အနာဂတ်ကို ထုတ်ဖော်ပြောလာတဲ့ ဘာစီလိုနာနည်းပြဇာဗီ
Pika (NSS) - ဇန်နဝါရီ ၁၈
ဘာစီလိုနာအသင်းနည်းပြဇာဗီက ၎င်း၏နည်းပြရာထူးကို ဆုံးရှုံးရနိုင်ခြေရှိသည်ဆိုသည့် ကောလဟာလများနှင့်ပတ်သက်ပြီး ၎င်း၏ အနာဂတ်ကို ထုတ်ဖော်ပြောဆိုလာခဲ့ကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် နည်းပြဇာဗီ၏ နည်းလမ်းများ၊ ဆုံးဖြတ်ချက်ချမှတ်ခြင်းများနှင့်ပတ်သက်ပြီး မေးခွန်းများ စတင်ထုတ်နေပြီဖြစ်ကြောင်း ESPN သတင်းဌာနက ဖော်ပြခဲ့ပြီးနောက် ဘာစီလိုနာအသင်းတွင် ဇာဗီ၏ အနာဂတ် နှင့်ပတ်သက်ပြီး ထင်ကြေးပေးမှုများထွက်ပေါ်လာကြောင်း သိရသည်။
လာမည့်နှစ်တွင် ဘာစီလိုနာအသင်းမှ ထွက်ခွာတော့မည်ဆိုသော ကောလဟာလများရှိနေသည့်ကြားက အသက်(၄၃)နှစ်အရွယ်ဇာဗီသည် ၎င်း၏အနာဂတ်လမ်းကြောင်းများကို ဖွင့်ဟပြောဆိုလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော် ဘာစီလိုနာအသင်းကို ချစ်ပါတယ်။ အခြားအရာတစ်ခုခုကို ယူဆောင်လာပေးဖို့အတွက် ကျွန်တော် ဒီမှာရှိနေတာပါ။ အဲဒီလိုမျိုးမလုပ်ဘူးဆိုရင် ကျွန်တော် အိမ်ပြန်ရပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်မှာ လာလီဂါဆုဖလားကို မရရှိခဲ့ဘူးဆိုရင် ကျွန်တော်ဒီနေရာမှာ ရှိနေမှာ မဟုတ်ပါဘူး။ အသင်းသားတွေက ကျွန်တော်ရဲ့ ဦးဆောင်မှုနောက် ကို မလိုက်တော့တဲ့နေ့ရောက်လာရင် အထုပ်ဆွဲပြီး ထွက်သွားမှာပါ။ ပြီးတော့ တစ်စုံတစ်ယောက်က ကျွန်တော့်မှာ ပြဿနာရှိနေတယ်လို့ပြောလာရင်လည်း ထွက်သွားမှာပါ။ ဘာစီလိုနာအသင်းပိုင်ရှင်တွေ ကျွန်တော့်ကို နည်းပြ အဖြစ်ခေါ်ယူခဲ့တုန်းက အသင်းဟာ သမိုင်းတစ်လျှောက်အဆိုးရွားဆုံးအခြေအနေမှာရှိနေပြီး အပြောင်းအလဲတွေ လုပ်ဆောင်နေတဲ့အချိန်ပါ။ ဒါပေမယ့် ကျွန်တော် အေးအေးဆေးဆေးပဲ ဖြတ်သန်းခဲ့ပါတယ်။ ရှုံးနိမ့်မှုထက် အောင်မြင်ဖို့ကို ကျွန်တော်တို့ ပိုနီးစပ်နေပါတယ်" ဟု ဇာဗီက ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရန်တောင်ပိုင်းရှိ အကြမ်းဖက်အဖွဲ့များ ပုန်းအောင်သည့်နေရာများကို လေကြောင်းမှတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ပါကစ္စတန်အစိုးရအတည်ပြု
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း