တန်ဆောင်မုန်းလပြည့်နေ့တွင် ရွှေတိဂုံစေတီ၌ မသိုးရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲကျင်းပခဲ့ပြီး ဘုရားဖူးပြည်သူများဖြင့်စည်ကားခဲ့
ကျော်၊ သန့်ဇင် (NSS) - နိုဝင်ဘာ ၂၇
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ယနေ့(နိုဝင်ဘာလ ၂၇ ရက်)၊ တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းတွင် မသိုးရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲကျင်းပခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ ယနေ့၊ နံနက် ၅ နာရီခွဲတွင် ရင်ပြင်တော်တောင်ဘက် ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်များဖြင့် နံနက်အာရုဏ်ဆွမ်းတော်ကြီး ကပ်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ နံနက် ၆ နာရီခွဲတွင် အထက်ပစ္စယံပတ္တမြား မျက်ရှင်ရုပ်ပွားတော်အပါအဝင် အာရုံခံမုခ်ဦးလေးခုအတွင်းရှိ ရုပ်ပွားတော်မြတ်များအား ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မသိုးရွှေကြာသင်္ကန်းများကပ်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။
“အမှန်က မိသားစုနဲ့အတူ မင်္ဂလာဆောင်လာတာပေါ့နော်။ ရောက်လာမယ်လို့မမျှော်လင့်မိပါဘူး။ ကားသမားက တန်ဆောင်မုန်းလပြည့်နေဆိုတော့ ရွှေတိဂုံဘုရားကို လိုက်ပို့တာပေါ့။ ခုလို မမျှော်လင့်ပဲတန်ဆောင်မုန်းလပြည့်နေ့မှာ ဘုရားဖူးရတဲ့အတွက် ဝမ်းသာပါတယ်။ ဘုရားမှာလဲ (၅)ပါးသီလခံယူခဲ့ပါတယ်။ မိသားစုနဲ့လာရတာဆိုတော့ ပျော်လဲပျော်ပါတယ်။ ဝမ်းလည်း ဝမ်းသာပါတယ်” ဟု သန်လျင်မြို့နေပြည်သူတစ်ဦးက NSS ကိုပြောသည်။
ယနေ့ တန်ဆောင်မုန်းလပြည့်နေ့တွင်လည်း ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ အနယ်နယ်အရပ်မှ လာရောက်ဖူးမြော်ကြည်ညိုသူများဖြင့် စည်ကားလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်းစိန်မြို့နယ်၌ သံဃာတော်တစ်ပါး အရိုက်ခံရသည်ဟု ယူဆရသည့် ဒဏ်ရာဖြင့် ပျံလွန်တော်မူ
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း