သိမ်း
07 Sep 2024
ကားဈေးကွက်အတွင်း သိန်း(၄ဝဝ)(၅ဝဝ)ဝန်းကျင်ကားများ ဝယ်ယူရခက်ခဲလာ
07 Sep 2024
ကျိုက်ထိုမြို့တွင် တွေ့ရှိခဲ့သည့် မျောက်ကျောက်သံသယလူနာမှာ ဓာတ်ခွဲအဖြေအရ မျောက်ကျောက်ရောဂါ မတွေ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
07 Sep 2024
မျှစ်ခြောက်ကို နိုင်ငံတကာနည်းပညာများဖြင့် ထုတ်လုပ်၍ တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရန် စီစဉ်နေ
07 Sep 2024
လှိုင်းဘွဲ့တွင် အသက်(၁၂)နှစ်အရွယ် ဆွံ့အ၊ ဉာဏ်ရည်မမီသော အမျိုးသမီးငယ်တစ်ဦး တူးမြောင်းအတွင်း ပြုတ်ကျ သေဆုံးမှု ဖြစ်ပွား
06 Sep 2024
ကမ္ဘောဒီးယားဝန်ကြီးချုပ် "ဟွန်မာနက်" အကြောင်း တစေ့တစောင်း
06 Sep 2024
နိုင်ငံရေးပြဿနာများဖြေရှင်းရာတွင် လူငယ်များ၏ပညာရေးအနာဂတ်ကို မထိခိုက်စေသည့် နည်းလမ်းဖြင့် ဖြေရှင်းရန်လိုပြီး ပညာရေးမူဝါဒများကို တတ်နိုင်သမျှ ဖြေလျှော့ပေးသင့်ကြောင်း အကြံပြု
06 Sep 2024
သူတို့နိုင်သွားရင် ထီးချိုင့်ကို KIA ကပဲ အုပ်ချုပ်လိမ့်မယ် (အင်တာဗျူး)
06 Sep 2024
နှစ်ပေါင်း (၁၅၀ဝ)နီးပါးကြာ လည်ပတ်နေဆဲ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ
06 Sep 2024
ဘဝများ ခြေမွခံလိုက်ရသည့် စစ်ဘေးရှောင်တို့မှာ ကြောက်စိတ်ဖြင့် ပြေးစရာမြေမရှိဖြစ်နေ
06 Sep 2024
အရှေ့ဒဂုံမြို့နယ်တွင် ရပ်ထားသည့် ကွန်တိန်နာကားကို အိမ်စီးကားက နောက်မှဝင်တိုက်မိရာ ယာဉ်မောင်းပွဲချင်းပြီးသေဆုံး
06 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved