ဗုဒ္ဓဘာသာဝင်များ၏ ဘုရားစေတီတော်ကို သံတူဖြင့် ထုကာဖျက်ဆီးခဲ့မှုအပေါ် MNDAA အဖွဲ့ ပြန်လည်တောင်းပန်
မြူနစ် (NSS) - ဇန်နဝါရီ ၉
ဗုဒ္ဓဘာသာဝင်များ၏ ဘုရားစေတီတော်ကို သံတူဖြင့် ထုကာဖျက်ဆီးခဲ့မှုအပေါ် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA က ပြန်လည်တောင်းပန်လိုက်သည်။
MNDAA ၏ အောက်ခြေငယ်သားတစ်ဦးက ဘုရားစေတီကို ဖျက်ဆီးခဲ့သော ရုပ်သံဗီဒီယိုဖိုင်နှင့်ပတ်သက်၍ ယနေ့(ဇန်နဝါရီ လ ၉ ရက်)တွင် ထုတ်ပြန်ချက်ထုတ်ကာ အထက်ပါကဲ့သို့ တောင်းပန်လိုက်ခြင်းဖြစ်သည်။
သံတူဖြင့် ဘုရားစေတီတော်ကို ရိုက်ထုခြင်းသည် MNDAA မှ အမိန့်ပေးခြင်းမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ လုပ်ရပ်သာဖြစ် ကြောင်း ပျံ့နှံ့ခဲ့သော ဗီဒီယိုဖိုင်နှင့်ပတ်သက်၍ MNDAA အဖွဲ့က ဖြေရှင်းထားသည်။
ထို့ပြင် MNDAA အဖွဲ့အနေဖြင့် လက်အောက်ငယ်သား၏ တပ်စည်းမျဉ်းစည်းကမ်းညံ့ဖျင်းမှုနှင့် အရည်အချင်းမရှိသော လုပ် ဆောင်မှုအတွက်လည်း လွန်စွာတောင်းပန်အပ်ပါကြောင်းလည်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် အထက်ပါကိစ္စနှင့်ပတ်သက်၍ ကျူးလွန်သူကို အရေးယူအပြစ်ပေးရန် ညွှန်ကြားထားကြောင်းနှင့် အရာရှိနှင့်စစ် သည်များအနေဖြင့်လည်း ဘာသာရေးလွတ်လပ်မှုကို လေးစားရန် နှင့် ဘာသာရေးအဆောက်အအုံများကို အလေးထား အကာ အကွယ်ပေးရန် ညွှန်ကြားထားကြောင်း ထပ်မံထုတ်ပြန်ထား သည်။
MNDAA အဖွဲ့ဝင်တစ်ဦး သံတူဖြင့် ရိုက်ထုခဲ့သော စေတီတော် သည် လောက်ကိုင်မြို့ ပွိုင့် ၂၂၀၂ တောင်ကုန်းပေါ်ရှိ စေတီတစ်ဆူဖြစ်ပြီး ၎င်းစေတီတော်ကို ပြီးခဲ့သော ၂၀၁၅ ခုနှစ်တွင် တပ်မ တော်သားများနှင့် မိသားစုဝင်များ စုပေါင်းကာ တည်ထားကိုး ကွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ ဘုရားစေတီပုထိုးများကို ဖြိုဖျက်သည့်လုပ်ရပ်အား ပြင်း ပြင်းထန်ထန်ကန့်ကွက်ရှုံ့ချကြောင်း IBEC ဆရာတော်ဦးသောဘိတက NP News ကို မိန့်ကြားထားသည်။
“ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေ၊ ယုံကြည်မှုတွေကို ဘယ်လိုအဖွဲ့အစည်းကမှ မစော်ကားရ ဘူးလေ။ အဲဒီလိုတွေလုပ်တာက ဒီမိုကရေစီချိုးဖောက်တယ်။ ယဉ် ကျေးမှုတွေကို ချိုးဖောက်တဲ့အတွက် ကုလသမဂ္ဂရဲ့စံတန်ဖိုးအရ မကိုက်ညီဘူး။ မကိုက်ညီတဲ့အတွက် တကယ်လို့ လုပ်ခဲ့တယ်ဆိုရင်တော့ IBEC ကျောင်းတော်အနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ Icon ဖြစ်တဲ့ ဗုဒ္ဓဘာသာဘုရားပုထိုးတွေ၊ စေတီတွေကို အဲဒီ လိုလုပ်တာကိုတော့ ပြင်းပြင်းထန်ထန်ရှုံ့ချတယ်။ ကန့်ကွက်တယ်”ဟု ဆရာတော်ဦးသောဘိတက မိန့်ကြားသည်။
ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA အနေဖြင့် လောက်ကိုင်မြို့ကို အလုံးစုံထိန်းချုပ်ပြီးနောက်ပိုင်း၌ အထက်ပါကဲ့သို့ လုပ်ရပ်မျိုးထွက်ပေါ်လာခဲ့ခြင်းပြီး ၎င်းလုပ်ရပ်နှင့်ပတ်သက်၍လည်း မန္တလေးတိုင်းအတွင်း၌ ကန့်ကွက်ဆန္ဒပြပွဲများ ပြုလုပ်နေလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လောက်ကိုင်မြို့ရှိ စေတီတော်တစ်ဆူအား တူဖြင့်ရိုက်ဖျက်ခဲ့သည့်လုပ်ရပ်အား သံဃာတော်များဦးဆောင်၍ ဆန္ဒဖော်ထုတ်ကန့်ကွက်
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း