မြန်မာ-တရုတ်နှစ်နိုင်ငံ အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ်များ၌ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရန် တရုတ်ဘက်မှဆန္ဒရှိနေ
Pearl (NSS) - ဒီဇင်ဘာ ၂၂
မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံ၊ ကွမ်ရှီးဒေသတို့အကြား အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ်များတွင် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် တရုတ်နိုင်ငံဘက်မှ ဆန္ဒရှိနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၉) ရက်တွင် နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်း နှင့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်း အကောက်ခွန်ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Yang Baoqing နှင့်အဖွဲ့အား နန်နင်းအကောက်ခွန်ဌာန၊ ဧည့်ခန်းမ၌ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Yang Baoqing က မြန်မာနိုင်ငံနှင့် ကွမ်ရှီးဒေသတို့အကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရန် နှင့် အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ်များတွင် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် E-certificate ကို အသုံးပြုသည့်နည်းလမ်းများ နှင့် Sanitary and Phytosanity (SPS) measures များ မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် တရုတ်-အာဆီယံ အစား အစာဘေးကင်းလုံခြုံရေးအစီအစဉ်များအတွက် ပူး ပေါင်းဆောင်ရွက်နိုင်ရေး အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် မြန်မာ နိုင်ငံနှင့်ပူးပေါင်းပြီး စီးပွားရေးကဏ္ဍအပြင် အခြားသော ကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဒီဇင်ဘာလ ၂၂ ရက်အတွင်း ပြည်တွင်းနှင့် ပြည်ပက ထူးခြားသတင်းများ
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ