Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လက်နက်ကိုင်အဖွဲ့များသည် နယ်မြေလုလာသည့်အပြင် ဘာသာရေးကိုပါ စော်ကားလာသည့်အတွက် ပြန်လည်တွန်းလှန်သွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

Pearl (NSS) -  ဇန်နဝါရီ ၁၀

လက်နက်ကိုင်အဖွဲ့များသည် နယ်မြေလုလာသည့်အပြင် ဘာသာရေးကိုပါ စော်ကားလာသည့်အတွက် ပြန်လည်တွန်းလှန်သွားမည်ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ ဇန်နဝါရီလ ၉ ရက်တွင်  နိုင်ငံတွင်းဖြစ်ပေါ်နေသည့်အ‌ခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။


ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)သည် လောက်ကိုင်မြို့ကို ထိန်းချုပ်ခဲ့ပြီးနောက် ၎င်းတို့၏ တပ်ဖွဲ့ဝင်အချို့သည် လောက်ကိုင်မြို့၊ ဆီအောကျေးရွာ၏ မြောက်ဘက် ပွိုင့် ၂၂၀၂ တောင် ကုန်းပေါ်ရှိ စေတီတစ်ဆူကို သံတူဖြင့်ထုကာ ဖျက်ဆီးခဲ့သည့် အပြုအမူများလုပ်ဆောင်ခဲ့သည်။ 

အဆိုပါလုပ်ရပ်သည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများအပေါ်တွင်  စော်ကားခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများကြား သွေးကွဲနေမှုများကို သပ်လျှိုခြင်း၊ သွေးကွဲနေမှုများအပေါ်တွင် အခွင့်ကောင်းယူခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။ 

"လက်နက်ကိုင်သောင်းကျန်းမှု၊ လက်နက်ကိုင်နယ်မြေလုမှုတွေကနေ လက်နက်ကိုင်ပြီး ဘာသာရေးကိုပါ စော်ကားတဲ့ တစ်မျိုးသားလုံး အမြတ်တနိုးထားတဲ့ ဘာသာရေးကိုပါ စော်ကားတဲ့အပြုအမူများနဲ့ သွေးတိုးစမ်းလာတာတွေသည် မြန်မာပြည်သူလူ ထုတစ်ရပ်လုံးအတွက် မြန်မာပြည်သူတစ်ရပ်လုံးကို စော်ကားခြင်း၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးအတွက် များစွာသော စိတ်ထိခိုက်မှုဖြစ်ရပါတယ်။ ဒါတွေကို ကျွန်တော်တို့အနေနဲ့ ပြန် လည်ပြီး တွန်းလှန်သွားရမယ်။ ပြန်လည်ပြီး သွေးစည်းသွားရမယ်။ ပြန်လည်ပြီး ညီညွတ်သွားရမှာဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။

ပြီးခဲ့သော ဒီဇင်ဘာလတွင်လည်း မူဆယ်မြို့အဝင် လွယ်တိန်ခမ်းတောင်ပေါ်ရှိ ရပ်တော်မူဘုရားကျောင်းဝင်း၊ ဘုန်းကြီး ကျောင်းဝင်းကို အကြမ်းဖက်သမားများက Drop Bomb များဖြင့်  ပစ်ချတိုက်ခိုက်မှုကြောင့် ဘုရားဝန်းအတွင်းရှိ သာသနိကအ ဆောက်အဦးအချို့ ထိခိုက်ပျက်စီးသည့် ဖြစ်စဉ်ဖြစ်ပွားဖူးသည်။ 

ထို့ပြင် အခြားသော လက်နက်ကိုင်များအနေဖြင့်လည်း ဘုရားစေတီများအပေါ်တွင် အကာအကွယ်ယူ၍  ပစ်ခတ်မှုများနှင့် ခံစစ်စခန်းပြုလုပ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း  ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ပွိုင့် ၂၂၀၂ တောင်ကုန်းပေါ်ရှိ စေတီတစ်ဆူကို သံတူဖြင့်ထုကာ ဖျက်ဆီးခဲ့သည့် အပြုအမူနှင့်ပတ်သက်၍လည်း သံဃာတော်များဦးဆောင်ကာ လူပုဂ္ဂိုလ်များပူးပေါင်း၍ အင်အား (၇၀၀)ခန့်ဖြင့် လမ်းလျှောက်ဆန္ဒဖော်ထုတ်ကန့်ကွက်ခြင်းအား မန္တလေးမြို့၌ ယမန်နေ့ (ဇန်နဝါရီလ ၉ ရက်)တွင် ပြုလုပ်ခဲ့ကြသည်။  

MNDAA အဖွဲ့အနေဖြင့်လည်း လက်အောက်ငယ်သား၏ တပ်စည်းမျဉ်းစည်းကမ်းညံ့ဖျင်းမှုနှင့် အရည်အချင်းမရှိသော လုပ် ဆောင်မှုအတွက်လည်း လွန်စွာတောင်းပန်အပ်ပါကြောင်းလည်း ထုတ်ပြန်ထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မင်းပြားတွင် ယနေ့ နံနက်ပိုင်းမှစတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး ဖုန်းလိုင်းအချို့လည်း ပြတ်တောက်နေ

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved