ဘုရားစေတီတော်ကို ဖျက်ဆီးခဲ့သည့် MNDAA လုပ်ရပ်အပေါ် သံဃာတော် နှင့် လူပုဂ္ဂိုလ်အများအပြား ရန်ကုန်မြို့၌ ကန့်ကွက်ဆန္ဒပြ
Pearl (NSS) - ဇန်နဝါရီ ၁၀
ဘုရားစေတီတော်ကို ဖျက်ဆီးခဲ့သည့် MNDAA လုပ်ရပ်အပေါ် သံဃာတော် နှင့် လူပုဂ္ဂိုလ်အများအပြား ရန်ကုန်မြို့၌ ကန့်ကွက်ဆန္ဒပြမှုများပြုလုပ်ခဲ့ကြသည်။
ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)သည် လောက်ကိုင်မြို့ကို ထိန်းချုပ်ပြီးနောက် MNDAA အဖွဲ့ဝင်အချို့သည် လောက်ကိုင်မြို့၊ ဆီအောကျေးရွာ၏ မြောက်ဘက် ပွိုင့် ၂၂၀၂ တောင် ကုန်းပေါ်ရှိ စေတီတစ်ဆူကို သံတူဖြင့်ထုကာ ဖျက်ဆီးခဲ့သည့် အပြုအမူများလုပ်ဆောင်ခဲ့သည်။
၎င်းလုပ်ရပ်နှင့်ပတ်သက်၍ သံဃာတော်များအပါအဝင် လူပုဂ္ဂိုလ် စုစုပေါင်း အင်အား (၁၀၀၀)ကျော်ခန့်သည် ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ သမ္မတရုပ်ရှင်ရုံရှေ့မှ မဟာဗန္ဓုလပန်းခြံရှေ့သို့ ယနေ့ (ဇန်နဝါရီလ ၁၀ ရက်)၊ နေ့လည် ၁ နာရီခွဲမှစတင်ကာ ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
"ဒီစေတီတော်ကို ဖျက်ဆီးတဲ့အပြုအမူလုပ်ရပ်ကြီးက တော့ မဖြစ်သင့်ပါဘူး။ နိုင်ငံရေး ကိစ္စက ကိစ္စပဲ။ တိုက်ပွဲတွေ ကိစ္စနဲ့ ဒီဘုရားစေတီနဲ့ကဘာမှ မဆိုင်တဲ့ ကိစ္စကို ဒါမလုပ်သင့်ဘူး ။ တိုက်ပွဲ အကြောင်းပြပြီး ဘာသာသာသနာကို ဖျက်ဆီးချင်တဲ့ ဆန္ဒနဲ့ လုပ်တယ်လို့ပဲ မြင်တယ်"ဟု ဆန္ဒပြပွဲတွင် လိုက်ပါသူတစ်ဦးက NSS ကို ပြောသည်။
ထိုသို့ဆန္ဒပြဖော်ထုတ်ရာတွင် "ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ ဘုရားစေတီများအား စော်ကားဖျက် ဆီးသူ ဒို့ရန်သူ ဒို့ရန်သူ"၊ "ဒို့ဘာသာ၊ ဒို့သာသနာ၊ ဒို့ယဉ်ကျေးမှု ဖျက်ဆီးစော်ကားသူနေများအား ဆန့် ကျင်ကြ ၊ ဆန့်ကျင်ကြ"။ "အကြမ်းဖက်အားပေးခေါင်း ဆောင်များအား အလိုမရှိ၊ အလိုမရှိ" ဟူ၍ ကြွေးကြော်ကာ ချီတတ်ဆန္ဒပြခဲ့ကြသည်။
အလားတူ ယင်းလုပ်ရပ်နှင့်ပတ်သက်၍ ယမန်နေ့ (ဇန်နဝါရီလ ၉ ရက်)တွင်လည်း မန္တလေးမြို့၌ သံဃာတော်များ ဦးဆောင်ကာ လူပုဂ္ဂိုလ်များပူးပေါင်း၍ အင်အား (၇၀၀)ခန့်ဖြင့် လမ်းလျှောက် ဆန္ဒဖော်ထုတ်ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ကလည်း ဗုဒ္ဓဘာသာဝင်အများစု ကိုးကွယ်ရာစေတီပုထိုးများအား ဖျက်စီးခြင်း၊ ဘာသာသာသနာရေး ဆိုင်ရာ အဆောက် အအုံများကို အကာအကွယ်ယူ၍ အကြမ်းဖက်တိုက် ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းလုပ်ရပ်များကို ပြင်းပြင်း ထန်ထန်ဆန့်ကျင်ကန့်ကွက်ကြောင်း ယနေ့ (ဇန်နဝါရီ လ ၁၀ ရက်) တွင် ထုတ်ပြန်ကြေညာထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်းကို လွတ်ငြိမ်းချမ်းသာခွင့်၊ ပြစ်ဒဏ်လျော့ပေါ့ခွင့် ပေးသင့်/မသင့်ကို ဆုံးဖြတ်မယ်
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း