ဗန်းမော်ကျောင်းတိုက်ရှိ ဝိဇ္ဇာစရဏကျောင်းဆောင်တော်အား ဗန်းမော်ဆရာတော်ကြီး၏ အထိမ်းအမှတ်ပြတိုက်အဖြစ် ပြုလုပ်မည်
ကျော် (NSS) - ဒီဇင်ဘာ ၁၂
မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်ရှိ ဝိဇ္ဇာစရဏကျောင်းဆောင်တော်အား နဝမမြောက် ဗန်းမော်ဆရာတော်ကြီး ၏ အထိမ်းအမှတ်ပြတိုက်အဖြစ်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆရာတော်ကြီး၏ တပည့်ဒကာ၊ ဒကာမများထံမှ သိရသည်။
ထိုသို့ ဝိဇ္ဇာစရဏကျောင်းဆောင်တော်အား ဗန်းမော်ဆရာတော်ကြီး၏ အထိမ်းအမှတ်ပြတိုက်အဖြစ် ပြုလုပ်နိုင်ရန် သာသနာရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းအစိုးရအဖွဲ့နှင့် ဆရာတော်ကြီး၏တပည့် ဒကာ၊ဒကာမများ၊ အလှူရှင်များ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ကိုးကွယ်ရတဲ့ ဆရာတော်ကြီးသီတင်းသုံးတော်မူခဲ့တဲ့ကျောင်းဆောင်ကို ဒီအတိုင်းထားလိုက်တာ ထက်စာရင် ဆရာတော်ကြီးရဲ့အငွေ့အသက်တွေ မမေ့ပျောက်နိုင်ဖို့အတွက် ဆရာတော်ကြီးရဲ့ အထိမ်းအမှတ် ပြတိုက်အဖြစ် ဆောင်ရွက်နေတာပါ" ဟု ဗန်းမော်ဆရာတော်ကြီး၏ တပည့်ဒါယကာတစ်ဦးဖြစ်သည့် ဦးချိုမြင့်က ပြောသည်။
ထိုသို့ ဝိဇ္ဇာစရဏကျောင်းဆောင်တော်အား နဝမမြောက် ဗန်းမော်ဆရာတော်ကြီး၏ အထိမ်းအမှတ်ပြတိုက်အဖြစ် ဆောင်ရွက်ရန် လက်ရှိအချိန် ၌ အဆောက်အဦးကို ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
အထိမ်းအမှတ်ပြတိုက်ပြင်ဆင်ဆောင်ရွက်ပြီးပါက ပြတိုက်အတွင်း၌ ဆင်းတုတော်များ၊ ဗန်းမော်ဆရာတော် ဘုရားကြီး၏ ရုပ်တုများ၊ ဗန်းမော်ဆရာတော်ကြီး၏ ကြွင်းကျန်ရစ်သည့် ဓာတ်တော်မွေတော်များ၊ ဘွဲ့ထူး ဂုဏ်ထူး ဆုတံဆိပ်တော်များ၊ ဗန်းမော်ဆရာတော်ကြီး ရေးသားပြုစုခဲ့သော စာအုပ်နှင့်အဆိုအမိန့်များ၊ ပြည်ပမှလှူဒါန်းထား သော အသုံးအဆောင်ပစ္စည်းများကိုခင်း ကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ဗန်းမော်ဆရာတော်ကြီးသည် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဥ်ရပ်ကွက်ရှိ ဗန်းမော်ကျောင်းတိုက်၌ သီတင်းသုံးနေတော်မူစဥ် မေ ၂၅ ရက်ည ၁၁ နာရီ ၁၁ မိနစ်က ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်သည်။
ပျံလွန်တော်မူချိန်၌ ဗန်းမော်ဆရာတော်ကြီးသည် သက်တော် (၉၄)နှစ် ဝါတော်(၇၄)ဝါရှိပြီဖြစ်ကာ ကြွင်းကျန်ရစ် သည့်ရုပ်ကလာပ်တော်အား ဇွန် ၆ ရက်တွင် ချမ်းမြသာစည်လေဆိပ် (ဟောင်း)တွင် မီးပူဇော်ခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေးအမြန်လမ်း၌ ကားတစ်စီး တိမ်းမှောက်ခဲ့ရာ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း