အကြီးမားဆုံးနျူကလီးယားစွမ်းအင် တိုးချဲ့မည့်အစီအစဉ်ကို ဗြိတိန်အစိုးရ ထုတ်ဖော်ပြသ
Pika (NSS) - ဇန်နဝါရီ ၁၂
ဗြိတိန်အစိုးရသည် စွမ်းအင်လုံခြုံရေးကို မြှင့်တင်ရန် နှင့် ကာဗွန်ထုတ်လုပ်မှုရည်မှန်းချက်များ ပြည့်မှီစေရန်အတွက် နှစ်ပေါင်း(၇ဝ)အတွင်း အကြီးမားဆုံးနျူကလီးယားစွမ်းအင်တိုးချဲ့မှုအဖြစ် ဖော်ပြထားသောအစီအစဉ်တစ်ခုကို ဇန်နဝါရီလ(၁၁)ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ဗြိတိန်ဝန်ကြီးများတင်ပြသည့် ambitious Civil Nuclear Roadmap တွင် ပေါင်(၃ဝ)ဘီလျံတန်ဖိုးရှိ နျူကလီးယားဓါတ်အားပေးစက်ရုံတည်ဆောက်ရန် နှင့် အဆင့်မြင့်ယူရေနီယမ်လောင်စာများ ထုတ်လုပ်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံမည့်အစီအစဉ်များ ပါဝင်ကြောင်း သိရသည်။
အဆိုပါအစီအစဉ်များသည် ၂ဝ၅ဝ ပြည့်နှစ်တွင် ဗြိတိန်နိုင်ငံ၏ နျူကလီးယားစွမ်းအားကို လေးဆ (၂၄ ဂီဂါဝပ်) ထိ တိုးစေမည်ဖြစ်ကြောင်း သိရသည်။ ဗြိတိန်ဝန်ကြီးချုပ်ဆူနက်က "နျူကလီးယားဟာ ဗြိတိန်နိုင်ငံကြုံတွေ့နေရတဲ့ စွမ်းအင်စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်မယ့်အရာတစ်ခုဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့နိုင်ငံရဲ့စွမ်းအင်လုံခြုံရေး ကိုလည်း အာမခံနိုင်ပါလိမ့်မယ်။ ဒါဟာ မှန်ကန်တဲ့ရေရှည်ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး နျူကလီးယားစွမ်းအင်ဆိုင်ရာ ကျွန်တော်တို့ကတိဝတ်တွေရဲ့နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်ပါတယ်" ဟု ပြောခဲ့သည်။
ဗြိတိန်အစိုးရသည် ရုပ်ကြွင်းလောင်စာများကို ဖယ်ရှားနိုင်ရန်အတွက် ၂ဝ၅ဝ ပြည့်နှစ်တွင် ဓါတ်ပေါင်းဖိုအသစ် (၈) ခုကို တည်ဆောက်ရန် ရည်မှန်းထားကြောင်းလည်း သိရသည်။ ထို့အပြင် နည်းပညာမြင့် ဓါတ်ပေါင်းဖိုများအတွက် လိုအပ်သော HALEU လောင်စာဆီ ထုတ်လုပ်နိုင်ရန်အတွက် ပေါင်သန်း (၃ဝဝ)ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ကတိပြုခဲ့သည်။
ဗြိတိန်အစိုးရသည် နောက်ထပ်ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကဏ္ဍများ ရရှိစေရန်အတွက် နျူကလီးယားလုပ်ငန်းများတွင် ငွေသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားကြောင်း စွမ်းအင် နှင့် ရာသီဥတုဆိုင်ရာထောက်လှမ်းရေးအဖွဲ့မှ လေ့လာသုံးသပ်သူ Jess Ralston က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကရင်စာပေကို ပဉ္စမတန်းအထိ သင်ကြားခွင့်ရရှိရန် မျှော်မှန်းဆောင်ရွက်နေ
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ