Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စေတီတစ်ဆူကို ဘတ်ဟိုးဖြင့် ဖြိုဖျက်ခဲ့သည့် TNLA ၏ လုပ်ရပ်အပေါ် အဖွဲ့အစည်းပေါင်း(၂၁)ခုက အပြင်းအထန်ကန့်ကွက်ရှုတ်ချ

မြူနစ် (NSS) - ဇန်နဝါရီ ၂၃

စေတီတော်တစ်ဆူကို ဘတ်ဟိုးဖြင့် ဖြိုချဖျက်ဆီးခဲ့သည့် TNLA ၏ လုပ်ရပ်အပေါ် အဖွဲ့အစည်းပေါင်း (၂၁)ခုက အပြင်းအထန်ကန့်ကွက်ရှုတ်ချလိုက်သည်။


နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ တည်ထားကိုး ကွယ်သော ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီတော်ကို TNLA အဖွဲ့ဝင်များက ဇန်နဝါရီလ ၁၀ ရက်မှစ၍ ဘတ်ဟိုးဖြင့် ဖြိုချဖျက်ဆီးခဲ့ရာ ဇန်နဝါရီလ ၂၀ ရက်တွင် အပြီးသတ်ပြိုကျပျက်စီးသွားခဲ့သည်ဟု နစကမှ ဆိုသည်။

ယင်းကဲ့သို့ TNLA ၏ လုပ်ရပ်အပေါ် ဗုဒ္ဓဘာသာကလျာ ဏယုဝအသင်း (YMBA) (ဗဟို)အပါအဝင် အဖွဲ့အစည်းပေါင်း(၂၁)ခုက အပြင်းအထန်ကန့်ကွက်ရှုတ်ချထား သည်။

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များက ဗုဒ္ဓဘာသာသာ သနာကို စော်ကားနေသည့်လုပ်ရပ်များအတွက် စိတ်မကောင်းဖြစ်ရကြောင်း နှင့် ဗုဒ္ဓသာသနာကို ညှိုးနွမ်းရန် လုပ်ဆောင်ခဲ့သော အကြမ်းဖက်အဖွဲ့အစည်းများကို လုံးဝလက်မခံကြောင်း YMBA က သဘောထားထုတ်ပြန်ထားသည်။

ထို့ပြင် ဗုဒ္ဓဘာသာဝင် နိုင်ငံသားတိုင်း၏ လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာ၊ သာသနာအပေါ် မိုက်ရိုင်းစော်ကားသည့် အကြမ်းဖက်သူများ၏ လုပ် ဆောင်ချက်များအပေါ် ဘာသာပေါင်းစုံချစ်ကြည်ညီ ညွတ်ရေးအဖွဲ့(ဗဟို)ကလည်း ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ထားသည်။

အထက်ပါကဲ့သို့ TNLA အဖွဲ့၏ လုပ်ရပ်အပေါ် YMBA၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ ဧဝံဂေလိခရစ် ယာန်မဟာမိတ်အဖွဲ့ချုပ်၊ မက်သဒစ်အသင်းတော်(အောက်မြန်မာပြည်)၊ လွတ်မြောက်ခြင်းအသင်းတော်(ရန်ကုန်)၊ ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်(ပဲခူး)၊ ဟိန္ဒိူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ သနန္တဓမ္မပါလ က (ဟိန္ဒူ)အဖွဲ့ချုပ်၊ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးနှင့် ပိန္နဲကုန်းရခိုင်ဂျာမေဗလီတို့က ပြင်းထန်စွာကန့်ကွက်ရှုတ်ချထားသည်။

အလားတူ ဘူးသီးတောင်မောင်တောဒေသဖွံ့ဖြိုးရေးအသင်း၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ သတင်းမီဒီယာကောင် စီ၊ အားကစား မီဒီယာများအဖွဲ့ချုပ်၊ သဘင်အစည်းအရုံး (ဗဟို)၊ ဂီတအစည်းအရုံး(ဗဟို)၊ ရုပ်ရှင်အစည်းအရုံး၊ ပန်းချီပန်းပုအစည်းအရုံး(ဗဟို)၊ စာရေးဆရာအသင်းနှင့် ဟာသပညာရှင်များအစည်းအရုံးတို့ကလည်း TNLA ၏ လုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ထားသည်။

ပြီးခဲ့သော ဇန်နဝါရီလ ၈ ရက်တွင် ကိုးကန့်လက်နက် ကိုင်အဖွဲ့ MNDAA အဖွဲ့ဝင်အချို့သည် လောက်ကိုင်မြို့ နယ်အတွင်းရှိ စေတီတစ်ဆူကို သံတူဖြင့်ထုကာဖျက်ဆီး ခဲ့သော လုပ်ရပ်အပေါ်တွင်လည်း အထက်ပါအဖွဲ့အစည်း (၂၁)ခု၊ ရဟန်းသံဃာ နှင့် လူပုဂ္ဂိုလ်အများအပြားက ပြင်း ထန်စွာကန့်ကွက်ရှုတ်ချထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ တိမ်းရှောင်ခဲ့သော မြန်မာတပ်မတော်သား ၂၇၆ ဦးကို ဇန်နဝါရီ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ပြန်ပို့မည်ဟု အိန္ဒိယအစိုးရပြော

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved