Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပေါက်တောမြို့နှင့်တစ်ဝိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား၊ နိုင်ငံပိုင်ရေယာဉ် (၂)စင်းနှင့်အတူ ဝန်ထမ်းအချို့ကို AA ဖမ်းဆီးထိန်းသိမ်းထား

မြူနစ် (NSS) - နိုဝင်ဘာ ၂၂ 

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နှင့်တစ်ဝိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး နိုင်ငံပိုင်ရေယာဉ် (၂)စင်းနှင့်အတူ ဝန်ထမ်းအချို့ကို AA က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။


ယနေ့(နိုဝင်ဘာလ ၂၂ ရက်)၊ နေ့လည်ပိုင်းတွင် ပေါက်တောမြို့နှင့်တစ်ဝိုက်၌ တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ကြားတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း ပြည်နယ်လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NSS ကို ပြောသည်။

“ပေါက်တောမှာပဲ အခုနေ့လည်ပိုင်းမှာ ပြန်ပြီးတော့ ထိတွေ့မှုဖြစ်တယ်။ ကျန်တဲ့နေရာတွေကတော့ ငြိမ်နေပါတယ်”ဟု ရခိုင်ပြည်နယ်လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။

ယမန်နေ့(နိုဝင်ဘာလ ၂၁ ရက်)တွင်လည်း ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နှင့်တစ်ဝိုက်၌ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း နစကပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့တွင် မီဒီယာများကို အသိပေးပြောကြားခဲ့သည်။

“အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေမှာတော့ ပေါက်တောမြို့မှာ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြန်လည်ထိန်းချုပ်ခဲ့တာရှိပါတယ်။ ဒီနေ့ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ပေါက်တောမြို့လုံခြုံရေးအတွက် ကင်းလှည့်လည်ခဲ့ပါတယ်။ ကင်းလှည့်လည်တာကို ပစ်ခတ်ခဲ့တာ ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA သည် နိုဝင်ဘာလ ၁၃ ရက်တွင် ရခိုင်ပြည်နယ်၌ တစ်ကျော့ပြန်စစ်ပွဲများကို ပြန်လည်ဖော်ခဲ့ပြီးနောက် ပေါက်တောမြို့ကို တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့ဖူးသည်။

သို့သော် ULA/AA အနေဖြင့် ပေါက်တောမြို့ကို ရက်ပိုင်းမျှသာ ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိအချိန်ထိ တပ်မတော်လုံခြုံရေးအဖွဲ့များက ပြန်လည်ထိန်းချုပ်ထားကြောင်း သိရသည်။

ထို့ပြင် ရခိုင်လက်နက်ကိုင်အဖွဲ့ AA သည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ အများပြည်သူ အသုံးပြုနေသော ရေနယား (၁)ရေယာဉ်နှင့် ရေဘဝဲ (၄) ရေယာဉ်များကို ယူဆောင်သွားခဲ့သည်ဟုလည်း နစကဘက်က ပြောဆိုခဲ့သည်။

“ရေယာဉ်တွေနဲ့ပတ်သက်ပြီးတော့ ဘာသတင်းမှ မရဘူး။ ဘယ်ကို ဆွဲသွားလဲ မသိဘူး။ အဲဒီရေယာဉ်တွေက ပြည်တွင်းရေကြောင်းပို့ဆောင်ဌာနက ပိုင်တာပါ။ နိုင်ငံပိုင်ရေယာဉ်တွေပါ။ အဲဒီရေယာဉ်တွေက ဝန်ထမ်းတွေလည်း ပါသွားတယ် ပြောတယ်။ ဘယ်နှစ်ဦးလဲတော့ မသိဘူး” ဟု ရခိုင်ပြည်နယ်လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။

ရခိုင်ပြည်နယ်၌ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် ရေကြောင်း၊ ကုန်းကြောင်းလမ်းပိုင်းများကို အကန့်အသတ်မရှိ ပိတ်ဆို့ထားကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

PNLO ၏ အခြေပြုဒေသများတွင် ကယားပြည်နယ်မှ စစ်ဘေးရှောင် (၈ဝဝဝ)ကျော် ရောက်ရှိခိုလှုံနေပြီး စစ်ဘေးရှောင်စခန်း ၂၁ ခုဖွင့်လှစ်ထား

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved