(၁၁) လအတွင်း YBS ယာဉ်များ၏ စည်ကမ်းချိုးဖောက်မှုပေါင်း (၂၆ဝဝဝ)နီပါးရှိ
စော (NSS) - ဒီဇင်ဘာ ၁၂
(၁၁) လအတွင်း YBS ယာဉ်များ၏ စည်ကမ်းချိုးဖောက်မှုပေါင်း (၂၆ဝဝဝ)နီးပါးရှိခဲ့ကြောင်း ရန်ကုန်တိုင်းပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ထံမှ သိရသည်။
YRTC အနေဖြင့် YBSယာဉ်များအား မီးနီဖြတ်မောင်းမှု၊ သတ်မှတ်ကီလိုမီတာထက် ကျော်လွန်မောင်းနှင်မှု၊ သတ်မှတ်လမ်းကြောင်းအတိုင်း မမောင်းနှင်မှု၊ မဆင်မခြင်မောင်းနှင်မှု၊ ရပ်နားချိန်ကြာမြင့်မှု၊ နယ်ကျော်မှုများ အပါအဝင် အခြားအမှုတို့ကို ဖမ်းဆီးအရေးယူလျက်ရှိကြောင်း သိရသည်။
ယခု ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာ ၂၄ ရက်အထိ စည်ကမ်းဖောက်ဖျက်သည့် အမှုပေါင်း (၂၅၅၃ဝ)မှု ရှိခဲ့ရာ ၎င်းအမှုများအနက် (၁၂၈၂၉)မှုကို YRTCမှ ဖြေရှင်းထားပြီး (၁၂၇ဝ၁) အမှုပေါင်း ကျန်ရှိနေသေးကြောင်း သိရသည်။
အဆိုပါ အမှုများအနက် မှတ်သားဖမ်းဆီးခံရမှု (၁၉ဝ၇၈)မှု၊ မီးနီဖြတ်မောင်းနှင်မှု (၂၀၈၂)မှု၊ သတ်မှတ်ကီလိုမီတာ ထက် ကျော်လွန်မောင်းနှင်မှု (၁၂၈၂)မှုနှင့် အခြားအမှု (၈၅၃)မှု စသော စည်ကမ်းချိုးဖောက်မှုများကို အများဆုံး ကျူးလွန်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်မြို့ရှိ မှတ်တိုင် (၁၅)မှတ်တိုင်တွင် နံနက် (၆)နာရီမှ ည (၇)နာရီအထိ ယာဉ်များ (၂)ထပ် ရပ်တန့်မှု မရှိစေရေး၊ ယာဉ်ကြောရှုပ်ထွေးမှုမရှိစေရေး၊ ယာဉ်များစနစ်တကျ ရပ်တန့်စေရေးများကို စစ်ဆေးရေးအဖွဲ့များက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း YRTC က ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အနောက်အုပ်စုနိုင်ငံများက ယူကရိန်းသမ္မတဇီလန်စကီး၏နေရာတွင် အစားထိုးမှုများ လုပ်ဆောင်ချင်နေကြကြောင်း ရုရှားထိပ်တန်းထောက်လှမ်းရေးပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း