ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား မနက်ဖြန်မှစတင်၍ ကျင်းပသွားမည်
ကျော် (NSS) - ဒီဇင်ဘာ ၂၅
ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား မနက်ဖြန် (ဒီဇင်ဘာလ ၂၆)ရက်မှစတင်၍ ကျင်းပသွားမည်ဖြစ်ကြောင်း ဗိုလ်တထောင်စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။
မနက်ဖြန်(ဒီဇင်ဘာလ ၂၆)ရက်၊ နံနက် ၉ နာရီမှ ဒီဇင်ဘာလ ၃၀ ရက်၊ နံနက် ၉ နာရီအထိအား အသံမစဲမဟာပဋ္ဌာန်းကျမ်းတော်မြတ်ရွတ်ဖတ်ပူဇော်ခြင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒီဇင်ဘာလ ၂၇ ရက်၊ နံနက် ၅ နာရီ၌ ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ဆရာတော်၊ သံဃာတော်အပါး(၉၀)မှ ဗုဒ္ဓဘိသေကအနေကဇာတင်၍ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာ၊ ဆွမ်း၊ သစ်သီးများ ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ဒီဇင်ဘာလ ၃၁ ရက်၊ နေ့လည် ၃ နာရီတွင်လည်း အကြိမ်(၅၀) မြောက်အဖြစ် သံဃာတော်(၁၀၈)ပါးနှင့်သီလရှင်(၃၆)ပါးတို့အား ဗိုလ်တထောင်စေတီတော်ရင်ပြင်တော်ပေါ်၌ ဆွမ်းဆန်စိမ်းများလောင်းလှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
FIFA-MFF U17 League 2023 ပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်သည့် အသင်း (၆)သင်းထွက်ပေါ်လာ
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း