Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ တည်ဆောက်နေတဲ့ ကမ္ဘာ့အမြင့်ဆုံးမိုးမျှော်တိုက်ဟိုတယ်အဆောက်အအုံဖြစ်လာမယ့် Ciel Tower အကြောင်း

Pika (NSS) - ဧပြီ ၁၉

ယူအေအီးအခြေစိုက် အိမ်ခြံမြေကုမ္ပဏီ The First Group သည် ဒူဘိုင်းမြို့တွင် Ciel Tower ဟုခေါ်သည့် မိုးမျှော် တိုက် ဟိုတယ်အဆောက်အအုံတစ်ခုကို တည်ဆောက်နေကြောင်း သိရသည်။

ထို့ပြင် Ciel Tower သည် ကမ္ဘာပေါ်တွင် အမြင့်ဆုံး ဟိုတယ်အဆောက်အအုံတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း လည်းသိရသည်။ အမြင့်ပေ (၃၆၅) မီတာ အထိရှိလာမည့် Ciel Tower တွင် အထပ်ပေါင်း(၈၂)ထပ်ပါရှိမည်ဖြစ်ပြီး ဇိမ်ခံ အခန်းပေါင်း (၁၀၄၂)ခန်း နှင့် ဝန်ဆောင်မှုတိုက်ခန်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။  အိမ်ခြံမြေကုမ္ပဏီ   The First Group သည် Ciel Tower  တည်ဆောက်မှုကို ၂၀၁၆ ခုနှစ် မေလတွင် စတင်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် Ciel Tower  တည်ဆောက်မှု ပြီးစီးမည်ဖြစ်ကြောင်းလည်းသိရသည်။

Dubai Marina ခရိုင်အလယ်တွင်ရှိသော မိုးမျှော်တိုက် Ciel Tower  သည် Marina Walk နှင့် Marina Mall တို့ကဲ့သို့သော ကျော်ကြားသည့်နေရာများ အနီးတွင် တည်ရှိကြောင်းလည်းသိရသည်။ 

Ciel Tower တွင် ညစာစားပွဲ ခင်းကျင်း ကျင်းပမည့်နေရာ၊ ရေနှင့်သက်ဆိုင်သော အားကစားများနှင့် အခြား ပြင်ပအားကစားလှုပ်ရှားမှုများ လုပ်ဆောင်နိုင်မည့်နေရာများလည်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။ Ciel Tower ၏ဒီဇိုင်းသည် Palm Jumeirah Blue ?Waters Island ?Dubai Harbour နှင့် အာရေဗျပင်လယ်ကွေ့တို့ကဲ့သို့သော အထင်ကရနေရာများကို ၃၆၀ ဒီဂရီမြင်ကွင်းများ မြင်နိုင်ရန်ရည်ရွယ်ပြီး တည်ဆောက်ထားခြင်းမျိုးဖြစ်ကြောင်း သိရသည်။

အဆိုပါဒီဇိုင်းမှာ မှန်တာဝါနှစ်ခုကို ချိတ်ဆက်ထားပြီး အလယ်တွင် အပေါက်ကြီးတစ်ခုပါရှိသော ဒုလုံးပုံသဏ္ဌာန်ဖြစ်ကြောင်းလည်းသိရသည်။ထို့ပြင် အဆိုပါမိုးမျှော်တိုက်တွင် ပြင်ပမှတိုက်သော လေများ အဆောက်အအုံအတွင်း လည်ပတ်စေနိုင်ရန်အတွက် လေဝင်လေထွက်ပေါက်များကို တပ်ဆင်ပေးထားမည်ဖြစ်ပြီး လာရောက်လည်ပတ်သူများကို အေးသောလများအတွင်းတိုက်သည့် ပင်လယ်လေကို ခံစားစေနိုင်ရန် လုပ်ဆောင် ပေးထားမည်ဖြစ်ကြောင်းလည်း သိရသည်။ Ciel Tower ၏ဒီဇိုင်းသည် ယူအေအီး မီးဘေးနှင့် အသက်အန္တရာယ် ကင်းရှင်းရေး ကုဒ် နှင့်ပတ်သက်ပြီး သိသာထင်ရှားသောစိန်ခေါ်မှုတစ်ရပ် ဖြစ်ကြောင်းလည်း သိရသည်။

Ciel Tower ၏ အထပ်တစ်ခုချင်းစီရှိ ကြမ်းပြင်များတွင် မီးထိန်းစနစ်တစ်ခုကို ပေါင်းစပ် ထည့်သွင်း ထားမည်ဖြစ်ကြောင်းလည်း သိရသည်။ထို့ပြင် Ciel Tower ၏(၈၁)လွှာတွင် ရှုခင်းကြည့်ရှုနိုင်မည့် နေရာတစ်ခုအပါအဝင် ခေါင်မိုးပေါ်တွင် ရေကူးကန်တစ်ခုနှင့် (၆၇)လွှာတွင် ဘား တစ်ခုတို့ ပါဝင်မည်ဖြစ်ကြောင်းလည်းသိရသည်။ 

Ciel Tower ၏အတွင်းပိုင်းတွင် သစ်ပင်များနှင့် စိမ်းလန်းသောနံရံများပါဝင်သည့် ဒေါင်လိုက် တန်းစီထားသော ရှုခင်းများပါရှိသော မီတာ(၃၀ဝ)မြင့်သည့် atrium ကို ပြသထားမည်ဖြစ်ကြောင်း လည်းသိရသည်။ အဆိုပါ atrium တွင် လာရောက် လည်ပတ်သူများ အချင်းချင်းဆက်သွယ်မှုလုပ်ဆောင်နိုင်ရန်နှင့် အပန်းဖြေရန်အတွက်နေရာလည်း ပါဝင် မည်ဖြစ်သည်။ 

Ciel Tower တွင် (၂၄)နာရီ ဧည့်ကြိုကောင်တာ၊ လုပ်ငန်းသုံးဧည့်ခန်း၊ ညစာစားပွဲအတွက် ရွေးချယ်စရာများ၊ စားသောက်ဆိုင်များ နှင့် ရေကူးကန် ဘေးရှိ စားသောက်ဆိုင်များလည်း ပါဝင်မည်ဖြစ်သည်။ 

Ciel Tower တွင် နောက်ထပ်ပါဝင်မည့် အရာများမှာ ဘားတစ်ခု၊ နိုက်ကလပ်တစ်ခုနှင့် Spa တစ်ခုတို့ဖြစ် ကြောင်းလည်း သိရသည်။ ထို့ပြင် ဧည့်သည်များအနေဖြင့် ကိုယ်ကာယလေ့ကျင့်မှုစင်တာ၊စီးပွားရေးစင်တာနှင့် အခြားဝန်ဆောင်မှုများကို အသုံးပြုနိုင်မည်လည်းဖြစ်သည်။ အဆိုပါမိုးမျှော်တိုက် ဟိုတယ်အဆောက်အအုံတွင် ခေါင်မိုးပေါ်ရှိရေကူးကန်တစ်ခုနှင့် ရဟတ်ယာဉ်ဆင်းသက်နိုင်မည့်ကွင်းတစ်ခုလည်း ပါဝင်မည် ဖြစ်ကြောင်းသိရသည်။ ၂၀၁၉ ခုနှစ်တွင် Ciel Tower သည် International Property Awards  ပွဲတွင် အကောင်းဆုံးနိုင်ငံတကာ ဟိုတယ်ဗိသုကာ ပညာ၊ အကောင်းဆုံးဟိုတယ်ဗိသုကာပညာအာရေဗျနှင့် အကောင်းဆုံး အထပ်မြင့်ဗိသုကာပညာအာရေဗျ တို့အတွက် ဂုဏ်ပြုချီးမြှင့်ခံခဲ့ရကြောင်းသိရသည်။

Ciel Tower ကို ဗြိတိန်အခြေစိုက် ဗိသုကာပညာနှင့် အင်ဂျင်နီယာကုမ္ပဏီ NORR Group က ဒီဇိုင်းဆွဲထား ခြင်းဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံ အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီ China Rail way 18th Bureau  သည် Ciel Tower ကို တည်ဆောက်ရန်အတွက် စာချုပ်ချုပ်ဆိုခဲ့ကြောင်းသိရသည်။ 

Ciel Tower ၏ တည်ဆောက်ပုံဆိုင်ရာ ချိတ်ဆက်မှုများအတွက် Dextra Group ကုမ္ပဏီက Bartec couplers(၁၈၀ဝဝဝ)ခု ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ Siderise Group ကုမ္ပဏီသည် မီးဒဏ်ကို နှစ်နာရီကြာခံနိုင်သော Siderise CW-FS120 Curtain Wall Firestops များအပါအဝင် မီးနှင့် အပူတို့ကိုကာကွယ်ပေးနိုင်သော ဖြေရှင်းချက်များကို ပံ့ပိုးပေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။ WADG ကုမ္ပဏီသည် တယ်လီဖုန်းဆက်သွယ်ရေး၊ လုံခြုံရေးနှင့် ဖျော်ဖြေရေးစနစ်များအတွက် ဒီဇိုင်းဝန်ဆောင်မှု များကို လုပ်ဆောင်နေပြီး အဆောက်အအုံတစ်ခုလုံးတွင် နည်းပညာနှင့် အခြားအရာများ ပေါင်းစပ်မှုအတွက် အာမခံ ပေးထားကြောင်းလည်း သိရသည်။ ထို့ပြင် WADG ကုမ္ပဏီသည် အစောပိုင်းဒီဇိုင်းအဆင့်များမှ ဆောက်လုပ်မှုများကို ကြီးကြပ်ရေး၊ သတ်မှတ်ချက်များနှင့် တင်ဒါ စာရွက်စာတမ်းများအတွက် ကူညီပံ့ပိုးပေးမှုအထိ ပါဝင်ခဲ့ကြောင်းသိရသည်။ 

အဆင့်မြင့်သော နံရံစနစ် ထောက်ပံ့ပေးသော Specwall ကုမ္ပဏီသည် Ciel Tower အတွက် ၎င်း၏ နံရံစနစ်များ ကို အသုံးပြုရန် စာချုပ်ချုပ်ဆိုခဲ့သည်။ အထူးအကြံပေးအတိုင်ပင်ခံကုမ္ပဏီ AESG သည် Ciel Tower ၏ အပြင်ပန်းနှင့် အဆောက်အအုံ ပြုပြင်ထိန်းသိမ်းရေးဌာနအင်ဂျင်နီယာအဖြစ် ၂၀၁၈ ခုနှစ်တွင်ခန့်အပ်ခံခဲ့ရကြောင်း သိရသည်။

ဓာတ်လှေကားနှင့် စက်လှေကားကုမ္ပဏီ တစ်ခုဖြစ်သည့် TK Elevator သည် Ciel Tower အတွက် မြန်နှုန်းမြင့် ဓာတ်လှေကား(၁၅)စင်းကို တည်ဆောက်ပေးနေကြောင်းသိရသည်။

ကွန်ကရစ်စစ်ဆေးမှု၊ဖြတ်တောက်မှုနှင့် စစ်ဆေးမှုများလုပ်ဆောင်ရန်အတွက် အူတိုင် တူးဖော်ခြင်းများ ပံ့ပိုးပေးသည့် Al Sarh Technical Services ကုမ္ပဏီလည်း Ciel Tower တည်ဆောက်မှုတွင် ပါဝင်ကြောင်းသိရသည်။                                                       


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အစ္စရေးအားတိုက်ခိုက်ခဲ့သည့် အီရန်အပေါ် အရေးယူပိတ်ဆို့မှုအသစ်များချမှတ်ရန် အီးယူ ခေါင်းဆောင်များ ကြိုးပမ်း

RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved