အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ တိမ်းရှောင်ခဲ့သော မြန်မာတပ်မတော်သား ၂၇၆ ဦးကို ဇန်နဝါရီ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ပြန်ပို့မည်ဟု အိန္ဒိယအစိုးရပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၃
နယ်စပ်ဒေသတွင်ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် ပြီးခဲ့သောသီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ တိမ်းရှောင်ခဲ့ရသော မြန်မာတပ်မတော်သား ၂၇၆ ဦးကို ဇန်နဝါရီ ၂၂ ရက် နှင့် ၂၃ ရက်တို့တွင် မိခင်နိုင်ငံသို့ ပြန်ပို့သွားမည်ဖြစ်ကြောင်း အာသံရိုင်ဖယ်တပ်ရင်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မြန်မာလေတပ်မှ လေယာဉ်များဖြင့်အိန္ဒိယနိုင်ငံဘက်ခြမ်းကိုရောက်ရှိနေသည့်တပ်မတော်သားများကို လာရောက်ကာ ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း အိန္ဒိယသတင်းတွင် ဖော်ပြထားသည်။ အိန္ဒိယအစိုးရသည် အဆိုပါ မြန်မာ့တပ်မတော်သားများကို Aizawl မြို့ Lunglei လေဆိပ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ထိုမှတဆင့် မြန်မာ့တပ်မတော် လေယာဉ်ဖြင့် စစ်တွေမြို့သို့ ပြန်လည်ခေါ်ယူသွားဖွယ်ရှိနေကြောင်း အာသံရိုင်ဖယ်တပ်ရင်း၏ တာဝန်ရှိသူတစ်ဦး က ပြောသည်။
မြန်မာနိုင်ငံနယ်စပ်ဒေသတွင် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်တပ်မတော်သား ၂၇၆ ဦးသည် ဇန်နဝါရီ ၁၇ ရက်တွင် သေနတ်၊ ကျည်ဆံများနှင့်အတူ အိန္ဒိယ-မြန်မာ- ဘင်္ဂလားဒေရှ့်နယ်စပ်ဒေသဖြစ်သောအိန္ဒိယပိုင်နက် Bandukbanga ကျေးရွာအတွင်းကို တိမ်းရှောင်ခဲ့ကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် အိန္ဒိယသတင်းများက ဖော်ပြထားသည်။
အဆိုပါမြန်မတော်သားများကို Parva အရပ်ဒေသရှိ အာသံရိုင်ဖယ်တပ်ရင်းအနီးရှိ စခန်းကိုခေါ်ယူခဲ့ပြီး ဇန်နဝါရီ ၂ဝ ရက်နှင့် ၂၁ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်ပို့ရန်အတွက် အိန္ဒိယနိုင်ငံ Aizawl မြို့သို့ ပို့ဆောင်ခဲ့ကြောင်း၊ အိန္ဒိယ အာသံရိုင်ဖယ်တပ်ရင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
အိန္ဒိယပိုင်နက်သို့ နောက်ဆုံးတိမ်းရှောင်ခဲ့ရသော တပ်မတော်သား ၂၇၆ ဦးထဲတွင် ဗိုလ်မှူးကြီးတစ်ဦး ပါဝင်ပြီး အရာရှိ ၃၆ ဦး နှင့် အခြားအဆင့် ၂၄ဝ ဦးတို့ဖြစ်ကြောင်း အာသံရိုင်ဖယ်တပ်ရင်းက ပြောသည်။
မြန်မာနိုင်ငံဘက်ခြမ်းတွင်ဖြစ်ပွားသောတိုက်ပွဲများကြောင့် ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ နောက်ပိုင်းကတည်းက အိန္ဒိယနိုင်ငံဘက်ခြမ်းကို တပ်မတော်သား အနည်းဆုံး ၆၃၅ ဦးတိမ်းရှောင်ခဲ့ပြီး တပ်မတော်သားအားလုံးကို မိခင်နိုင်ငံသို့ပြန်ပို့ရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒကစ(လောင်ကိုင်)ဖြစ်စဉ်နှင့်ပတ်သက်၍ ဗိုလ်မှူးချုပ်တချို့ကို အရေးယူသည်ဆိုသော သတင်းများမှာ မမှန်ကန်ဟု နစကဖြေရှင်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ