အင်းစိန်မြို့နယ်၌ သံဃာတော်တစ်ပါး အရိုက်ခံရသည်ဟု ယူဆရသည့် ဒဏ်ရာဖြင့် ပျံလွန်တော်မူ
သန့်ဇင် (NSS) - နိုဝင်ဘာ ၂၇
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် သံဃာတော်တစ်ပါး အရိုက်ခံရသည်ဟု ယူဆရသည့် ဒဏ်ရာဖြင့် ပျံလွန်တော်မူသွားခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(နိုဝင်ဘာလ ၂၆ ရက်)၊ ညနေ ၆နာရီခွဲတွင် အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ မင်းကြီးလမ်းပေါ်ရှိ ဆေးရုံမှတ်တိုင်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဦးပဉ္ဇင်းက အရိုက်ခံထားရတယ်လို့ယူဆရတဲ့ ဒဏ်ရာနဲ့ မှတ်တိုင်မှာ ပျံလွန်တော်မူနေတာပါ။ မိသားစုကပြောကြတာတော့ နေ့ခင်းပိုင်းက အင်းစိန်ဆေးရုံကို ဒဏ်ရာသွားပြသေးတယ်။ ဆေးရုံကလဲ ဆေးရုံမှာနေပြီး ဆေးကုသမှုခံယူဖို့ပြောတာကို ဦးပဉ္ဇင်းက မနေ့ပဲထွက်သွားပြီး မှတ်တိုင်မှာ ပျံလွန်တော်မူသွားတာပေါ့” ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ပျံလွန်တော်မူသွားသည့် သံဃာတော်သည် သက်တော်(၃၀)နှစ်၊ ဝါတော်(၅)ဝါရှိ ဦးသာအစ္စဖြစ်ပြီး အင်းစိန်မြို့နယ်ရှိ မဟာဗောဓိ အောင်တော်မူကျောင်း၌ သီတင်းသုံးနေထိုင်သည့် ဦးပဉ္ဇင်းတစ်ပါးဖြစ်ကြောင်း သိရသည်။
“ဦးပဉ္ဇင်းမှာက နဖူးနဲ့ ချိုစောင်းအဆက်မှာ ကွဲနေတဲ့ဒဏ်ရာတစ်ချက်ရှိတယ်။ သိပ်အများကြီးတော့ မဟုတ်ဘူး။ မှတ်တိုင်က ခုံပေါ်မှာ ခဏကြိမ်းနေရင်းကနေ အောင်ကိုပြုတ်ကျပြီး ပျံလွန်တော်မူသွားတာ။ အခြားပြင်ပဒဏ်ရာတော့မရှိပါဘူး။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက စစ်ဆေးနေတုန်းပါ” ဟု ၎င်းကဆက်လက်ပြောသည်။
ပျံလွန်တော်မူသွားသည့် သံဃာတော်အား တွဲလက်လူမှုကူညီရေးအသင်းမှ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗိုလ်တထောင်စေတီတော်မြတ်ကြီး၌ မသိုးရွှေကြာသင်္ကန်းကပ်လှူပူဇော်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း