ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်းကို လွတ်ငြိမ်းချမ်းသာခွင့်၊ ပြစ်ဒဏ်လျော့ပေါ့ခွင့် ပေးသင့်/မသင့်ကို ဆုံးဖြတ်မယ်
Pika (NSS) - ဇန်နဝါရီ ၁ဝ
မလေးရှား လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးဘုတ်အဖွဲ့က အကျင့်ပျက်လာဘ်စားမှုတွေကြောင့် ထောင်ဒဏ်ကျခံနေရတဲ့ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ကို ဒီလအတွင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ သင့်/မသင့်ကို အပြီးသတ် ဆုံးဖြတ်ဖွယ်ရှိနေကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။
မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ဟာ မလေးရှားဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ (1MDB) ရဲ့ငွေကြေးတွေကို အလွဲသုံးစားလုပ်ခြင်း၊ အကျင့်ပျက်လာဘ်စားခြင်းများ လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲခံရမှုကြောင့် ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရသူဖြစ်ကြောင်း သိရပါတယ်။
အမေရိကန်နဲ့ မလေးရှားစုံစမ်းစစ်ဆေးရေးအာဏာပိုင်များက ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ဟာ အဆိုပါရန်ပုံငွေထဲမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလျံကို အလွဲသုံးစားလုပ်တာ၊ လာဘ်စားတာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြောပါတယ်။ လက်ရှိအချိန်မှာ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ဟာ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့တောင်းခံထားပြီး မလေးရှားဘုရင်ရဲ့အကြံပေးပုဂ္ဂိုလ်များပါဝင်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ချမှတ်ရေး ဘုတ်အဖွဲ့ဟာ ဒီလအတွင်းမှာ နာဂျစ်ရာဇက်ကို လွှတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ သင့်/မသင့် ဆိုတဲ့အချက်ကို ဆုံးဖြတ် သွားဖွယ်ရှိနေပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးဘုတ်အဖွဲ့မှာ ပါဝင်တဲ့ မလေးရှားရှေ့နေချုပ်က အဆိုပါကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတရာ မှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိသေးကြောင်း သိရပါတယ်။ မလေးရှားဝန်ကြီးချုပ်နာဂျစ်ရာဇက်က သူ့အပေါ် စွဲချက်တင်ထောင်ချခြင်းများဟာ လက်ရှိဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ရဲ့ နိုင်ငံရေး ရည်ရွယ်ချက် နဲ့ လုပ်ဆောင်ခြင်းမျိုးဖြစ်ကြောင်း ဝေဖန်ထားပါတယ်။
ဝန်ကြီးချုပ်နာဂျစ်ရာဇက်ဟာ ၂ဝ၂၂ ခုနှစ် သြဂုတ်လမှာ ထောင်ဒဏ်တွေကို စတင်ခံစားခဲ့ရပြီး ပြစ်ဒဏ်လျော့ခွင့်၊ လွတ်ငြိမ်းချမ်းသာခွင့်ရမယ်ဆိုရင်လည်း ချမှတ်ခံထားရတဲ့ပြစ်ဒဏ်မှ အပြီးသတ်လွတ်မြောက်ဖွယ်မရှိသေးကြောင်း မလေးရှားအခြေစိုက်သတင်းတွေက ဖော်ပြထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမြန်လမ်းတွင် သတ်မှတ်အရှိန်ထက် ကျော်လွန်မောင်းနှင်သည့်ယာဉ်များကို ဖမ်းဆီးအရေးယူသည့် အမှုပေါင်း (၁၃၀၀၀)ကျော်ရှိခဲ့
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ