တရုတ်နိုင်ငံတွင် ပထမဆုံးပြည်တွင်းထုတ် လျှပ်စစ်လေယာဉ်ကို အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ဟုဆို
Pika (NSS) - ဇန်နဝါရီ ၆
တရုတ်နိုင်ငံ၏ ပထမဆုံးပြည်တွင်းထုတ် လျှပ်စစ်လေယာဉ်သည် ယခုသီတင်းပတ်အတွင်း ၎င်း၏ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှုကို အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။
China Aviation Industry General Aircraft Corporation ကုမ္ပဏီမှ ထုတ်လုပ်သည့် AG60E လေယာဉ်သည် ဇန်နဝါရီလ(၃)ရက်တွင် တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ်ရှိ Jiande Qiandaohu လေဆိပ်မှ အောင်မြင်စွာပျံတက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ AG60E လေယာဉ်သည် စမ်းသပ်ပျံသန်းမှုကို ခေတ္တလုပ် ဆောင်ခဲ့ပြီးနောက် Jiande Qiandaohu လေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ကြောင်း China Daily က ဖော်ပြခဲ့သည်။
AG60E လေယာဉ်သည် AG60 ဗားရှင်းကို ပြန်လည်ပြုပြင်ထားခြင်းဖြစ်ပြီး သတ္တုဖြင့်တည်ဆောက်ထားပြီး ဘေးချင်းကပ်ခုံနှစ်ခုံ၊ အင်ဂျင်တစ်လုံးတို့ပါဝင်သော ပေါ့ပါးသည့် လျှပ်စစ်လေယာဉ်ဖြစ်ကြောင်း သိရသည်။
AG60 လေယာဉ်ကို အရပ်ဘက်ရည်ရွယ်ချက်များဖြစ်သည့် လေ့ကျင့်ပျံသန်းမှုများ၊ စိုက်ပျိုးရေးစစ်တမ်းများ နှင့် လေကြောင်းမှကြည့်ရှုခြင်းတို့အတွက် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ကြောင်း သိရသည်။ AG60E လျှပ်စစ်လေယာဉ် သည် စုစုပေါင်းအရှည်(၆ ဒသမ ၉) မီတာရှိပြီး တောင်ပံအရှည်(၈ ဒသမ ၆) မီတာရှိကာ အမြင့်ဆုံးမြန်နှုန်းမှာ တစ်နာရီလျှင်(၁၈၅)ကီလိုမီတာထိရှိကြောင်း ဆင်ဟွာသတင်းအေဂျင်စီ၏ ဖော်ပြချက်အရ သိရသည်။
ထို့အပြင် ပုံသေတောင်ပံလေယာဉ်များ၏ လျှပ်စစ်ဗားရှင်းဖွံ့ဖြိုးတိုးတက်မှုများသည် ထွန်းသစ်စစက်မှုလုပ်ငန်းများ ကို အထောက်အကူဖြစ်စေကြောင်း ထုတ်လုပ်သူက ပြောကြားခဲ့သည်။ အခြားနိုင်ငံများတွင်လည်း လျှပ်စစ်လေယာဉ်များကို တီထွင်ထုတ်လုပ်ခဲ့ဖူးကြောင်း သိရသည်။
Israel's Eviation ကုမ္ပဏီမှ တည်ဆောက်ထားသော ကမ္ဘာ့ပထမဆုံးလျှပ်စစ်ခရီးသည်တင်လေယာဉ်၏ ရှေ့ပြေး ပုံစံသည် ၂ဝ၂၂ ခုနှစ် စက်တင်ဘာလတွင် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှာ ၎င်း၏ ပထမဆုံး စမ်းသပ်ပျံသန်းမှုကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် Rolls Royce ကုမ္ပဏီသည် ကမ္ဘာ့အမြန်ဆုံး လျှပ်စစ်လေယာဉ်ဟု ခေါ်ဆိုသည့် လျှပ်စစ်လေယာဉ်ကို ၂ဝ၂၁ ခုနှစ်တွင် ထုတ်ဖော်ပြသခဲ့ဖူးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အနောက်အုပ်စုနိုင်ငံများက ယူကရိန်းသို့ထောက်ပံ့ပေးခဲ့သည့်အကူအညီများ၏ စုစုပေါင်းတန်ဖိုးကို ရုရှားစစ်ဘက် ခန့်မှန်း
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ