စင်ကာပူနိုင်ငံ ရီချွန်မြို့မှာ အကောက်ခွန်မဲ့ စီးကရက်ပုံး (၂၉၀၀) သိမ်းဆည်းရမိ
ရောင်နီ (NSS) - ဒီဇင်ဘာ ၂၃
စင်ကာပူနိုင်ငံ ရီချွန်မြို့မှာ အခွန်မဆောင်ရသေးတဲ့ စီးကရက်ပုံး ၂၉၀၀ ကို အကောက်ခွန်အရာရှိတွေက ဒီဇင်ဘာလ ၂၀ ရက်က သိမ်းဆည်းရမိခဲ့ပါတယ်။
၎င်းရဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှု အခွန်တိမ်းရှောင်မှုဟာ အမေရိကန်ဒေါ်လာ ၃၄၂,၁၃၄ ထိ ရှိနေပြီဖြစ်ပါတယ်။ ဒီအတွက် အသက် ၃၁ နှစ်အရွယ် စင်ကာပူနိုင်ငံသားတစ်ဦးကို ဖမ်းဆီးထားတယ်လို့ စင်ကာပူအကောက်ခွန်က ပြောပါတယ်။ Yishun Avenue 5 ရှိ ကားပါကင်မှာ စစ်ဆင်ရေးအဖြစ် စီးနင်းရှာဖွေခဲ့တာဖြစ်ပြီး အခွန်မဆောင်ရသေးတဲ့ စီးကရက်များ ပါ၀င်တယ်လို့ သံသယရှိတဲ့ ဗင်ကားတစ်စီးကို အမျိုးသားတစ်ဦးနဲ့အတူ တွေ့ရှိခဲ့ကာ ဗင်ကားရဲ့ ကုန်တင်ခန်းအတွင်း သိမ်းဆည်းထားတဲ့ အခွန်မဆောင်ရသေးတဲ့ စီးကရက်ပုံးတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။ စစ်ဆေးချက်များအရ အဆိုပါအမျိုးသားဟာ အခွန်မဆောင်ရသေးတဲ့ စီးကရက်ဘူးပါတဲ့ သေတ္တာတွေကို အခြားနေရာတွေဆီ ပေးပို့ဖို့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ စင်ကာပူ အကောက်ခွန်က အဆိုပါ အမျိုးသားကို တရားရုံးမှာ တရားစွဲဆိုလိုက်ပါတယ်။
စင်ကာပူမှာ အခွန်မဆောင်ရသေးတဲ့ ကုန်ပစ္စည်းတွေ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လက်ဝယ်ထားရှိခြင်းတွေဟာ ကြီးလေးတဲ့ ပစ်မှုတစ်ခုဖြစ်ပါတယ်။ ကျူးလွန်သူတွေဟာ အခွန်ပမာဏရဲ့ အဆ ၄၀ အထိ ဒဏ်ရိုက်ခံရနိုင်ပြီး GST တိမ်းရှောင်မှု၊ သို့မ ဟုတ် ထောင်ဒဏ် ခြောက်နှစ်အထိ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေခံရနိုင်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
MNDAA က နေရပ်စွန့်ခွာတိမ်းရှောင်နေသူများကို အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ ပြန်ပေးဆွဲခြင်းများ လုပ်ဆောင်နေဟု လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း