အီရန်တောင်ပိုင်းရှိ အကြမ်းဖက်အဖွဲ့များ ပုန်းအောင်သည့်နေရာများကို လေကြောင်းမှတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ပါကစ္စတန်အစိုးရအတည်ပြု
Pika (NSS) - ဇန်နဝါရီ ၁၈
ဇန်နဝါရီလ(၁၈)ရက် နံနက်ပိုင်းတွင် အီရန်နိုင်ငံတောင်ပိုင်းရှိ အကြမ်းဖက်အဖွဲ့များ ပုန်းအောင်နေသည့်နေရာများ ကို လေကြောင်းမှတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ပါကစ္စတန်အစိုးရက ပြောကြားခဲ့သည်။
အဆိုပါစစ်ဆင်ရေးသည် အကြမ်းဖက်အဖွဲ့များကိုသာ ပစ်မှတ်ထားတိုက်ခိုက်သည့် တိကျသောစစ်ဆင်ရေးတစ်ခု ဖြစ်ကြောင်း ပါကစ္စတန်အစိုးရက ပြောကြားခဲ့သည်။ အီရန်အစိုးရသည် ပါကစ္စတန်နိုင်ငံအခြေစိုက် အခြားအကြမ်း ဖက်အဖွဲ့တစ်ခုကို တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက် အဆိုပါတိုက်ခိုက်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။
ပါကစ္စတန်၏ လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် Sistan-o-Balochistan ပြည်နယ်တွင် အမျိုးသမီးသုံးဦး နှင့် ကလေးငယ်(၄)ဦး အပါအဝင် အီရန်နိုင်ငံသားမဟုတ်သူ(၇)ဦး သေဆုံးခဲ့ကြောင်း အီရန်အစိုးရတာဝန်ရှိသူများ က ပြောကြားခဲ့သည်။
အဆိုပါစစ်ဆင်ရေးကို ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ(၁၈)ရက် နံနက်ပိုင်းတွင် အတည်ပြုခဲ့ပြီး မစ်ရှင်အောင်မြင်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ထို့အပြင် ပြည်သူများလုံခြုံရေး နှင့် ဘေးကင်းရေးကို ထိန်းသိမ်းရန်အတွက် လိုအပ်သည့်အရာအားလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကတိပြုခဲ့သည်။
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက "ဒီနေ့မနက်မှာ ပါကစ္စတန်တပ်ဖွဲ့တွေဟာ အီရန်နိုင်ငံ Sistan-o-Balochistan ပြည်နယ်မှာ အကြမ်းဖက်အဖွဲ့တွေ ပုန်းအောင်းနေတဲ့နေရာတွေကို တိကျတဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။ Marg Bar Sarmachar လို့ အမည်ပေးထားတဲ့စစ်ဆင်ရေးအတွင်း အကြမ်းဖက်သမားအများအပြား သေဆုံးခဲ့ပါတယ်" ဟု သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်နှစ်များအတွင်း အီရန်နယ်မြေများတွင် အခြေစိုက်သော ပါကစ္စတန်နွယ်ဖွား အကြမ်းဖက်သမားများ ပုန်းအောင်းနေသည့်နေရာများနှင့်ပတ်သက်ပြီး စိုးရိမ်မိကြောင်း ၎င်း၏ အစိုးရက ပြောခဲ့သော်လည်း အီရန်အစိုးရ က အဆိုပါတိုင်ကြားချက်များကို အရေးယူဆောင်ရွက်ပေးရန် ပျက်ကွက်ခဲ့ကြောင်း ပါကစ္စတန်နိုင်ငံခြားရေး ဝန်ကြီးဌာန က ပြောကြားခဲ့သည်။
အီရန်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို လေးစားကြောင်း နှင့် ဇန်နဝါရီလ(၁၈)ရက်က လုပ်ဆောင်ခဲ့သည့်စစ်ဆင်ရေး၏တစ်ခုတည်းသော ရည်မှန်းချက်မှာ ပါကစ္စတန်၏လုံခြုံရေးကို ထိန်းသိမ်းရန်အတွက်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာကမ်းမြောင်ဒေသရှိနေအိမ်များကို ပြန်လည်တည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ အနည်းဆုံး (၁၅) ဘီလျံ လိုအပ်ကြောင်းပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ