Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမြန်လမ်းတွင် သတ်မှတ်အရှိန်ထက် ကျော်လွန်မောင်းနှင်သည့်ယာဉ်များကို ဖမ်းဆီးအရေးယူသည့် အမှုပေါင်း (၁၃၀၀၀)ကျော်ရှိခဲ့

စော (NSS) - ဇန်နဝါရီ ၁၀

၂၀၂၃ ခုနှစ်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း၌ သတ် မှတ်အရှိန်ထက် ကျော်လွန်မောင်းနှင်သော ယာဉ်များကို  ဖမ်းဆီးအရေးယူခဲ့ရာ အမှုပေါင်း (၁၃၀၀၀)ကျော်ရှိခဲ့ကြောင်း နေပြည်တော် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။


အမြန်လမ်း၌ သတ်မှတ်ထားသည့်အရှိန်နှုန်းထက် ကျော်လွန်မောင်းနှင်သောယာဉ်များကို ဖမ်းဆီးကာ သက်ဆိုင်ရာတရားရုံးများသို့ တရားစွဲတင်ပို့ခဲ့သည့် အမှုပေါင်း(၁၃၀၁၉)မှုရှိကြောင်း သိရသည်။

“ဒဏ်ငွေချမှတ်တယ်ဆိုတဲ့နေရာမှာလည်း တရားရုံးတစ်ရုံးနဲ့တစ်ရုံးတော့ မတူဘူးပေါ့။ တစ်ချို့ကျအနည်း ဆုံးပြစ်ဒဏ်ချတယ်။ တစ်ချို့ကျတော့လည်း ထိထိရောက်ရောက်ဖြစ်အောင်ဆိုပြီး ဒဏ်ငွေရဲ့အမြင့်ဆုံးပြစ်ဒဏ်ချတာရှိတယ်။ လှည်းကူးမြို့နယ် တရားရုံးရယ်၊ နေပြည်တော် မော်တော်ယာဉ် တရားရုံးရယ်၊ တံတားဦးမြို့နယ် မော်တော်ယာဉ်တရားရုံးတို့မှာဆိုရင် အမြင့်ဆုံးဒဏ်ငွေဖြစ်တဲ့ ဒဏ်‌ငွေတစ်သိန်းထိ ချမှတ်ပါတယ်။ ဖြူးနဲ့သီကုန်းမှာဆိုရင် ဒဏ်ငွေငါးသောင်းနဲ့ တစ်သိန်းကြားပေါ့။ တရားသူကြီးရဲ့ဆုံးဖြတ်ချက်နဲ့ ဒဏ်ငွေချပါတယ်” ဟု နေပြည်တော်ရှိ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။

အမြန်လမ်း၌ဖြစ်ပွားနေသည့် အမှုများကို လှည်းကူးမြို့ နယ် မော်တော်ယာဉ်တရားရုံး၊ ဖြူးမြို့နယ် မော်တော် ယာဉ်တရားရုံး၊ ဇမ္ဗူသီရိမြို့နယ်ရှိ မော်တော်ယာဉ်တရားရုံး၊ မိတ္ထီလာမြို့နယ် မော်တော်ယာဉ်တရားရုံး နှင့် တံတားဦးမြို့နယ် မော်တော်ယာဉ်တရားရုံးများတွင် အရေးယူလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့က အရှိန်နှုန်းတိုင်းတာတဲ့ စက်တွေကို လမ်းမကြီးတစ်လျှောက်မှာ ဖြန့်ခွဲထားပြီးတော့ နေရာပေါင်းစုံက မော်တော်ယာဉ်တွေ သတ်မှတ်အရှိန်နှုန်းထက် ကျော်လွန်မောင်းနှင်တာ မရှိစေဖို့  စက်နဲ့တိုင်း တာပါတယ်။ တိုင်းတာတဲ့အခါမှာ မော်တော်ယာဉ်တွေ ကျော်လွန်တဲ့အရှိန်ကော၊ ယာဉ်ရဲ့ ပုံရိပ်ကိုကော တစ်ခါတည်းဖမ်းပြီးတော့ လမ်းမကြီးတစ်လျှောက်မှာရှိတဲ့ လမ်းအသုံးပြုခကောက်ခံတဲ့တိုးဂိတ် နဲ့ Mini တိုးဂိတ်တွေမှာ တာဝန်ချထားတဲ့ တပ်ဖွဲ့ဝင်တွေကို ပို့ပါတယ်။ ပို့လိုက်တဲ့ ပုံတွေနဲ့ တိုက်ဆိုင်ပြီးတော့မှ အဲဒီကားတွေကို ၂၀၁၀ ပြည်နှစ် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေနဲ့ ကျွန်တော်တို့က အမှုဖွင့်ပြီးတော့မှ သက်ဆိုင် ရာ မြို့နယ်တရားရုံးတွေမှာ ဒဏ်ငွေဆောင်စေပါတယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ရန်ကုန်-မန္တလေး အမြန်လမ်း၌ ယာဉ်အမျိုး အစားပေါ်မူတည်၍ မောင်းနှင်ရမည့် ကီလိုမီတာများကို သတ်မှတ်ထားကြောင်း သိရသည်။

ထို့ကြောင့် အိမ်စီးယာဉ်များအတွက် တစ်နာရီလျှင် ကီလိုမီတာ (၁၀၀)၊ ခရီးသည် express ယာဉ်များအတွက် ကီလိုမီတာ (၉၀) နှင့် Light Truck၊ Hijet၊ Telematics စနစ်တပ်ထားသည့် ကုန်တင်ယာဉ်များအတွက်  ကီလိုမီတာ (၆၀)အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

အလားတူ အမြန်လမ်း၌ ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း  အသက်ကယ် ခါးပတ်မပတ်သည့် အမှုပေါင်း (၁၉၀၆)မှု ရှိပြီး တစ်မှုလျှင် ဒဏ်ငွေ ကျပ်(၃)သောင်းစီ ဒဏ်ရိုက်ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန် နှင့် ဗြိတိန်တပ်ဖွဲ့တို့က ဟူသီလက်နက်ကိုင်အဖွဲ့၏ ဒရုန်း နှင့် ဒုံးကျည်များကို ပင်လယ်နီအတွင်း ပစ်ချခဲ့ဟုဆို

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved