ရုရှားနိုင်ငံက စစ်ဘက်သုံးဂြိုလ်တု တစ်စင်းအောင်မြင်စွာလွှတ်တင်နိုင်ခဲ့
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၇
ရုရှားနိုင်ငံဟာ Soyuz-2.1b အမည်ရှိ စစ်ဘက်သုံး ဂြိုလ်တုကို နိုင်ငံမြောက်ပိုင်းရှိ အာကာသလွှတ်တင်ရေး စင်တာကနေ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်းသိရပါတယ်။
ရုရှားစစ်တပ်ဟာ အဆိုပါစစ်ဘက်သုံး ဂြိုလ်တုကို ကမ္ဘာပတ်လမ်းထဲကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပြီးနောက် ဂြိုလ်တု ထိန်းချုပ်ရေးကို လွှဲပြောင်းပေးခဲ့ကြောင်းသိရပါတယ်။ ရုရှားစစ်တပ်ထောက်လှမ်းရေးအဖွဲ့ဟာ အဆိုပါလွှတ်တင်လိုက်တဲ့ ဂြိုလ်တုကိုအသုံးပြုပြီး သတင်းအချက်အလက်များရယူသွားမှာဖြစ်ကြောင်းသိရပါတယ်။
အဆိုပါ စစ်ဘက်သုံးဂြိုလ်တု လွှတ်တင်မှုကို မော်စကို နဲ့ စိန့်ပီတာဘရက်မြို့ရှိ အမျိုးသမီးကျောင်းသူ ၄၅ ဦးအပြင် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြောင်းသိရပါတယ်။ ရုရှားအာကာသအေဂျင်စီဖြစ်တဲ့ Roscosmos အဖွဲ့ဟာ Soyuz-2.1b ဂြိုလ်တုလွှတ်တင်မှုကို ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်အထိ ၆၇ ကြိမ်လွှတ်တင်ခဲ့ကြောင်းသိရပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ စစ်ဘက်သုံးဂြိုလ်တုကို ပထမဆုံးအကြိမ်အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပြီးနောက် ရုရှားနိုင်ငံက ကမ္ဘာပတ်လမ်းထဲကို စစ်ဘက်သုံးဂြိုလ်တုလွှတ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
ရုရှားဟာ မြောက်ကိုရီးယားနိုင်ငံက စစ်ဘက်သုံး ဂြိုလ်တုပထမဆုံးအကြိမ်လွှတ်တင်နိုင်အောင် နည်းပညာပိုင်းကူညီပံ့ပိုးပေးခဲ့ကြောင်းသိရပါတယ်။ ရုရှားဟာ ပြီးခဲ့တဲ့အောက်တိုဘာလ ၂၇ ရက်ကလည်း Soyuz-2.1b အမည်ရှိ ဂြိုလ်တုကို Arkhangelsk ဒေသကနေ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-တရုတ်နှစ်နိုင်ငံ အကောင်အထည်ဖော်နေသည့် Myanmar CDC စင်တာကို ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေ
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ