ဗိုလ်တထောင်စေတီတော်မြတ်ကြီး၌ မသိုးရွှေကြာသင်္ကန်းကပ်လှူပူဇော်
ကျော် (NSS) - နိုဝင်ဘာ ၂၇
ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်စေတီတော်မြတ်ကြီး၌ ယနေ့ (နိုဝင်ဘာလ ၂၇ ရက်)(တန်ဆောင်မုန်းလပြည့်နေ့)နံနက်ပိုင်းက မသိုးရွှေကြာသင်္ကန်းကပ်လှူပူဇော်ခဲ့ကြောင်း ဗိုလ်တထောင်စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။
ယနေ့၊ နံနက် ၄ နာရီခွဲတွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ဆံတော်မြတ်ရတနာ၊ နန်းဦးဘုရားကြီးတန်ဆောင်း၊ အာရုံခံတန်ဆောင်း(၃)ခု၊ တန်ဆောင်းအသီးသီးရှိ မြတ်စွာဘုရားဆင်းတုတော်များ နှင့် ဗိုလ်တထောင်စေတီတော်မြတ်ကြီးတို့အား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဆံတော်မြတ်ရတနာ နှင့် ဗိုလ်တထောင်စေတီတော်ဝင်းအတွင်းရှိ မြတ်စွာဘုရားဆင်းတုတော်များအား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ အလှူရှင်များက မသိုးရွှေကြာသင်္ကန်းများကပ်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။
ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား မသိုးရွှေကြာသင်္ကန်းကပ်လှူပူဇော်နိုင်ရန် (၃၉)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းယှဥ်ပြိုင်ရက်ခတ်ပြိုင်ပွဲအား ယမန်နေ့ (နိုဝင်ဘာလ ၂၆ ရက်)ညပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲဝင်ရက်ကန်းစင်တော်(၂၄)ခုမှ ယှဥ်ပြိုင်ရက်ခတ်ကာရရှိလာသည့် မသိုးရွှေကြာသင်္ကန်းတော်များဖြင့် မြတ်စွာဘုရားဆင်းတုတော်များအား ကပ်လှူပူဇော်ခဲ့ကြခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သြစတြေးလျအစိုးရရဲ့ဗီဇာငြင်းပယ်မှုကြောင့် ရှမ်းယူနိုက်အသင်းနဲ့ Macarthur FC ကလပ်ကစားမယ့် AFC Cup ပွဲစဉ်ကို ကြားကွင်းပြောင်းရွှေ့ကစားမယ်
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း