Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အဘိုးနဲ့ အဖေတို့ထက် လက်စောင်းထက်တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်

ဂျန်ဇက် (NSS) - ဧပြီ ၁၂

မြောက်ကိုရီးယားနိုင်ငံကို စတင်တည် ထောင်ခဲ့ချိန်နောက်ပိုင်းတည်းက နိုင်ငံကို ကင်ဂျုံအန် တို့မိသားစုတွေက အဓိက အုပ်ချုပ်နေခဲ့တာဖြစ်ပါ တယ်။ မြောက်ကိုရီးယားနိုင်ငံကို ဒုတိယကမ္ဘာစစ် နောက်ပိုင်း ၁၉၄၆ ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး အဲဒီအချိန်တုန်းက မြောက်ကိုရီးယားနိုင်ငံကို ကင်ဂျုံအန်ရဲ့အဘိုးဖြစ်သူ ကင်အီဆွန်က စတင်အုပ်ချုပ်ခဲ့ပြီး ကင်အီဆွန်သေဆုံးချိန်မှာ တော့ သားဖြစ်သူ ကင်ဂျုံအီက အမွေဆက်ခံအုပ်ချုပ်ခဲ့ပါတယ်။

ကင်ဂျုံအီသေဆုံးချိန်မှာတော့ သားဖြစ် သူကင်ဂျုံအန်က ၂၀၁၁ခုနှစ်နောက်ပိုင်းကတည်းက   မြောက်ကိုရီးယားနိုင်ငံကို အုပ်ချုပ်နေခဲ့တာ ဖြစ်ပါတယ်။ ကင်ဂျုံအန်ဟာ လက်ရှိအချိန်မှာ အသက် ၄၀ အရွယ်သာရှိသေးပြီး အဘိုးဖြစ်သူ၊ အဖေဖြစ်သူတို့ ရဲ့အရိုက်အရာကို အကောင်းဆုံးအမွေဆက်ခံသူအ ဖြစ် ချီးကျူးခံနေရသူဖြစ်ပါတယ်။

ကင်ဂျုံအန်ကို ၁၉၈၂ ခုနှစ်မှာမွေးဖွားခဲ့ တယ်လို့ဆိုကြပေမယ့် မွေးသက္ကရာဇ်အမှန်မဟုတ် ဘဲ မွေးဖွားတဲ့နှစ်က ၁၉၈၃ ခုနှစ် ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့တွေက ပြောပါတယ်။ ကင်ဂျုံအန်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ဟောင်း ကင်ဂျုံအီမွေးဖွားထားတဲ့ သားသုံးဦးထဲမှာ အငယ်ဆုံး ဖြစ်ပြီး လူမြင်ကွင်းထွက်လေ့မရှိတဲ့အတွက် အစောပိုင်း ကာလတွေက လူသိနည်းခဲ့သူဖြစ်ပါတယ်။

ကင်ဂျုံအန်ဟာ ဆွစ်ဇာလန်နိုင်ငံ Gumli-gen အရပ်ဒေသရှိ International School of Berne ကျောင်းမှာ ပညာသင် ကြားဘွဲ့ရခဲ့ပြီး ၂၀ဝ၂ ခုနှစ်ကနေ ၂၀ဝ၇ ခုနှစ်အထိ ပြုံးယမ်းမြို့ရှိ ကင်အီ ဆွန်စစ်တက္ကသိုလ်ကို တက်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။ ကင်ဂျုံအန်မှာ ရိဆိုလ်ဂျူဆိုတဲ့ ဇနီးသည် တစ်ယောက်ရှိတယ်လို့ သိကြပေမယ့် သူတို့ ဘယ်တုန်းကလက်ထပ်တယ်ဆိုတာတော့ မသိကြသလို သူ့မှာသားသမီး ဘယ်နှဦးအထိ ရှိနေသလဲဆိုတာလည်း အတိအကျမသိကြပါဘူး။ ဒါပေမဲ့ သမီးတစ်ဦး ရှိနေတယ်ဆိုတဲ့ အချက်ကတော့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းတွေမှာ ဖော်ပြထားပါတယ်။

ကင်ဂျုံအန်ဟာ ၂၀ဝ၉ ခုနှစ်တည်းက အစ်ကိုတွေကိုကျော်ဖြတ်ပြီး မြောက်ကိုရီးယားခေါင်း ဆောင်အရိုက်အရာကို ဆက်ခံမယ့်သူအဖြစ် သတင်း ထွက်ပေါ်ခဲ့ပြီးနောက် မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီနဲ့ စစ်တပ်တို့မှာ အဓိက အရေးပါ တဲ့နေရာတွေကို ဆက်တိုက်ခန့်အပ်ခံခဲ့ရသူဖြစ်ပါတယ်။ ကင်ဂျုံအန်ဟာ စစ်ရေးအတွေ့ကြုံမရှိပေမယ့် ၂၀၁၀ ပြည့်နှစ်မှာ မြောက် ကိုရီးယားနိုင်ငံရဲ့ ကြယ်လေးပွင့်အဆင့်ရှိ ဗိုလ်ချုပ်ကြီးအဖြစ်ခန့်အပ်ခံရပြီး ဖခင်ဖြစ်သူသေဆုံးသွားချိန် ၂၀၁၁ ခုနှစ်မှာတော့    မြောက်ကိုရီးယားနိုင်ငံရဲ့ ခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပါတယ်။ ကင်ဂျုံအန် ခေါင်းဆောင်ဖြစ်လာ ပြီးနောက်ပိုင်း မြောက်ကိုရီးယားနိုင်ငံရဲ့ အုပ်ချုပ်မှုပုံစံနဲ့ မူဝါဒတွေလည်း အဘိုးဖြစ်သူ၊ အဖေဖြစ်သူတို့ လက်ထက်က ပုံစံမျိုးမဟုတ်တော့ဘဲ ပြင်ဆင်ပြောင်း လဲမှုတွေ တဖြည်းဖြည်းလုပ်ဆောင်လာခဲ့ပါတယ်။

ကင်ဂျုံအန်ဟာ ချမှတ်တဲ့စည်းကမ်း၊ ဥပဒေတွေကိုချိုးဖောက်ခဲ့မယ်ဆိုရင် သူရဲ့သွေးသား အရင်းတွေကိုတောင် မျက်နှာမထောက်ဘဲ ရက်စက်စွာ ကွပ်မျက်တတ်သူတစ်ဦး ဖြစ်တယ်ဆိုတာ ဦးလေးအရင်းဖြစ်သူကိုကွပ်မျက်ပြီး သက်သေပြခဲ့သူ လည်းဖြစ်ပါတယ်။ ကင်ဂျုံအန်ဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့ပြီးနောက်ပိုင်း ချမှတ်ထားတဲ့ စည်းကမ်းဥပဒေ တွေကိုချိုးဖောက်တဲ့အတွက်  ဦးလေးအရင်းဖြစ်သူ Jang Song-Thaek ကို ရာထူးက ထုတ်ပယ်ကာကွပ်မျက်ခဲ့ခြင်းဟာ ကမ္ဘာ တစ်ဝန်းမှာ ထင်ရှားတဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့သလို ဝေဖန်ပြစ်တင်ခံရတဲ့ ဖြစ်ရပ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ကင်ဂျုံအန်ခေါင်း ဆောင်ဖြစ်လာခဲ့ပြီးနောက်ပိုင်း အစောပိုင်းကာလတွေမှာ မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ အပြန် အလှန် ထိတွေ့ဆက်ဆံတာမျိုးတွေရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အပြန်အလှန်ဆက်သွယ်မှုပိုင်း မရှိတော့ပါဘူး၊ ကင်ဂျုံအန်ဟာ နိုင်ငံကာကွယ်ရေးကို ယခင်ထက် ပိုမိုဦးစားပေးလုပ်ကိုင်နေပြီး ဒုံးကျည်နဲ့ နျူကလီးယား စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် အမေရိကန် အပါအဝင် ကမ္ဘာနိုင်ငံအများအပြားနဲ့ ဆက်ဆံရေး ထိခိုက်ခဲ့ရပါတယ်။ အမေရိကန်အပြင် ကုလသမဂ္ဂ အဖွဲ့စည်းတွေရဲ့ ပိတ်ဆို့မှုအမျိုးမျိုးချမှတ်ခံရပေမယ့် မြောက်ကိုရီးယားနိုင်ငံမှာ ကင်ဂျုံအန်ခေါင်း ဆောင်ဖြစ်လာခဲ့ပြီး နောက်ပိုင်း ဒုံးကျည်စမ်းသပ်မှု တွေ၊ နျူကလီးယားစမ်းသပ်မှုတွေ အရှိန်မြှင့်လုပ်ဆောင်လာခဲ့ရာ နျူကလီးယားပိုင်ဆိုင်တဲ့နိုင်ငံ တစ်နိုင်ငံအဖြစ် သတ်မှတ်ခံလာရပါ တယ်။ မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ထားပေမယ့် နိုင်ငံစီးပွားရေးက ယိုယွင်းနေခဲ့ တယ်လို့ နိုင်ငံတကာမီဒီယာတွေက မကြာခဏ ဝေဖန်ရေးသားကြပါတယ်။ ကင်ဂျုံအန်ဟာ လူငယ်တစ်ဦးဖြစ်တဲ့အတွက် စိတ်ဓာတ်ပိုင်း ထက်မြက်သူ တစ်ဦးဖြစ်ပြီးဖြစ်လိုတဲ့အရာတွေကို မဖြစ်ဖြစ်အောင်လုပ်လိုတဲ့ ဆန္ဒပြင်းပြနေသူ တစ်ဦးလို့လည်း ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကင်ဂျုံအန်ဟာ နိုင်ငံကာ ကာကွယ်ရေးနဲ့ ခေတ်မီလက်နက်ပိုင်ဆိုင် ရေးဆိုတဲ့ ရည်မှန်းချက်တွေကို အခက်ခဲ အကျပ်တည်းတွေကြား အောင်မြင်အောင် အကောင်ထည်ဖော်နိုင်ခဲ့သူဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြားမှာရှိနေတဲ့အတွက် နိုင်ငံကာကွယ်ရေး ပိုင်းနဲ့စစ်ရေးပိုင်း ပိုမို ကောင်းမွန်အောင် ဦးစားပေးတည်ဆောက်ခဲ့ရာ ကင်ဂျုံအန်ခေါင်းဆောင်ဖြစ်လာခဲ့ပြီးနောက်ပိုင်း ဒုံးကျည်စမ်းသပ်မှုအရေအတွက် ဟာ ၂၀၂၃ ခုနှစ်အထိ အကြိမ်ပေါင်း ၂၂၃ ကြိမ်ရှိခဲ့ပြီး အဘိုးဖြစ်သူ၊ အဖေဖြစ်သူလက်ထက်က စမ်းသပ်ခဲ့တဲ့ ဒုံးကျည် စမ်းသပ်မှု အကြိမ်ရေအတွက်ထက် လေးဆကျော် ပိုမိုများပြားနေတယ်လို့ဆိုပါတယ်။ ကင်ဂျုံ အန်လက်ထက်မှာ နျူကလီးယားဗုံး စမ်းသပ်မှု တွေ မကြာခဏလုပ်ဆောင်ခဲ့ပြီး အနည်းဆုံး ငါးကြိမ်လုပ် ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ အဘိုးဖြစ်သူ၊ အဖေ ဖြစ်သူ လက်ထက်က ပိုင်ဆိုင်ခြင်းမရှိတဲ့ခေတ်မီလက် နက်တွေကို ကင်ဂျုံအန်လက်ထက်မှာ ပိုင်ဆိုင်လာခဲ့ပြီး လက်ရှိအချိန်မှာလည်း နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ထားတယ်လို့ဆိုပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ RAND Corporation အဖွဲ့က မြောက် ကိုရီးယားဟာ လက်ရှိအချိန်မှာအနည်းဆုံး နျူကလီးယားလက်နက်ပေါင်း ၆၀ နီးပါး ပိုင်ဆိုင်ထားတယ်လို့ သုံးသပ်ဖော်ပြ ထားပါတယ်။ ကင်ဂျုံအန်က နျူကလီးယားလက်နက်တွေဟာ သူရဲ့ အာဏာတည်မြဲရေးအတွက် အဓိကအရေးပါတဲ့ လက်နက်တွေ ဖြစ်တယ်လို့ ယူဆထားတယ်လို့လည်း နိုင်ငံတကာသတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ကင်ဂျုံ အန်လက်ထက်မှာ စစ်ဘက်သုံးဂြိုဟ်တုကို နိုင်ငံသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ရာ ကင်ဂျုံအန်ရဲ့ ကာကွယ်ရေးပိုင်း တည်ဆောက်မှု စိတ်ပြင်းပြမှုတွေကို ပိုမိုပေါ်လွင်စေပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည် စမ်းသပ်မှုတွေက အိမ်နီးချင်းနိုင်ငံတွေကို စိုးရိမ်မှုမြင့်တက်စေခဲ့ပြီး အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့နဲ့တင်းမာမှု အရှိန်ကလည်း မြင့်သထက်မြင့်တက်လာနေပါတယ်။မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနိုင်ငံကြား ဆက်ဆံရေးဟာ သမိုင်းတစ်လျှောက် အဆိုးဆုံးပုံစံမျိုးကို ရောက်ရှိနေပြီး ကင်ဂျုံအန်က တောင်ကိုရီးယား နိုင်ငံကိုအဓိက ရန်သူနိုင်ငံအဖြစ် သတ်မှတ်ကြေညာ ထားသလို တောင်ကိုရီးယားဘက်ကပစ်လိုက်တဲ့ ကျည်တစ်တောင်ကျရုံနဲ့ တောင်ကိုရီးယားကို စစ်တိုက်သွားမယ်လို့ ကြွေးကြော် ထားပြီးဖြစ်ပါ တယ်။ ကင်ဂျုံအန်ဟာ ပြောရင်ပြောတဲ့အတိုင်းလုပ်လေ့ရှိ သူဖြစ်တဲ့အတွက် အမေရိကန်နဲ့ မဟာမိတ်တွေဟာ မြောက်ကိုရီးယားကို စစ်အင်အားပြရုံကလွဲပြီး လက်တွေ့စစ်တိုက်ဖို့ မဝံ့မရဲဖြစ်နေတယ်လို့လည်းဆိုကြပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင်ဟာ အမေရိကန်နဲ့တောင်ကိုရီးယားတို့ပြုလုပ်တဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေကို ဝေဖန်ပြစ်တင်ထားပြီး မြောက်ကိုရီးယားနိုင်ငံအပေါ် 

ကျူးကျော်ဖို့ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်ခန်းဖြစ်တယ်လို့ မကြာခဏ ဝေဖန်ပြစ်တင် ခဲ့ဖူးပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ တောင်ကိုရီးယားကိုသာမက အမေရိကန် နိုင်ငံကိုပါတိုက်ခိုက်ဖို့ ရည်ရွယ်ချက်ရှိနေတယ်ဆိုတာ မကြာသေးမီက စမ်းသပ်ခဲ့တဲ့ Hwasong-12 အမည်ရှိ ဒုံးကျည်က သက်သေပြနေပါတယ်။

ကင်ဂျုံအန်ဟာ လိုအပ်မယ်ဆိုရင် အမေရိကန်နိုင်ငံကိုပါတိုက်ခိုက်ဖို့အတွက် တာဝေးပစ် ပဲ့ထိန်းဒုံး ကျည်အမျိုးမျိုးကို စမ်းသပ်ခဲ့ရာ လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံအထိ ရောက်ရှိနိုင်စွမ်းရှိတဲ့ဒုံး ကျည်တွေကို ပိုင်ဆိုင်ထားတယ်လို့ နိုင်ငံတကာ မီဒီယာ တွေက ဖော်ပြခဲ့ဖူးပါတယ်။ ခေါင်းဆောင်ကင် ဂျုံအန်ဟာ လက်ရှိအချိန်မှာလည်း အသံထက်မြန်တဲ့ ဒုံးကျည်တွေပိုင်ဆိုင်ဖို့ ကြိုးပမ်း နေရာ အသံထက်မြန်တဲ့ဒုံးကျည်သာ အမှန်တကယ်ပိုင်ဆိုင်ခဲ့မယ်ဆိုရင် မြောက်ကိုရီးယားနိုင်ငံနဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ် တွေကြား တင်းမာမှုပိုဖြစ်လာဖွယ်ရှိနေပြီး ကိုရီးယားကျွန်းဆွယ်မှာ စစ်မီးတောက်မှု ပိုမိုဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။

ကင်ဂျုံအန်တာဝန်ယူပြီးနောက်ပိုင်း ၁၀ နှစ်ကျော်အတွင်း မြောက်ကိုရီးယားနိုင်ငံဟာ စစ်ဘက်သုံးဂြိုဟ်တုအပြင် အမေရိကန်နိုင်ငံအထိ ရောက်ရှိပစ်ခတ်နိုင်တဲ့ ဒုံးကျည်အမျိုးမျိုးနဲ့ နျူကလီး ယားလက်နက်တွေကို ပြည်တွင်းမှာကိုယ် ပိုင်ထုတ် လုပ်နိုင်ခဲ့ရာ ကင်ဂျုံအန်ဟာ အဘိုး၊ အဖေဖြစ်သူတို့ထက် လက်စောင်းထက်လွန်းသူတစ်ဦးလို့လည်း ထင်ကြေးပေး သုံးသပ်နေ ပါတယ်။ 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တည်ဆောက်ဆဲ နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၁၃)ရုံရှိပြီး စုစုပေါင်း လျှပ် စစ်ဓာတ်အား မဂ္ဂါဝပ်(၁၀ဝဝ)နီးပါး ထုတ်လုပ်ဖြန့်ဖြူးနိုင်တော့မည်

RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved