မန်းရွှေစက်တော်ဘုရား၏ အောက်စက်တော်ရာဘုံ(၇)ဆင့်ကိုပြန်လည်ပြုပြင်၍ ပန်းပုလက်ရာများနှင့်အတူ ရွှေချခြင်းများပြုလုပ်မည်
ကျော်(NSS) - ဒီဇင်ဘာ ၂၃
မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား၏ အောက်စက်တော်ရာဘုံ(၇)ဆင့်ကိုပြန်လည်ပြုပြင်၍ ပန်းပုလက်ရာများနှင့်အတူ ရွှေချခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
မန်းရွှေစက်တော်ဘုရား၏ အောက်စက်တော်ရာဘုံ(၇)ဆင့်နှင့်ရှေးဟောင်းပန်းပုလက်ရာများအား ရွှေအစစ်ဖြင့်ကပ်ထားခြင်းဖြစ်ပြီး ပြန်လည်ပြုပြင်ခြင်းများပြုလုပ်ရာ၌ ရွှေခွာခြင်းလုပ်ငန်းလုပ်ကိုင်ရန် တင်ဒါခေါ်ယူရာတွင် အောင်မြင်ခဲ့သည့် သိဒ္ဒိရှင်ရွှေဆိုင်းလုပ်ငန်းမှ ရွှေခွာခြင်းများကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
"တင်ဒါအောင်တဲ့ ရွှေဆိုင်းလုပ်ငန်းရှင်က ရွှေခွာတာတွေလုပ်နေပြီ။ မန်းရွှေစက်တော်ဘုရားရဲ့ ဗုဒ္ဓပူဇနိယပွဲတော်မတိုင်ခင်မှာ အလုံးစုံပြီးစီးအောင်ဆောင်ရွက်ဖို့ ပြောထားပါတယ်။ ဘုံ(၇)ဆင့်ကိုပြန်ပြီးပြုပြင်တာတွေကိုလည်း ဘုရားပွဲတော်မစခင် အချိန်မီပြီးစီးအောင်လုပ်ဆောင်သွားမှာပါ"ဟု မန်းရွှေစက်တော် ဘုရားပွဲ တော်ကျင်းပရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ထို့ပြင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးနေသည့် ပန်းပုလက်ရာများကိုလည်း ရှေးမူမပျက်ပြန်လည်ပြုပြင်၍ ရွှေချသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
လက်ရှိအချိန်၌ မန်းရွှေစက်တော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲ တော်မကျင်းပမီ ဘက်စုံပြုပြင်မွန်းမံမှုများပြုလုပ်လျက်ရှိရာ အောက်စက်တော်ရာနှင့်အထက်စက်တော်ရာဘုရားမျက်နှာကျက်များတွင် ရှေးဟောင်းလက်ရာယွန်းအလှပန်းများတပ်ဆင်ခြင်းကို ပုဂံမှယွန်းပညာရှင်များက လာရောက်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်သို့လာရောက်မည့်သူများအဆင်ပြေစေရန် မင်းဘူးခရိုင်လမ်းဦးစီးဌာနမှ မန်းရွှေစက်တော်ဘုရားအဝင်(၃)မိုင်လမ်း၌ Box Culvert တံတားနှစ်စင်းကိုတည်ဆောက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်မှစတင်ကာ မင်းဘူးခရိုင်လမ်းဦးစီးဌာနမှ မန်းရွှေစက်တော်ဘုရားအဝင် (၃)မိုင်လမ်းရှိ မိုင်တိုင်အမှတ် ၁ / ၆ နှင့် ၂ / ၀ ကြားတွင် Box Culvert တံတားနှစ်စင်းကိုတည်ဆောက်နေခြင်းဖြစ်ကာ မြေထိန်းနံရံ၊ လမ်းတာဘောင်မြှင့်တင်ခြင်း နှင့် ကတ္တရာလမ်းသစ်ခင်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေးလုပ်ငန်းကော် မတီမှ မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်သို့လာရောက်သည့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ တည်း ခိုနေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် တည်းခိုဆောင် နှင့် စျေးဆိုင်ခန်းပေါင်း ၁၂၀၀ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မန်းရွှေစက်တော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်မှစတင်၍ ရက်ပေါင်း ၆၄ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်ကာပူနိုင်ငံ ရီချွန်မြို့မှာ အကောက်ခွန်မဲ့ စီးကရက်ပုံး (၂၉၀၀) သိမ်းဆည်းရမိ
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း