မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပထမဆုံးအကြိမ်အဖြစ် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်မည်
စော (NSS) - နိုဝင်ဘာ ၂၂
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပထမဆုံးအကြိမ်အဖြစ် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်မည်ဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်အရသိရသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို လာမည့် (နိုဝင်ဘာလ ၂၅)ရက်မှ (နိုဝင်ဘာလ ၂၇)ရက်အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
တန်ဆောင်တိုင်မီးထွန်းပွဲတော်အတွင်း မသိုးရွှေကြာသင်္ကန်း ရက်လုပ်ခြင်းကို မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၏ ရေပန်းရင်ပြင်တော်၌ နိုဝင်ဘာလ (၂၆)ရက် ညပိုင်းတွင် ရက်ကန်းစင် ကိုးစင်ဖြင့် စတင်ရက်လုပ်မည်ဖြစ်ပြီး နိုဝင်ဘာလ (၂၇)ရက် နံနက်ပိုင်းတွင် ရုပ်ပွားတော်မြတ်ကြီးကို ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတော်အတွင်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဆီးမီး (၉၀၀၀)ကပ်လှူပူဇော်ခြင်း၊ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်စဉ်များဖြင့် ပူဇော်ခြင်း နှင့် မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အလှညမီးကြီးနှင့် စိန်းနားပန် မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ခြင်းများနှင့် ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း ရောင်စုံအလှမီးများ တပ်ဆင်ပူဇော်ထားရှိခြင်းများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်ခန်းများ၊ ဒေသထွက် မြန်မာ့ရိုးရာမုန့်ဆိုင်များ ခင်းကျင်းရောင်းချခြင်း နှင့် ကလေးငယ်များအတွက် ချားရဟတ်စသည့် ကစားကွင်းများ စီစဉ်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လားရှိုးမြို့ရှိ စစ်ဘေးရှောင်စခန်းများ၌ လူဦးရေ ၆၇၀၀ ကျော် ခိုလှုံလျက်ရှိ
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း