စဥ့်ကူးမြို့နယ်၌ သက်တော်(၄၉)နှစ်ရှိ သံဃာတော်တစ်ပါးကို PDF အဖွဲ့က လုပ်ကြံသတ်ဖြတ်ခဲ့ပြီး အကြမ်းဖက်သတ်ဖြတ်ခံရသည့် သံဃာတော်(၉၃)ပါးထိရှိလာ
NSS - ဇန်နဝါရီ ၁၈
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်တွင် သက်တော်(၄၉)နှစ်ရှိ သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော(ဇန်နဝါရီလ ၁၆ ရက်)၊ နံနက် ၇နာရီအချိန်တွင် စဥ့်ကူးမြို့နယ်၊ ခတက်ချည်ကျေးရွာရှိ၊ မဟာဗောဓိ ဘုန်းကြီးကျောင်းအတွင်း၌ အထက်ကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
မဟာဗောဓိဘုန်းကြီးကျောင်း၌ သီတင်းနေထိုင်သည့် သက်တော်(၄၉)နှစ် ဝါတော်(၁)ဝါရှိ ဥူးသုဝဏ္ဏ(ခ)ဦးသန့်ဇင်သည် ကျောင်းအတွင်းရှိနေစဉ် PDF အဖွဲ့ဝင်(၅)ဦးက စက်လှေတစ်စီးဖြင့် ရောက်ရှိလာကာ ဆရာတော်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဆရာတော် ဥူးသုဝဏ္ဏတွင် ဦးခေါင်းနောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိကာ အခင်းဖြစ်နေရာ၌ ပျံလွန်တော်မူသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
“ကမ္ဘာတစ်ခွင်နဲ့အတူ မြန်မာပြည်က လက်နက်ကိုင်အသီးသီးကို စစ်ပွဲတွေ ရပ်ပေးကြဖို့၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေတာတွေ ရပ်ပေးကြဖို့၊ နိုင်ငံ့ဝန်ထမ်းအပါအဝင် ရဟန်းသံဃာ တော်များ၊ ကျောင်းသား၊ ကျောင်းသူများ နဲ့ ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများကို သတ်ဖြတ်နေမှုတွေ ရပ်ဆိုင်းပေးကြဖို့အတွက် IBEC ကျောင်းတော်က ငြိမ်းချမ်းရေးအသံအဖြစ် တောင်းဆိုပါရစေ”ဟု IBEC ဆရာတော် ဦးသောဘိတက တောင်းဆိုမိန့်ကြားထားသည်။
လက်ရှိနစကအစိုးရလက်ထက်တွင် PDF အပါအဝင် အခြားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံအတွင်း သံဃာတော်(၉၃)ပါးနှင့် သီလရှင် ဆရာကြီးတစ်ပါး ပျံလွန်တော်မူထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အနာဂတ်ကို ထုတ်ဖော်ပြောလာတဲ့ ဘာစီလိုနာနည်းပြဇာဗီ
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း