Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လားရှိုးမြို့ရှိ စစ်ဘေးရှောင်စခန်းများ၌ လူဦးရေ ၆၇၀၀ ကျော် ခိုလှုံလျက်ရှိ

ကျော် (NSS) - နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် လားရှိုးမြို့တွင် စစ်ဘေးရှောင်စခန်းများဖွင့်လှစ်ထားရပြီး လူဦးရေ ၆၇၀၀ ကျော်ခိုလှုံနေကြကြောင်း လားရှိုးမြို့အခြေစိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။


ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်မှစတင်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ တပ်မတော်စခန်းများ၊ရဲတပ်ဖွဲ့စခန်းများ၊ မြို့နှင့်ကျေးရွာများအတွင်းသို့ MNDAA ၊ TNLA နှင့် AA တို့ပူးပေါင်း၍ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြသည်။

ထိုသို့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံများသည် စစ်ဘေးနှင့်လွတ်ကင်းစေရေးအတွက် လားရှိုးမြို့၊ သီပေါမြို့နှင့် အခြားစစ်ဘေးလွတ်ကင်းသော မြို့နယ်များသို့တိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။

"နေရာစုံကနေ စစ်ဘေးရှောင်အနေနဲ့ရောက်လာကြတာ> လက်ရှိ လားရှိုးမြို့ပေါ်မှာဆိုရင် စစ်ဘေးရှောင်စခန်း ၁၇ ခုလောက်ဖွင့်ထားရတယ်။ လူဦးရေက ၆၇၀၀ ကျော်ရှိတယ်"ဟု လားရှိုးမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးက NSS ကိုပြောသည်။

လက်ရှိအချိန်၌ စစ်ဘေးရှောင်များအား လားရှိုးမြို့ရှိ တောရကျောင်း ပရိယတ္တိစာသင်ကျောင်းတိုက်၊ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်၊ လားဟူနှစ်ခြင်းခရစ်ယာန်အသင်းတော်၊ လားဟူကျမ်းစာကျောင်း၊ ကက်သလစ်(RC)ကျောင်း၊ တောရကျောင်း(နမ္မတူလမ်းခွဲ)၊ ရှမ်းနှစ်ခြင်းခရစ်ယာန်အသင်း၊ အထက်မန်အိုင်စခန်း၊ ကန်မိန်းကျောင်း၊ ပန်အုပ်ကျောင်းတိုက်၊ ဟိုနမ့်ကျောင်းတိုက်၊ ရွှေဓားကျောင်းတိုက်၊ သာသနာ(၂၅၀၀) ကျောင်းတိုက်၊ ဘဏ္ဍာကျောင်းတိုက်နှင့်သီရိမင်္ဂ လာမန်ဆူရှမ်းကျောင်းတိုက်တို့တွင် နေရာချထားပေးလျက်ရှိကြောင်း သိရသည်။

"စစ်ဘေးရှောင်တွေအတွက် လိုအပ်ချက်တွေကတော့အများကြီးရှိတာပေါ့။ အသက်အန္တရာယ်မရှိအောင် အမြန်ပြေးလာကြရတာဖြစ်တဲ့အတွက် တစ်ချို့စစ်ဘေးရှောင်တွေဆိုရင် အဝတ်တထည်ကိုယ်တစ်ခုနဲ့ပြေးလာကြရတာ"ဟု လားရှိုးမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးက NSS ကိုပြောသည်။

လားရှိုးမြို့တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်များအား လားရှိုးမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်များ၊ တာဝန်ရှိသူများနှင့်အလှူရှင်များက စားသောက်နေထိုင်မှုအဆင်ပြေစေရန် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

"လတ်တလောအရေးပေါ်လိုအပ်ချက်က ဆောင်းတွင်းရောက်လာပြီဆိုတော့ အမိုး/အကာ/အခင်းနဲ့အနွေးထည်။ ကျန်တာတွေအတွက်က လိုအပ်ချက်ရှိပေမယ့် ခုနကဟာတွေလောက်တော့ မလိုသေးဘူး။ ကလေးတွေနဲ့သက်ကြီးပိုင်းတွေလည်းပါတော့ ဆေးဝါးလည်းလိုအပ်တယ်"ဟု လားရှိုးမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးက NSS ကိုပြောသည်။

လားရှိုးမြို့တွင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် အလှူရှင်များမှလည်း ချက်ပြုတ်ရာတွင်အသုံးပြုနိုင်ရေးအတွက် ထင်းများ၊ အနွေးထည်များ၊ စောင်၊ မိုးကာ၊ ဖိနပ်များ၊ အဝတ်အထည်များ၊ ကြက်ဥများ၊ အောက်ခံအခင်းများ၊ စားနပ်ရိက္ခာများနှင့်ငွေကြေးများကို လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ (နိုဝင်ဘာလ ၂၁ ရက်)၊ နံနက်ပိုင်းကလည်း စစ်ဘေးရှောင်များအတွက် နိုင်ငံတော်မှထောက်ပံ့သည့် ဆန်ရိက္ခာ တစ်လစာအတွက် ငွေကျပ် (၁၂၇)သိန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့သည့် ငွေကျပ်(၁၉၅)သိန်းတို့အား ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပေါက်တောမြို့နှင့်တစ်ဝိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား၊ နိုင်ငံပိုင်ရေယာဉ် (၂)စင်းနှင့်အတူ ဝန်ထမ်းအချို့ကို AA ဖမ်းဆီးထိန်းသိမ်းထား

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved