Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကျောက်ဖြူ စီမံကိန်း အကြွေးထောင်ချောက်နှင့် NLD လုပ်ဆောင်ခဲ့သော အတွင်းရေးအချို့ (ဖွင့်ချခြင်း)

ကျော်နု၊ ယွန်း (NSS ) - ဧပြီ ၁၂

ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းနှင့်ပတ်သက်၍ ပြည်သူလူထုကြားတွင် လွဲမှားစွာသိရှိခဲ့ရသော ဇာတ်လမ်းများစွာရှိနေပြီး NLD အစိုးရ ငါးနှစ်အတွင်းက ဆုံးဖြတ်လုပ်ကိုင်ခဲ့မှုများ၌ သံသယဖြစ်စရာ များစွာ ရှိနေသည်ကို အတွင်းရေးအခြေအနေများအရ သိလာရသည်။ နစက အစိုးရလက်ထက်တွင် အသစ်ထပ်မံ လက်မှတ်ရေးထိုးအတည်ပြုခဲ့ပြီဖြစ်သော စီမံကိန်း၏အခြေအနေအမှန်နှင့် လွန်ခဲ့သော ငါးနှစ်အတွင်းက အခြေအနေတို့ကို အတွင်းကျကျသိရှိထားသည့် ဒေသခံလုပ်ငန်းရှင် ဦးငြိမ်းချမ်းမောင်အား NP News က တွေ့ဆုံမေးမြန်းထားပါသည်။ ဦးငြိမ်းချမ်းမောင်သည် ကျောက်ဖြူ အထူး စီးပွားရေးဇုန်၏ ဒေသခံစီပွားရေး လုပ်ငန်းစုအဖွဲ့ ဥက္ကဋ္ဌတစ်ဦးဖြစ်ပြီး ၎င်းရှင်းပြခဲ့သော အတွင်းရေး ဇာတ်လမ်းအချို့မှာ မြန်မာနိုင်ငံ၏ တစ်စိတ် တစ်ဒေသကို အထင်သားမြင်ရမည်ဟု ယုံကြည်ပါသည်။


မေး - ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ပတ်သက်ပြီး ကိုယ်တိုင်ပါဝင်ခဲ့သူ ဒေသခံလုပ်ငန်းရှင်တစ်ဦး အနေနဲ့ နောက်ခံသမိုင်းကို ရှင်းပြပေးပါဦး။

ဖြေ - ကျောက်ဖြူ SEZ က ဒီလိုလုပ်မယ်ဆိုတာကတော့ တရုတ်အစိုးရနဲ့ မြန်မာအစိုးရနဲ့က ဦးသန်းရွှေ လက်ထက်လောက်ကတည်းက  အစီအစဉ်ရှိတယ်လို့ ထင်တယ်။ ဒါပေမဲ့ မစဖြစ်ခဲ့ဘူး။ ဒီကြားထဲမှာ မြစ်ဆုံကကြားခံသွားတယ်။ အဆင်မပြေဘူး။ အဆင်မပြေတော့ ကျောက်ဖြူကိုစဖို့လည်းပဲ နှောင့်နှေး သွားတယ်။ ၂၀၁၅ ဦးသိန်းစိန်အစိုးရလက်ထက် နောက်ဆုံးအချိန်လက်ကျန်လေးမှာ ကျောက်ဖြူအထူး စီးပွားရေးဇုန်နဲ့ ပတ်သက်ပြီးတော့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီးတော့ အတည်ပြုတင်တာ။ မဲခွဲဆုံးဖြတ် ပြီးတော့ အတည်ပြုခဲ့တယ်။ အတည်ပြုပြီးတော့ နိုင်ငံတကာတင်ဒါခေါ်တယ်။ တင်ဒါခေါ်တဲ့အချိန်မှာ CITIC ဆိုတဲ့ တရုတ်ကုမ္ပဏီကြီးကနိုင်တယ်။ အနိုင်ရတော့ ဦးသိန်းစိန်အစိုးရလက်ထက်မှာပဲ MOU ထိုးတယ်။ ၂၀၁၆ ကျတော့ အစိုးရက အပြောင်းအလဲဖြစ်သွားပြီ။ NLD အစိုးရဖြစ်လာတယ်။ NLD အစိုး ရဖြစ်လာတဲ့အချိန်မှာ Framework Agreementကို ဆက်ပြီးတော့ထိုးတယ်။ အဲဒီ Framework Agreement မထိုးခင် အဓိက ဆုံးဖြတ်တဲ့သူကတော့ ဒေါ်အောင်ဆန်းစုကြည်ပေါ့နော်။ သူက ကျောက်ဖြူ  SEZ နဲ့ ပတ်သက်ပြီးတော့ သူ့အနေနဲ့ မရှင်းလင်းတာတွေ ပြည်သူတွေရဲ့သဘောထားတွေဆိုပြီး လေ့လာတဲ့အခါမှာ ရခိုင်ဒေသခံတွေက ဒါကိုခါးခါးသီးသီးနဲ့ငြင်းပယ်တယ်ဆိုပြီး သိရတာပေါ့။ အဲဒါနဲ့ပဲ သူက ကျောက်ဖြူ SEZ ကို ရှေ့ဆက်ပြီးတော့ လျှောက်မယ့်ခရီးတွေအတွက် မလုပ်တော့ဘူး။ မလုပ်တဲ့ အခါကျတော့ ဘယ်အချိန်မှာလုပ်ဖြစ်လဲဆိုတော့ သူ့ကို(ဒေါ်အောင်ဆန်းစုကြည်) တရုတ်သမ္မတ ကြီးက တရုတ်ပြည်ကို အလည်ဖိတ်ခေါ်တယ်။ တရုတ်သမ္မတကြီးက အလည်ဖိတ်ခေါ်လို့ သွားတဲ့အချိန် မှာ ကျောက်ဖြူအထူးစီးပွားရေး ဇုန် Framework Agreement ထိုးဖို့ကို သဘောတူခဲ့တယ်။ သဘောတူ လိုက်ပြီးတော့ သူတရုတ်ပြည်က ပြန်လာပြီးတော့ Framework Agreement ထိုးတယ်။ နောက်ဆုံး ကျန်တဲ့လုပ်ငန်းအပ်နှံတဲ့စာချုပ် အလုပ်စတင်နိုင်မယ့်စာချုပ်ကျတော့ မထိုးဘဲနဲ့ တော်တော်လေး ကြန့် ကြာတယ်။ ကြန့်ကြာနေတော့ ခုန ပြောတဲ့ဒေသခံရခိုင်တိုင်းရင်းသားတွေက ခါးခါးသီးသီးငြင်းပယ်တယ်။ မြန်မာပြည်သူ ပြည်သားတွေကလည်း မလိုလားဘူး။ နိုင်ငံတကာကလည်းပဲ မလိုလားတဲ့သတင်းတွေ ကြောင့်ဆိုပြီး နောက်ဆုံးအပြီးသတ် လက်မှတ်ထိုးမယ့်ကိစ္စတွေကို သူကရပ်ထားလိုက်တယ်။ ရပ်ထား လိုက်ပြီးတော့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို သူကနေပြီးတော့ ကျောက်ဖြူမှာကွင်းဆင်းပြီးတော့ လေ့လာဖို့လွှတ်လိုက်တယ်။ သူနဲ့တွေ့ တဲ့အခါမှာ သူကပြောတယ်။ ကျောက်ဖြူ SEZ နဲ့ပတ်သက်ပြီးတော့ ဒေသခံတွေက ခါးခါးသီးသီးနဲ့ ငြင်းပယ်နေကြတယ်ဆိုတော့ ဒါကိုရှေ့ဆက်ပြီးတော့လုပ်ဖို့အတွက်ကို လက်မှတ်ထိုးဖို့ကိစ္စတွေ အခက်အခဲရှိတယ်။ အဲဒီလိုလုပ်ဖို့ကို သူကိုယ်တိုင်လာပြီးတော့ ကြည့်တာပေါ့။ အဲဒီအချိန်မှာ ကျွန်တော်က သူ့ကိုပြောလိုက်တယ်။ သမ္မတကြီး ... အဲဒါဟာ ဒေသခံတွေရဲ့အသံ မဟုတ်ဘူး။ ကျွန်တော်တို့ဒေသခံတွေက ကိုယ့် ဘာသာကိုယ် ဘာဖြစ်လို့ ဆင်းရဲနေမှန်းတောင်မသိဘူး။ ကိုယ့်ဘာသာကိုယ်ဘာဖြစ်လို့ ဆင်းရဲနေမှန်းမသိတဲ့ ဒေသခံတွေက ကန့်ကွက်တာလည်း သူတို့မဟုတ် ဘူး။ ထောက်ခံတာလည်း သူတို့မဟုတ်ဘူး။ အဲဒီတော့ ကန့်ကွက်တဲ့အသံတွေက ကျောက်ဖြူ SEZ ကို မလိုလားတဲ့နိုင်ငံ၊ မလိုလားတဲ့ မီဒီယာဌာန တွေကနေပြီးတော့ အခကြေးငွေယူပြီးတော့ ပြောတဲ့လေသံ တွေပါဆိုတော့ သူက အဲဒီလိုပြောလို့တော့ စာချုပ်ချုပ်တဲ့ အဆင့်ထိမရောက်လာနိုင်ဘူး။ အဲဒီတော့ ကျွန်တော့်ကို ဒေသခံပြည်သူတွေရဲ့အသံ ထောက်ခံတဲ့အသံကျယ် ကျယ်လောင်လောင်လေး လုပ်ပေးနိုင်မလားလို့ပြောတယ်။ ကျွန်တော်ကလည်း လုပ်ပေးနိုင်ပါတယ်ပေါ့။ တစ်နိုင်ငံလုံးလည်း သိရ မယ်။ ကမ္ဘာကလည်းသိရအောင် ကျွန်တော်လုပ်မယ်ဆိုပြီးပြောလိုက်တယ်။ အဲဒါဆိုလို့ရှိရင် SEZ  ကရှေ့ ဆက်လို့ရမယ်။ အဓိက က ဆွေးနွေးတာတော့အဲဒါပဲ။ ပြီးတော့ သူပြန်သွားတယ်။ အဲဒီအချိန်မှာပဲ ကျွန် တော်က အသင်းကို စဖွဲ့တယ်။ ကျောက်ဖြူခရိုင် ဒေသခံ တိုင်းရင်းသားများဖွံ့ဖြိုးရေးအသင်းဆိုပြီး ဖွဲ့ တယ်။ စဖွဲ့တဲ့အချိန်မှာပဲ အင်အား(၆၀ဝဝဝ)ကျော်ရတယ်။ အခုဆိုရင် အသင်းသားအင်အား (၁၀ဝဝဝ၀) ကျော်ရှိသွားပြီ။ ကျွန်းတစ် ကျွန်းလုံးမှာမှ လူဦးရေက (၃၀ဝဝဝ၀)လောက်ပဲရှိတာ။ အပြင်ကိုထွက်သွား ကြတာနဲ့ ဘာနဲ့ပေါင်းလိုက်ရင် (၂၀ဝဝဝ၀)‌ တောင် မပြည့်တော့ဘူး။ ဒါပေမဲ့ အသင်းဝင်က (၁၀ဝဝဝ၀) ကျော်ဆိုတော့ ရာခိုင်နှုန်း (၈၀) ကျော်လောက်က ကျွန်တော်တို့ရဲ့ အသင်းဝင်ဖြစ်တယ်။ အင်အား‌ကောင်း တာပေါ့လေ။ 

မေး - ဒေသခံတွေကို စည်းရုံးတယ်ဆိုတာ ဘယ်လိုမျိုးလဲ။ အဲဒီဇာတ်လမ်းလည်း သေချာသိချင်ပါတယ်။

ဖြေ - သူတို့ကို ဘယ်လိုစည်းရုံးရလဲဆိုတော့ ဒီတိုင်း အစည်းအဝေးခေါ်ရင် လာတဲ့သူနည်းတယ်။ အဲဒီ တော့ အဆိုတော်ဝိုင်းစုခိုင်သိန်းကိုငှားတယ်။ နေ့လယ်ဘက်မှာ  SEZ  ဆွေးနွေးမယ်။  ညနေဘက်မှာ အဆိုတော်နဲ့ဧည့်ခံမယ်ဆိုတော့ လူတွေအများကြီး ရောက်လာတာပေါ့။ နောက်တစ်ခါ ချမ်းမြေ့မောင်ချို နဲ့တစ်ကြိမ်ထပ်လုပ်တယ်။ ဒီအသင်းကိုဖွဲ့တော့ လုပ်စရာအလုပ်တွေရှိလာတော့ အများပိုင်ကုမ္ပဏီကိုပါ ထပ်ဖွဲ့တယ်။ အစည်းအဝေးလုပ်တဲ့အခါမှာ SEZ ဆိုတာ ဘာကိုခေါ်လဲဆိုတာ ပြည်သူတွေနားလည် လာအောင်ပြောတယ်။ SEZ ဖြစ်လာရင် တိုင်းပြည်က ဘယ်လိုဖွံ့ဖြိုးတိုးတက်သွားသလဲဆိုတာကို သူတို့ကို ရှင်းပြတယ်။ ရှင်းပြတဲ့အပြင် ဒေသအလိုက် ခေါင်းဆောင် အယောက်(၂၀)ကိုခေါ်ပြီး နိုင်ငံခြားတိုင်း ပြည်တွေကို အလည်ခေါ်ပြီးတော့ပြတယ်။ မျက်စိပွင့် နားပွင့်ဖြစ်သွားအောင်ပေါ့။ အဲဒီလိုနည်းနဲ့ ဒီအသင်းကို စည်းရုံးပြီးတော့ ဖွဲ့လာတာ။ အနှောင့်အယှက်တွေက အရမ်းစနစ်ကျတယ်။ တစ်ကမ္ဘာလုံးကို အနှောင့်အယှက်ပေးနေတဲ့ အဖွဲ့အစည်းပေါ့နော်။ အခုချိန်မှာဆို ပိုပြီးတော့ အင်အားပိုကောင်းနေပြီ။ ငွေကြေးလည်း အရမ်းသုံးစွဲနိုင်တယ်။ သူတို့တွေက ကျောက်ဖြူ SEZ ကို တရုတ်လက်ထဲမရောက်အောင် အစွမ်းကုန်ကြိုးစားမယ်။ ပျက်ပြားသွားအောင်လုပ်မှာပေါ့နော်။ ခုချိန် အထိလုပ်နေတယ်။ အဲဒီအဖွဲ့တွေက ဘယ်ကစလာလဲဆိုတော့ ရခိုင်မှာက ဂက်စ်ထွက်တယ်။ ရွှေဂက်စ် စောင့်ကြည့်ရေးအဖွဲ့ဆိုပြီး သူတို့စဖွဲ့တယ်။ အဲဒီရွှေဂက်စ်စောင့်ကြည့်ရေးအဖွဲ့ကလည်း ကျောက်ဖြူ  SEZ မှာလည်း သူတို့တွေက အလိုအလျောက် ရောက်လာတယ်။ အဲဒီအဖွဲ့အစည်းတွေက ဘယ်လိုလုပ် လဲ ဆိုတော့ ငွေကုန်ကြေးကျခံပြီးတော့ ကျောက်ဖြူခရိုင်မှာရှိတဲ့ မြို့ပေါ်ရောကျေးရွာဒေသတွေမှာရှိတဲ့ ပညာတတ်လူငယ်လေးတွေကိုပါခေါ်ပြီး ရန်ကုန်မှာ သင်တန်းပေးတယ်။ ပြီးရင် ထိုင်းနိုင်ငံက အထူး စီးပွားရေးဇုန်လုပ်တဲ့နေရာရှိတယ်။ လျှပ်စစ်ကို ကျောက်မီးသွေးနဲ့ သုံးတဲ့နေရာပေါ့။ ကျွန်တော်တို့လည်း ရောက်ဖူးတယ်။ အဲဒီကိုသွားပြတော့ ရွာသားတွေက ပူပြီးတော့ ယားယံကုန်ကြတာ။ SEZ ဆိုတာ တကယ့်ကို အန္တရာယ်ဇုန်ဧရိယာကြီးဆိုတာ မြင်သွားအောင် သူတို့က ကိုယ်တိုင်ခေါ်ပြတာ။ ကျောက်ဖြူ က ကလေးတွေကကြည့်ပြီးတော့ ငါတို့ဆီမှာဒါမျိုး လက်ခံလို့မဖြစ်ဘူး ကန့်ကွက်ရမယ်ဆိုပြီး ကလေး တွေရဲ့ အတွေးတွေထဲမှာ အဲဒီလိုမျိုးတွေဝင်လာအောင် သူတို့က စနစ်တကျသင်ကြားပို့ချပေးတာ။ ကလေးတွေက သင်တန်းတွေကနေဆင်းပြီးတော့ ပြန်လာတဲ့အခါမှာ ရွာတွေမှာ၊ မြို့တွေမှာ လိုက်ပြီး တော့ SEZ ဆန့်ကျင်ရေးဗီနိုင်းစာသားတွေ ရေးတယ်။ SEZ အလို မရှိဆိုတာမျိုးတွေရေးတယ်။ အမျိုးမျိုး ရေးကြတယ်။ ဘုန်းကြီး နှစ်ပါး၊ သုံးပါးလောက်ပင့်တယ်။ ရွာသားတွေ(၃၀)၊(၄၀)လောက်ကို ထိုင် နားထောင်ခိုင်းတယ်။ စကားပြောတယ်။ ပြီးရင် ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ် တင်လိုက်တယ်။ ဒေါ်လာ(၁၀ဝဝဝ) ရတယ်။ အရမ်းစီးပွားဖြစ်ကြတယ်။ ပထမက ဆယ်ဂဏန်းလောက်နဲ့ စပြီးတော့ ဖွဲ့ခဲ့တဲ့အဖွဲ့က ငွေရမှန်းသိတော့ ဥပမာ- ကျွန်တော်က အဲဒီအသင်းမှာဥက္ကဋ္ဌဆိုရင် တစ်သောင်းလောက် ရရင် ကျွန်တော်တစ်ယောက်တည်းက ငါးထောင်လောက်ယူမယ်။ ကျန်တဲ့ငါးထောင်ကို ကျွေးတာ မွေးတာတွေလုပ်တယ်ဆိုတော့ ဆယ်ယောက်စလုံးက ဥက္ကဋ္ဌတွေဖြစ်သွားပြီး‌ ဆယ်ဖွဲ့ကွဲသွားတယ်။ ပိုက်ဆံရမှန်းသိတော့ (၃၆)ဖွဲ့ အထိဖြစ်ခဲ့တယ်။ ကျွန်တော်တို့က တစ်ဖွဲ့တည်း။ သူတို့က(၃၆)ဖွဲ့။  SEZ ထောက်ခံတဲ့ အဖွဲ့က တစ်ဖွဲ့တည်းရယ်။ အင်အားကလည်း စဖွဲ့ကတည်းက (၆၀ဝဝဝ) ကျော်နဲ့ဖွဲ့ထား တာ။ ကျွန်တော်တို့ အင်အားက အရမ်းများတယ်။ သူတို့ကတော့ အခကြေးငွေနဲ့ခေါ်သလို ဖြစ်သွားတာ ပေါ့။ အဲဒီမှာဖြစ်အောင် ကြိုးစားခဲ့တဲ့အဖွဲ့နဲ့ ပျက်အောင်ကြိုးစားခဲ့တဲ့အဖွဲ့တွေမှာ ယှဉ်ပြိုင်မှုတွေ ရှိလာ တယ်။ နောက်ဆုံးမှာ သတင်းတွေက အကျယ်ကြီးတွေဖြစ်သွားတယ်။ တရုတ်ပြည်က သမ္မတကြီး ကိုယ်တိုင်လည်းပဲကြားပြီ။ ဒေါ်အောင်ဆန်းစုကြည်တို့ NLD ကလည်း ကြားပြီ။ ထောက်ခံပွဲကြီးတွေ လုပ်ကြတယ်ဆိုတော့ မငြင်းသာတော့ဘူး။ ဒေသခံရခိုင်တွေကန့်ကွက်တယ်ဆိုတဲ့ အသုံးအနှုန်းကို ကျွန်တော်တို့က လုံးဝဖုံးလိုက်ပြီ။ အဲဒီအခါကျတော့ အပြီးသတ်စာချုပ်ချုပ် မယ်ဆိုတဲ့အခါကျတော့ တရုတ်သမ္မတကြီးကို ဖိတ်တယ်။ ဖိတ်တော့ တရုတ်သမ္မတကြီးကလည်းလာတယ်။ အဲဒီမှာ ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်ပြီးတော့ လက်မှတ်ထိုးကြတယ်။ မြန်မာပြည်မှာလက်မှတ်ထိုးတယ်။ ၂၀၂၀ မှာ ထိုးတယ်ပေါ့။

မေး - လက်မှတ်ထိုးကြပြီးတဲ့နောက်မှာ ဘာတွေ ဆက်ဖြစ်လဲ။ လုပ်ငန်းက ခုထိသေချာမစနိုင်ခဲ့ဘူး။ ဘာတွေဖြစ်ခဲ့တာလဲ။

ဖြေ - လက်မှတ်ထိုးပြီးတဲ့နောက်မှာ အခက်အခဲတွေက ဘာဖြစ်လဲဆိုတော့ အလုပ်တစ်ခုလုပ်တယ် ဆိုတာက လက်မှတ်ထိုးရုံနဲ့မပြီးဘူး။ အလုပ်အပ်ရတယ်။ ဥပမာ- ဒီအဆောက်အအုံကြီးဆောက်မယ့် ပိုင်ရှင်ကကျွန်တော်။ တခြားတစ်‌‌ယောက်ဆီကို အလုပ်အပ်မယ်ဆိုရင် ဒီမြေကြီးပေါ်မှာက လောလော ဆယ်က မူလပိုင်ရှင်တို့ဘာတို့ ကျူးကျော်တွေဘာတွေ ရှိရင်ရှိမှာပေါ့။ ဒါတွေအကုန်လုံးကိုဖယ်ရှား ရှင်း လင်းပြီးမှ စဆောက်လို့ရပြီလို့ပြောမှ စလုပ်ရမှာကိုး။ အဲဒီအဆင့်အထိမရောက်ခဲ့ဘူး။ မရောက်ခဲ့ဘဲနဲ့ စာချုပ်ချုပ်ပြီးတော့ သုံး၊ လေးလအကြာမှာ တရုတ်ပြည်က SEZ လုပ်မယ့်ကုမ္ပဏီက ကျောက်ဖြူကို ရောက်လာတယ်။ အလုပ်စလုပ်ဖို့ပြင်ဆင်နေတဲ့အချိန်မှာ ဗြုန်းခနဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမိန့်နဲ့ စာ ထွက်တယ်။ အဲဒါက “ သူ့ခွင့်ပြုချက်မရဘဲနဲ့ မြေရာသိမ်းတဲ့အလုပ်တွေကို မလုပ်ပါနဲ့၊ ရပ်ထား ” ဆိုတဲ့ စာရောက်လာတော့ မြေမရတော့ တရုတ်ကလုပ်လို့ မရဘူး။ အဲဒီအခါကျတော့ တရုတ်တွေပြန်သွားကြ တယ်။ တိုက်ဆိုင်မှုလို့ပဲခေါ်မလား တရုတ်တွေပြန်သွားပြီးတော့ လပိုင်းအကြာမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းကို AA တွေ ရောက်လာတယ်။ အလုံးအရင်းနဲ့ ရောက်လာတယ်။ ရခိုင်ပြည်နယ် စစ်ဖြစ် တယ်။ NLD အစိုးရလက်ထက်မှာ ချုပ်ခဲ့တဲ့စာချုပ်မှာ သက်တမ်းရှိတယ်။ စာချုပ်ရဲ့သက်တမ်းက (၁၈)လ။ (၁၈)လအတွင်းမှာ အလုပ်စလုပ်ရင်လုပ်၊ မလုပ်နိုင်ရင် အဲဒီစာချုပ်က အလိုလိုပျက်တယ်။ NLD သက်တမ်းကုန်သွားတဲ့အချိန် တပ်မတော် အစိုးရတာဝန်ယူတဲ့အချိန်မှာ ဒီသက်တမ်းက(၃)လ ကျန်သေး တယ်။ ကြားထဲမှာ တစ်ခုပြောဖို့ကျန်သေးတာက ဦးသိန်းစိန်အစိုးရလက်ထက်က SEZ တည်ဆောက်ဖို့ အတွက်ဖွဲ့ခဲ့တဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် ကြီးကြပ်မှုကော်မတီဆိုတာက NLD အစိုးရလက်ထက် မှာ အကုန်လုံးကိုဖျက်သိမ်းလိုက်ပြီးတော့ NLD အစိုးရက သူတို့လိုလားတဲ့သူတွေနဲ့ ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဆိုတာကိုဖွဲ့တယ်။ ဖွဲ့ပြီးတော့ မူလက အချိုးအစားဖြစ်တဲ့ မြန်မာ(၁၅)၊ တရုတ်(၈၅) ရာခိုင်နှုန်းဆိုတာကို ပြင်တယ်။ ပြင်ပြီးတော့ မြန်မာ (၃၀)၊ တရုတ်(၇၀)ဆိုတဲ့ ရာခိုင်နှုန်း ဖြစ်သွားတယ်။ ပြန်ပြောမယ်ဆိုရင် ဦးသိန်းစိန်လက်ထက်တုန်းက MOU ပဲထိုးခဲ့တာ။ စာချုပ် ချုပ်ခဲ့တာ မဟုတ်ဘူး။ အခုဒီ  SEZ စာချုပ်က ဒီမိုကရေစီအစိုးရလို့ခေါ်တဲ့ NLD လက်ထက်မှာချုပ်တဲ့စာချုပ်။ တရားခြင်း၊ မတရားခြင်းထက် လုပ်သင့်လား၊ မလုပ်သင့်လား ဆိုတာက စာချုပ်ချုပ်တဲ့အစိုးရရဲ့ သဘောထားပဲ။ သူတို့ပြင်စရာရှိတာတွေကိုလည်း ပြင်ပေးခဲ့ပြီးပြီ။ (၈၅/၁၅)ကနေ (၇၀/၃၀) သူတို့ပြင် ပေးခဲ့ပြီ ဟုတ်တယ်မလား။ အဲဒီအတိုင်းပဲ စာချုပ်ချုပ်တယ်။ တရုတ်ကလည်း သဘောတူတယ်။ ဆိုလိုချင်တာက ကျောက်ဖြူ SEZ သည် ဦးသိန်းစိန်အစိုးရလက်ထက်မှာ MOU ပဲထိုးခဲ့ပြီးတော့ တကယ့်တရားဝင်စာချုပ်ချုပ်တာက NLD လက်ထက်မှာ ချုပ်တာ။ အလုပ်မဖြစ်ခဲ့ဘူး။ တပ်မတော် အစိုးရ(နစက) လက်ထက်ကို ရောက်တယ်။ ရောက်တဲ့အချိန်မှာ(၃)လပဲကျန်တယ်။ (၃)လအတွင်း မှာလည်း တပ်မတော်အစိုးရရဲ့ တာဝန်ပေးထားတဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီက ပြင်ဆင်လိုတယ်ဆိုတဲ့ အချက်(၂၈)ချက်နဲ့ တိုင်းပြည်ကိုတင်ပြတယ်။ တိုင်းပြည်ကလည်းပဲ တင်ဒါအောင်တဲ့ တရုတ်ကုမ္ပဏီနဲ့ညှိတယ်။ သူတို့ကလည်း သူတို့သမ္မတကြီးကိုယ်တိုင်ရဲ့ရှေ့မှာ လက်မှတ်ထိုးထားတာဆိုတော့ ပြင်ဖို့အခက်အခဲရှိတယ်ဆိုတဲ့ အကြောင်းကိုတင်ပြရင်းနဲ့ အချိန်က(၂)နှစ် ကျော်ကျော် ကုန်သွားတယ်။ စာချုပ်ကိုမပြင်ဖြစ်ဘူး။ မပြင်ဖြစ်တဲ့အချိန်က (၂)နှစ်မနည်းကျော်သွားတဲ့ အချိန်အထိ ရောက်လာတယ်။ အဲဒီ(၂)နှစ်အတွင်းမှာလည်း တိုင်းပြည်က ဘာတွေဖြစ်လဲဆိုတာ အားလုံး သိတဲ့အတိုင်းပဲ။ 

မေး - ဒါဆိုရင် လက်ရှိအခြေအနေက နစကနဲ့ လက်မှတ်ထိုးတဲ့အဆင့်ဖြစ်သွားပြီ။ ကျောက်ဖြူဒေသ အ ခြေအနေက ဘာဆက်ဖြစ်နေလဲ။

ဖြေ - အခု နောက်ဆုံးကျတော့ ကျွန်တော်တို့ရဲ့ တောင်းဆိုမှု၊ ဒေသခံတွေရဲ့ တိုက်တွန်းမှုတွေ အများ ကြီးပါတယ်။ အစိုးရရဲ့စီးပွားရေးမူဝါဒပေါ်မှာ အားပေးမှုတွေ အများကြီးပါလာတယ်။ အဲဒီအချိန်မှာ စာချုပ်ကြီးတစ်ခုလုံးကိုမပြင်နဲ့။ နောက်ဆက်တွဲ စာချုပ်လေးတွေကိုပဲ ညှိပြီးပြင်ကြပါဆိုပြီးတော့ အဲဒီမူနဲ့ ပြင်ပြီးတော့ စာချုပ်ချုပ်လိုက်တယ်။ စာချုပ်ကတော့ ချုပ်လိုက်ပြီ။ ဆိုလိုတာက ဒီအစိုးရ လက်ထက်မှာ  SEZ ကိုလုပ်ဖို့အတွက်ကို စာချုပ်ကိုလည်းပဲ နှစ်ဖက်သဘောတူ နောက်ဆက်တွဲနဲ့ ပြင်ဆင်လိုက်ပြီဆိုတော့ စလုပ်ဖို့ပဲရှိတော့တယ်။ အလုပ်စလုပ်ဖို့ရှိတယ်။ ခုထိမစနိုင်သေးဘူး။ ဘာဖြစ်လို့မလုပ်နိုင်သေးလဲဆိုတော့ တိုင်းပြည်မငြိမ်မသက်မှုကတော့ အဓိကပေါ့။ ဒါပေမဲ့ တိုင်းပြည် မငြိမ်မသက်တာက ဒီလောက်ကြီး ကျယ်တာမဟုတ်ဘူး။ တရုတ်ကလည်း ဒီဟာလောက်ကို ဖြေရှင်းနိုင် တယ်။ ကျွန်တော်တို့ကလည်း တင်ပြတယ်။ အခု တိုင်းပြည်ကသွေးထွက်လွန်နေပြီ။ အဘက်ဘက်မှာ အားနည်းချက်တွေဖြစ်နေပြီ။ အစိုးရနဲ့ တပ်မတော်တစ်ခုတည်းနဲ့တင် တိုင်းပြည်ကို ပြန်ပြီးတော့ ဆွဲတင် ဖို့အများကြီး အခက်အခဲတွေရှိနေပြီဆိုတဲ့အချိန်မှာ တစ်ချက်ခုတ် နှစ်ချက်သုံးချက်လည်း ပြတ်သွား အောင် ဒီအထူးစီးပွားရေးဇုန်ကို အလုပ်လုပ်နိုင်ဖို့အတွက် တရုတ်လက်ထဲကို အပ်လိုက်ရင် တရုတ်က သူ့ဟာသူလုံခြုံရေးကို ကျောက်ဖြူ-ကူ မင်း ရထားလမ်း၊ ကားလမ်း ဒါတွေ အကုန်လုံးကို အလို အလျောက်ထိန်းချုပ်သွားလိမ့်မယ်။ ဒါကြောင့်မို့လို့ ဒီစီးပွားရေးလုပ်ငန်းကြီးကို တရုတ်လက်ထဲကို မြန်မြန်ထည့်ဖို့အတွက် မြေနေရာသိမ်းဆည်းမှု၊ လျော်ကြေးပေးမှုတွေကို အခု စာရွက်ပေါ်မှာလုပ်နေပြီ။ လက်တွေ့တော့ မလုပ်သေးဘူး။ လက်တွေ့မလုပ်သေးဘူးဆိုတာ သိတာက(၆၄)ဘီလျံလောက် အစိုး ရက ပြည်သူတွေကိုလျော်ရမယ်။ ပြည်သူတွေရဲ့ သဘောထားကိုလည်း မေးပြီးပြီ။ သဘောတူတယ် လည်းပြောပြီးပြီ။ ဘာလို့သဘောတူလဲဆိုတော့ SEZ မဖြစ်ခင်တုန်းက ဒီနေရာက မြေတစ်ဧကကို အရမ်း ကောင်းတဲ့နေရာတောင်မှ သုံးသိန်းပေးမယ့်သူမရှိဘူး။ အခုအစိုးရက တစ်ဧကကို သိန်း(၃၀ဝ) ပတ်ဝန်း ကျင် နဲ့ လျော်ကြေးပေးမယ်ဆိုတော့ အားလုံးက ပျော်ပျော်ပါးပါးနဲ့ ‌စောင့်နေကြတဲ့အချိန် အစိုးရက မလျော်နိုင်သေးဘူး။ အားလုံးကိုလည်း ကွင်းဆင်းပြီးတော့ တိုင်းထွာပြီးပြီ။ ဘယ်လောက်ထိ တိုင်းထွာ ပြီးပြီလဲဆိုရင် မြေအမျိုးအစားအပြင်ကို စားပင်သီးပင်တွေဆိုတာကို အလျော်ပေးမယ်၊ နှစ်ရှည်ပင်တွေ လည်း အလျော်ပေးမယ် အဲဒီလောက်အထိကို တွက်ချက်ထားပြီးသား အခြေအနေဖြစ်နေပြီ။ ငွေကို ကျတော့ ရွာတွေမှာ သွားပေးစရာမလိုဘူး။ ပိုင်ရှင်ကလည်း စုစုပေါင်းမှ ရာဂဏန်းပဲရှိမယ်။ သူတို့တွေကို ကျောက်ဖြူမြို့ကို အသုတ်လိုက်ခေါ်ပြီးတော့ ဝေပေးလိုက်ရင် မြေက အစိုးရလက်ထဲကိုရောက်မယ်။ ရောက်ရင် တရုတ်လက်ထဲကို မြေကိုအပ်လိုက်တာနဲ့ အလုပ်ကစဖြစ်ပြီ။ 

မေး - ကျောက်ဖြူစီမံကိန်းအကြောင်းပြောရင် မြေရောင်းစားပြီး အကြွေးတင်သွားပြီဆိုတာမျိုး ပြောသံ တွေက မကြာခဏထွက်တယ်။ ဘာပြန်ပြောချင်လဲ။

ဖြေ - ကျောက်ဖြူ SEZ ဆိုသည်မှာ သယံဇာတကို ရောင်းစားတာမဟုတ်ဘူး။ တရုတ်ကို မြေရောင်းလိုက် တာ မဟုတ်ဘူး။ အပြီးအပိုင်ရောင်းလိုက်တာမဟုတ်ဘူး။ အနှစ်(၅၀) BOT စနစ်။ အဲဒီတော့ အနှစ်(၅၀) BOT ပြည့်တဲ့အချိန်မှာ ဒါတွေအကုန်လုံးကို မြန်မာအစိုးရကို လွှဲပေးလိုက်ရမှာ။ ပထဝီအနေအထားကို အသုံးချတဲ့စီမံကိန်း တိုင်းပြည်ဘာမှနစ်နာစရာ အကြောင်းမရှိဘူး။ ဒါကြောင့်မို့လို့ ဒီစီမံကိန်းက လုပ် သင့်တယ်။ ပြီးရင် အကြွေးထောင်ချောက်ဆိုတာ ရှိတယ်။ အကြွေးထောင်ချောက်ဆိုသည်မှာ အကြွေး ယူမှ အကြွေးထောင်ချောက်ကိုမိတာ။ အကြွေးမယူရင် အကြွေးထောင်ချောက်မိစရာ အကြောင်းမရှိဘူး။ ဘာဖြစ်လို့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ လွှတ်တော်ကနေ (၈၅/၁၅)ကို သဘောတူရသလဲဆိုတာ အကြောင်းရှိတယ်။ (၈၅/၁၅) ပဲ ကျွန်တော်တို့က ယူမယ်ဆိုရင် အကြွေးမတင်ဘူး။ အားလုံးနားလည် အောင်ပြောမယ်ဆိုရင် ကျွန်တော်တို့ အကြွေးမတင်ဘူး။ လစဉ်နှစ်စဉ်လည်းပဲ အခွန်အခတွေကလည်း ရဦးမယ်။ မီးရထားလမ်း၊ ကားလမ်းတွေလည်း ပေါက်မယ်။ ဆိပ်ကမ်းကြီးလည်းဖြစ်မယ်။ နှစ်(၅၀) ပြည့်ရင်လည်းပဲ BOT ရဦးမယ်။ အကြွေးဆပ်စရာ အကြောင်းလည်းမရှိဘူး။ အကြွေးမတင်ဘူး။ အခု (၃၀/၇၀) ဖြစ်တဲ့အချိန်မှာ တိုးလာတဲ့(၁၅) ရာခိုင်နှုန်းအတွက် ဘယ်လောက်လိုလဲဆိုတော့ ခန့်မှန်း အမေရိကန်ဒေါ်လာ သန်း(၉၁၀)ထပ်ထည့်ရမယ်။ (၁)ဘီလျံနီးပါးပဲ။ (၁၅)ရာခိုင်နှုန်းရဲ့တန်ဖိုးက အဲဒီ လောက် ရှိတယ်။ အဲဒီငွေကို NLD အစိုးရလက်ထက်မှာ အစိုးရအသိအမှတ်ပြု တိုင်းရင်းသား လုပ်ငန်း ရှင်ကြီးများဆိုပြီး ဖွဲ့ကြတယ်။ အဲဒီငွေကို သူတို့က ထည့်ရမယ်။ ထည့်မယ်ဆို သူတို့မှာ မထည့်နိုင်ဘူး။ မထည့်နိုင်တော့ တရုတ်အစိုးရဆီက သူတို့ငွေချေးတယ်။ ငွေချေးတဲ့ အချိန်မှာ တရုတ်အစိုးရကလည်း ပိုက်ဆံချေးမယ်။ ဒါပေမဲ့ မြန်မာအစိုးရက အာမခံချက်ပေးမှ ချေးမယ်ဆိုတဲ့ အချိန်မှာ မြန်မာအစိုးရ ကလည်း အာမခံချက်မပေးဘူး။ မပေးနိုင်ဘူး။ ပေးလည်း မပေးသင့်ဘူး ဒါက။ အဲဒီအခါကျတော့ တရုတ်က လိုက်လျောတယ်။ ချေးမယ် ဒါပေမဲ့ အတိုးပေးရမယ်။ အတိုးက နည်းနည်းလေးပဲ။ တစ်နှစ် ကိုမှ ၁ ဒသမ ၅ ရာခိုင်နှုန်းပဲ ရှိတယ်ထင်တယ်။ အဲဒီငွေနဲ့သူတို့ ချေးမယ်။ ချေးပြီးရင် အပေါင်ကို အလုပ်ကို ပေးရမယ်။ (၁၅)ရာ ခိုင်နှုန်းကို အပေါင်ပေးရမယ့်သဘော ဖြစ်နေတယ်။ မဆပ်နိုင်ရင် အဲဒီ(၁၅)ရာခိုင်နှုန်းကို တရုတ်အစိုးရက ပြန်သိမ်းသွားမယ်။ အဲဒီတော့ အကြွေးထောင်ချောက် မမိဘူးလား။ အကြွေးထောင်ချောက်ကို မိအောင် ဘယ်သူလုပ်လဲ။ မမိအောင် ဘယ်သူလုပ်လဲဆိုတော့ ကျွန်တော်တို့ပဲ။ အစိုးရက လုပ်တာမဟုတ်ဘူး လုပ်ငန်းရှင်တွေဆိုတဲ့သူတွေလုပ်တာ။ အဲဒါကို အစိုးရက သဘောတူပေးတယ်ဆိုတော့ အလိုတူ အလိုပါ ဖြစ်တာပေါ့။ အဲဒီတော့ (၁၅)ရာခိုင်နှုန်း မယူကြပါနဲ့လို့ တားတာ တားလို့မရဘူး သူတို့ယူတယ်။ အကြွေးမိတယ်ဆိုကတည်းက ပြဿနာတက်လာပြီ။ အဲဒီထက် အဆိုးဆုံးက ပထမဦးဆုံးထည့်ရမယ့် အညီအမျှ ရှယ်ယာဆိုတာရှိတယ်။ အဲဒါက အမေရိကန်ဒေါ်လာ သန်း (၆၀) လောက် ထည့်ရမယ်။ (၁၅)ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ သန်း(၆၀)လောက်ထည့်ရမယ်။ အတိအကျ တော့မဖြစ်နိုင်ဘူး အဲဒီလောက်နီးပါးပေါ့။ အဲဒီငွေကျတော့ တရုတ်ကမချေးဘူး။ အဲဒီငွေကျတော့ ခင် ဗျားတို့ ကိုယ့်ဘာသာကိုယ်ထည့်ကြပါလို့ပြောတယ်။ ပြီးရင် ဆွဲစားသွားတဲ့အခါမှာ အဲဒီငွေပါ ပါသွားမှာ။ အတိုးမပေးနိုင်လို့ သိမ်းတဲ့အခါမှာ အဲဒီအညီအမျှရှယ် ယာပါ ပါသွားမှာ။ အဲဒီမှာတင် အငြင်းပွား နေရင်းနဲ့ကို NLD အစိုးရလက်ထက်တစ်ခုလုံးမှာ အလုပ်မဖြစ်ခဲ့ဘဲနဲ့ ငါးနှစ်သက်တမ်းသာ ကုန်သွားတယ် SEZ ကို လုံးဝ မစတင်နိုင်ခဲ့ဘူး။ တရုတ်ပြည်ဆိုတာ အရင်တုန်းက ကျွန်‌တော်တို့လိုပဲ ဆင်းရဲတယ်။ ကျွန်တော်တို့ထက်တောင် ပြင်းထန်တယ်။ ဘယ်လောက်ထိဆင်းရဲလဲဆိုတော့ လူတစ်ယောက်ကို ရှင်းပစ်ဖို့(၁၀)ယွမ် ဆိုရင်ရပြီ။ တိုင်းပြည်မှာလည်း ဆင်းရဲတော့ ခွဲထွက်လိုမှု၊ ဆူပူမှုတွေ၊ မငြိမ်မသက်မှု တွေ အရမ်းကိုနာမည်ပျက်ကြီးနဲ့ တရုတ်ပြည်က ကမ္ဘာပေါ်မှာရပ်တည်နေရတဲ့အချိန်။ ၁၉၇၆ လောက်က တရုတ်ပြည်မှာ အဆိုးဆုံး ဖြစ်စဉ်တစ်ခုရှိခဲ့တယ်။ ဟောင်ကောင်ရဲ့ တစ်ဖက်ကမ်းမှာ တံငါရွာဒေသတစ်ခုရှိတယ်။ အဲဒီဒေသက လူတွေက အဲဒီကျွန်းလေးသေးသေးလေးကို တရုတ်ပြည် ဆိုတဲ့နိုင်ငံကြီးကနေ အလုအယက်နဲ့ အလုပ်ရှာသွားကြတယ်။ ဟိုက သေနတ်တွေနဲ့ပစ် ဖမ်းချုပ် မောင်းထုတ်ဖြစ်နေကြတဲ့အချိန်မှာ ဒေသမှာ မတည်မငြိမ်ဖြစ်တယ်။ အဲဒါကို သမ္မတကြီးတိန့်ရှောင်ဖိန် က ကွင်းဆင်းပြီးသွားကြည့်ခဲ့တယ်။ အဲဒါတွေက ဦးမင်းအောင်လှိုင်လာတုန်းက ကျွန်တော်ရှင်းပြခဲ့တာ ပေါ့။ အဲဒီလိုသွားကြည့်တဲ့အချိန်မှာ သမ္မတကြီး တိန့်ရှောင်ဖိန်ပြောတဲ့စကားက ရှင်းရှင်းလေးပဲ “ အခုလို ဖြစ်တာ ဘာကြောင့်လဲဆိုတာကို ငါတို့ရဲ့မူဝါဒကို ပြန်လည်သုံးသပ်ဖို့လိုပြီ ” လို့ ပြောခဲ့တယ်။ အဲဒါနဲ့ပဲ သမ္မတကြီးက စီးပွားရေးတံခါးဖွင့်မူဝါဒကြီးကို ကျင့်သုံးလိုက်တယ်။ ရေနက်ဆိပ်ကမ်းက ခုနပြောခဲ့တဲ့ တံငါရွာမှာပဲ ဆောက်လို့ရတယ်။ ခုဆို အရမ်းအောင်မြင်နေပြီ။ တရုတ်တွေ SEZ လုပ်မယ်ဆိုတော့ တစ်ကမ္ဘာလုံးက ဘယ်သူမှကူညီမယ့်သူမရှိဘူး။ တရုတ်တွေ ပေါက်တူးပေါက်ပြီးတော့ SEZ ကို စလုပ်တာ။ လွန်ခဲ့တဲ့အနှစ်(၄၀)ကျော်က။ အခုကျတော့ ကျွန်တော်တို့က ဘာမှမလုပ်ရဘဲနဲ့ SEZ ရမှာ။ တရုတ်တွေလုပ်တဲ့ SEZ က အောင်မြင်သွားတော့ ဈေးကွက်ကြီးက အကြီးကြီးပဲ။ အခုဆိုရင် တရုတ် ပြည်မှာ SEZ တွေ အများကြီးပဲ။ ကမ္ဘာပေါ်မှာ ချမ်းသာတဲ့နိုင်ငံဖြစ်နေပြီ။ တစ်ချိန်က ဟောင်ကောင်မှာ  အလုအယက်နဲ့သွားပြီး အလုပ်လုပ်ရတဲ့တရုတ်တွေက ဟောင်ကောင်ကိုသွားစရာမလိုတော့ဘူး။ ဟောင်ကောင်ကတရုတ်တွေက တရုတ်ပြည်မကြီးမှာလာပြီး ရင်းနှီးမြှုပ်နှံပြီးတော့ လုပ်နေရတယ်။ အလားတူ တစ်ကမ္ဘာလုံးက လာလုပ်နေကြတယ်။  SEZ ဆိုတာ အဲဒါမျိုး။ ကျွန်တော်တို့မှာ ဆောင်ပုဒ် တစ်ခုရှိတယ်။ “ လုံခြုံမှု၊ ခိုင်မာတဲ့ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ရခိုင်တွေ အိမ်ကိုပြန်လာနိုင်ဖို့ SEZ ကို တည်ဆောက်ကြစို့ ” ။ တစ်ချိန်တုန်းက လူတစ်ယောက်ကို ရှင်းပစ်ဖို့ (၁၀)ယွမ် ပဲအဆင်ပြေတဲ့ တရုတ် တွေက အခုအချိန်မှာ အချိန်မတော် မိန်းကလေးတစ်ယောက်တည်း လွတ်လွတ်လပ်လပ် သွားလာလို့ ရနေပြီ။ တိုင်းပြည် လုံခြုံနေတာကို။ ခိုင်မာတဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ဈေးကွက်ရှိနေလို့လေ။ မင်းလမ်းမုန့်တီက ရခိုင်မှာရောင်းရင် အကြွေးတင်ပြီး ပြုတ်သွားလိမ့်မယ်။ ဈေးကွက်မှမရှိတာ။ ခိုင်မာတဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုတာ စီးပွားရေးမှာ ဈေးကွက်က အဓိကပဲ။ တစ်ချိန်တုန်းက ရခိုင်ပြည်က အလကားရတဲ့တညင်းသီးကို ရန်ကုန်မှာ လာရောင်းတာရှုံးတယ်။ သယ်ယူပို့ဆောင်တာနဲ့ လမ်းမှာ ကြန့်ကြာတာနဲ့ စရိတ်စကတွေကြီးတယ်။ ဘယ်ယှဉ်နိုင်မလဲ မှော်ဘီတို့၊ တိုက်ကြီးတို့၊ မွန်ပြည်နယ် တို့ကထွက်တဲ့တညင်းသီးက ဒီကိုခဏဆိုရောက်ပြီလေ။ ရခိုင်က အဲဒီတုန်းက တံတားလည်းမထိုးရသေး ဘူး။ ကမ္ဘာပေါ်မှာ SEZ ပေါင်း (၂၀ဝဝ)ကျော် ရှိတယ်။ အောင်မြင်တဲ့ SEZ က ရာဂဏန်းပဲရှိတယ်။ ကျွန်  တော်တို့ရဲ့ ကျောက်ဖြူ SEZ က ကမ္ဘာနဲ့ဆက်သွယ်မယ့် လမ်းကြောင်းကြီး။ တရုတ်ပြည်ဆိုတဲ့ အင်အား ကြီးနိုင်ငံကြီးနဲ့ အိန္ဒိယဆိုတဲ့နိုင်ငံနဲ့ အရှေ့အလယ်ပိုင်းကနိုင်ငံကြီးတွေနဲ့ လူဦးရေပေါင်းလိုက်ရင် ကမ္ဘာ့ လူဦးရေရဲ့ သုံးပုံတစ်ပုံကျော်မှာရှိတယ်။ အဲဒီရဲ့ ဆုံမှတ်က ကျောက်ဖြူဖြစ်တော့ ကျောက်ဖြူက ဘယ် လောက်ထိ တိုးတက်မလဲဆိုတာ အတိုင်းအဆမရှိဘူး။ 

မေး - ကျောက်ဖြူစီမံကိန်းက မြန်မာနိုင်ငံအတွက် တကယ်ပဲ လုပ်သင့်တဲ့စီမံကိန်းလို့ ‌ဒေသခံလုပ်ငန်း ရှင်အနေနဲ့ ယုံကြည်လား။

ဖြေ - မြန်မာတစ်နိုင်ငံလုံးရဲ့  GDP ကို ကျောက်ဖြူက ဆွဲတင်ပေးမှာ။ ဒါကြောင့်မို့လို့ လုပ်ကိုလုပ်ရမယ်။ ဘာဖြစ်လို့ ကျွန်တော်တို့တိုင်းပြည် အခုလိုဖြစ်နေရသလဲဆို ဆင်းရဲလို့ပဲ။ ဆင်းရဲလို့ဖြစ်တဲ့ရောဂါကို သေ နတ်တွေနဲ့ဝိုင်းပစ်လို့မရဘူး။ ဆင်းရဲလို့ မီးလောင်နေတဲ့တိုင်းပြည်ကို သေနတ်တွေနဲ့ဝိုင်းပစ်လို့ မရဘူး။ တိုင်းပြည်ကလည်း သွေးထွက်လွန်နေပြီ။ ဒါကို ကုစားရမယ့်ဆေးက တစ်ခုပဲရှိတယ်။ ဆင်းရဲလို့ဖြစ်တဲ့ ရောဂါကို ဆင်းရဲခြင်းကလွတ်မြောက်အောင် လုပ်ပေးရမယ်။ ကျန်တဲ့နည်းမရှိဘူး။ သေနတ်တွေနဲ့ပစ်နေ လို့ ဒီရောဂါမပျောက်ဘူး။ ပိုပြီးတော့ဆိုးမယ်။ အနာတွေကျွမ်းမယ်။ သွေးထွက်တွေလွန်မယ်။ တိုင်းပြည် ကျဆုံးမယ်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်က တိုင်းပြည်ကိုကုစားတဲ့ဆေးပဲ။ ဒီဆေးကို ပြည်သူတွေကို အမြန်ဆုံးကျွေးရမယ်။ ဆင်းရဲလို့ ဖြစ်တဲ့ရောဂါ။ အဲဒါနဲ့တစ်ဆက်တည်းပြောမယ်ဆိုရင် အခု တိုင်းရင်း သားလက်နက်ကိုင်တွေ အကုန်လုံးသည် ဆင်းရဲခြင်းကဆင်းသက်လာတဲ့ ခါးသီးမှုတွေချည်းပဲ။ ဘယ် ကမှ ဆင်းသက်တာမဟုတ်ဘူး သမ္မတကြီး တိန့်ရှောင်ဖိန်ပြောသလို “ ကြောင်ဖြူဖြူ မည်းမည်း ကြွက်ခုတ်တတ်ရင်ပြီးပြီ၊ ဘယ်မူဝါဒတွေ ဘာတွေနဲ့ပဲ အုပ်ချုပ် အုပ်ချုပ် ပြည်သူကိုထမင်းဝအောင် ကျွေးနိုင်ရင်ပြီးပြီ။ မကျွေးနိုင်ရင် မလုပ်နိုင်ရင် ဘယ်လိုမှ အဆင်မပြေဘူး ” ။ အဲဒီတော့ တိုင်းပြည်ကို ရောဂါပျောက်အောင် ကုမယ်။ ဒီဟာတွေအားလုံးကို ပပျောက်အောင်လုပ်မယ်ဆိုရင် ပြည်သူတွေကို ထမင်းဝအောင်ကျွေးဖို့ မခက်ဘူး။ အဓိက ဆိုလိုချင်တာက တိုင်းပြည်ကိုကုစားမယ့်ဆေးက ဒီနေ့ ကျွေးလို့ရမယ်။ ချက်ချင်း လက်ငင်းသက်သာမယ်။ ဘယ်လိုသိသာမလဲ၊ မြန်မာပြည်မြောက်ပိုင်း၊ အနောက်ပိုင်း၊ အ‌ရှေ့ပိုင်း လုံးဝငြိမ်သွားမယ်။ တောင်ပိုင်းကိုလည်း ထမင်းဝအောင်ကျွေးလိုက်ရင် ငြိမ်သွားမယ်။ တောင်ပိုင်းက ငြိမ်တာနည်းနည်းလေး နောက်ကျရင်ကျမယ်။ ကျောက်ဖြူ  SEZ သည် လုပ်ကိုလုပ်သင့်တယ်။ 

ဟုတ်ကဲ့။ အခုလို ပြည့်စုံစွာ ရှင်းပြပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အဘိုးနဲ့ အဖေတို့ထက် လက်စောင်းထက်တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်

RECENT POSTS
မြန်မာ့ကားမူဝါဒနှင့် ဈေးကွက်အခြေအနေများ (အင်တာဗျူး)
07 Sep 2024
စက်မက်ကင်းတဲ့ နိုင်ငံ (သို့မဟုတ်) ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ကုန်းတွင်းပိတ်နိုင်ငံ “ဘူတန်”
07 Sep 2024
မြို့ ပြနေလူထုအကြား အချင်းချင်း ယုံကြည်မှုကျဆင်းနေကာ စိုးရိမ်စိတ်များ မြင့်တက်နေ
07 Sep 2024
သက်တမ်း (၃၂၈) နှစ်ရှိတဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကော့ညက်ပုလင်း
07 Sep 2024
မြန်မာနိုင်ငံရှိ ကုန်းနေ၊ ရေနေလိပ်များသည် (၇၀)ရာခိုင်နှုန်းခန့် ရှားပါးနေသဖြင့် ထိန်းသိမ်းရန် လိုအပ်နေကြောင်း အကြံပြု
07 Sep 2024
အသက်(၁၁၂)နှစ်ပြည့်မွေးနေ့ကိုကျင်းပခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား
07 Sep 2024
မြန်မာ့ပထမဆုံး ဖွဲနုဆီစက်ရုံမှ ဆီများ လာမည့်နှစ် နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်မည်
07 Sep 2024
တက်တူးအများဆုံးနဲ့ ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုအများဆုံးဂင်းနစ်စံချိန်နှစ်ခုကိုရရှိခဲ့တဲ့ အမေရိကန်အမျိုးသမီး
07 Sep 2024
ရှမ်းမြောက်(အရှေ့မြောက် ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက်နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း - ၃)
07 Sep 2024
ထိုင်းအစိုးရက မြန်မာဘာသာစကားဖြင့် သင်ကြားနေသည့် ပညာရေးစင်တာ (၆)ခုကို ပိတ်သိမ်း
07 Sep 2024
ကားဈေးကွက်အတွင်း သိန်း(၄ဝဝ)(၅ဝဝ)ဝန်းကျင်ကားများ ဝယ်ယူရခက်ခဲလာ
07 Sep 2024
ကျိုက်ထိုမြို့တွင် တွေ့ရှိခဲ့သည့် မျောက်ကျောက်သံသယလူနာမှာ ဓာတ်ခွဲအဖြေအရ မျောက်ကျောက်ရောဂါ မတွေ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
07 Sep 2024
မျှစ်ခြောက်ကို နိုင်ငံတကာနည်းပညာများဖြင့် ထုတ်လုပ်၍ တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရန် စီစဉ်နေ
07 Sep 2024
လှိုင်းဘွဲ့တွင် အသက်(၁၂)နှစ်အရွယ် ဆွံ့အ၊ ဉာဏ်ရည်မမီသော အမျိုးသမီးငယ်တစ်ဦး တူးမြောင်းအတွင်း ပြုတ်ကျ သေဆုံးမှု ဖြစ်ပွား
06 Sep 2024
ကမ္ဘောဒီးယားဝန်ကြီးချုပ် "ဟွန်မာနက်" အကြောင်း တစေ့တစောင်း
06 Sep 2024
နိုင်ငံရေးပြဿနာများဖြေရှင်းရာတွင် လူငယ်များ၏ပညာရေးအနာဂတ်ကို မထိခိုက်စေသည့် နည်းလမ်းဖြင့် ဖြေရှင်းရန်လိုပြီး ပညာရေးမူဝါဒများကို တတ်နိုင်သမျှ ဖြေလျှော့ပေးသင့်ကြောင်း အကြံပြု
06 Sep 2024
သူတို့နိုင်သွားရင် ထီးချိုင့်ကို KIA ကပဲ အုပ်ချုပ်လိမ့်မယ် (အင်တာဗျူး)
06 Sep 2024
နှစ်ပေါင်း (၁၅၀ဝ)နီးပါးကြာ လည်ပတ်နေဆဲ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ
06 Sep 2024
ဘဝများ ခြေမွခံလိုက်ရသည့် စစ်ဘေးရှောင်တို့မှာ ကြောက်စိတ်ဖြင့် ပြေးစရာမြေမရှိဖြစ်နေ
06 Sep 2024
အရှေ့ဒဂုံမြို့နယ်တွင် ရပ်ထားသည့် ကွန်တိန်နာကားကို အိမ်စီးကားက နောက်မှဝင်တိုက်မိရာ ယာဉ်မောင်းပွဲချင်းပြီးသေဆုံး
06 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved