ရန်ကုန်-မန္တလေးအမြန်လမ်း၌ ကားတစ်စီး တိမ်းမှောက်ခဲ့ရာ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ
စော (NSS) - ဒီဇင်ဘာ ၁၂
ရန်ကုန်-မန္တလေးအမြန်လမ်း၌ ကားတစ်စီး တိမ်းမှောက်ခဲ့ရာ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စကားအင်းအမြန်လမ်း မီးသတ်စခန်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာ ၁၂ ရက်)၊ နံနက် (၁ဝ)နာရီအချိန်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၄၉/၇)နှင့် (၃၅ဝ/ဝ)အကြား၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ SOJEN Pickup အိမ်စီးကားသည် တောင်သာမှ မန္တလေးမြို့သို့ လာရောက်စဉ် လမ်းဘေးသို့ ထိုးကျ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
“သူက လမ်းချော်ပြီးတော့ လမ်းဘေးကိုဆင်းပြီး မှောက်သွားတာပါ။ ထိခိုက်ဒဏ်ရာက အမျိုးသမီးတစ်ယောက်ထဲ ပါ။ မစိုးရိမ်ရပါဘူး” ဟု စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
၎င်းယာဉ်ပေါ်တွင် အမျိုးသား (၄)ဦး နှင့် အမျိုးသမီး (၃)ဦးတို့ လိုက်ပါစီးနင်းခဲ့ရာ ယာဉ်တိမ်းမှောက်မှုကြောင့် အသက် (၅၅)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးအား တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၁၁) လအတွင်း YBS ယာဉ်များ၏ စည်ကမ်းချိုးဖောက်မှုပေါင်း (၂၆ဝဝဝ)နီပါးရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း