သိပ္ပံပညာရှင်တွေ ဖန်တီးထားတဲ့ သက်ရှိမျောက်တစ်ကောင် အသက် ၃ နှစ်ပြည့်ပြီ
ရောင်နီ (NSS) - ဇန်နဝါရီ ၁၈
၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၆ ရက်က သိပ္ပံပညာရှင်တွေ ဖန်တီးလိုက်တဲ့ မျိုးစိတ် မျောက်တစ်ကောင်ဟာ အခုဆိုရင် အသက် ၃ နှစ် ရှိပြီပဲဖြစ်ပါတယ်။
အဲဒီမျောက်ရဲ့အမည်ကတော့ Retro ဖြစ်ပါတယ်။ သူဟာ အသက်ကြီးလာတာနဲ့အမျှ ကောင်းကောင်းသန်မာလာတယ်လို့ Nature Communications Tuesday ဂျာနယ်မှာ စာရေးဆရာ ဖာလန်လုက ရေးသားခဲ့ပါတယ်။
Retro ဟာ သိပ္ပံပညာရှင်တွေ အောင်မြင်စွာ မွေးထုတ်နိုင်ခဲ့တဲ့ ဒုတိယမြောက် မျောက်မျိုးစိတ်တစ်ခုဖြစ်ပါတယ်။
"ပုံမှန်မျိုးအောင်ထားတဲ့ သန္ဓေသားလောင်းတွေနဲ့ ယှဉ်ရင် ကြီးထွားမှု အလွန်နှေးပေမယ့် သိပ္ပံနည်းစနစ်ရဲ့ ခြေလှမ်းတစ်ခုဖြစ်ပါတယ်။
သိပ္ပံပညာရှင်တွေက တိရစ္ဆာန်ရဲ့မွေးကင်းစအရွယ်ကို ဆိုမာတီယာဆဲလ် နျူကလိယ (သုတ်ပိုး သို့မဟုတ် မျိုးဥမှ မဟုတ်) ပေါင်းစပ်ပြီး ပြန်လည်တည်ဆောက်တဲ့ ပထမဆုံးသော နို့တိုက်သတ္တဝါ— Dolly the sheep— ကို ၁၉၉၆ ခုနှစ်က ဖန်တီးခဲ့ပါတယ်။ အဲဒီအချိန်ကစ သိပ္ပံပညာရှင်တွေဟာ ဝက်၊ နွား၊ မြင်းတွေနဲ့ ခွေးတွေ အပါအဝင် နို့တိုက်သတ္တဝါ မျိုးစိတ်များစွာကို မွေးထုတ်ခဲ့ပေမယ့် သန္ဓေသားလောင်းရဲ့ ရာခိုင်နှုန်းအနည်းငယ်သာ သန္ဓေသားအဖြစ် ကူးပြောင်းခဲ့ပါတယ်။
ရာနဲ့ချီပြီး မအောင်မြင်တဲ့ ပုံတူပွားဖို့ ကြိုးပမ်းမှုတွေ အတွင်း အစောပိုင်း ကိုယ်ပွားသန္ဓေသားတွေမှာ အချင်းကို ဖွဲ့စည်းတဲ့ အပြင်ဘက် အမြှေးပါးဟာ ကောင်းကောင်း မဖွံ့ဖြိုးခဲ့တာကို သိပ္ပံပညာရှင်တွေက သတိပြုမိခဲ့ပါတယ်။
အဲဒီနောက် အတွင်းဆဲလ် အစုလိုက်အပြုံလိုက် အစားထိုးခြင်းလို့ခေါ်တဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်ခဲ့ပြီး အတွင်းဆဲလ်တွေကို သန္ဓေသားလောင်းအဖြစ် ပေါင်းထည့်ကာ သန္ဓေသားကို ပုံမှန်အတိုင်း ကြီးထွားစေခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျိုင်းတုံကို ဝင်တိုက်မယ်ဆိုတဲ့သတင်း " ဝ " တပ်ဖွဲ့ငြင်း၊ ထိုင်းစစ်တပ်ခေါင်းဆောင်တွေ ခပ်စိပ်စိပ် လာတွေ့နေတာ ဘာ့ကြောင့်လဲ၊ တရုတ်နဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့စာရင်းထဲအထည့်မခံရတဲ့ NUG အဖွဲ့ တရုတ်ကို ဘာပြန်ပြောလဲ (၁၇-၁-၂ဝ၂၄)
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ