(၁၀၅)မိုင် မိဘမဲ့ဘုန်းကြီးကျောင်းအတွင်းသို့ TNLA က ပစ်ခတ်သော Drop ဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် ကိုရင်တစ်ပါး ထိခိုက်ဒဏ်ရာရ
မြူနစ် (NSS) - နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်၊ မူဆယ်မြို့ရှိ (၁၀၅)မိုင် မိဘမဲ့ဘုန်းကြီးကျောင်းအတွင်းသို့ TNLA က ပစ်ခတ်သော Drop ဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် ကိုရင်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
Drop ဗုံးကျရောက်ပေါက်ကွဲမှုသည် ယနေ့(နိုဝင်ဘာလ ၂၂ ရက်)၊ နေ့လည် ၁ နာရီအချိန်ခန့်တွင် (၁၀၅)မိုင် မိဘမဲ့ဘုန်းကြီးကျောင်းအတွင်း၌ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သော မူဆယ်မြို့ခံတစ်ဦးက NSS ကို ပြောသည်။
တအာင်းလက်နက်ကိုင်အဖွဲ့ TNLA သည် Drone (၃)စင်းဖြင့် တပ်မတော်၏ (၁၀၅)မိုင်ဗျူဟာကုန်းစခန်းကို တိုက်ခိုက်မှုပြုလုပ်စဉ်အချိန်တွင် လုံခြုံရေးအဖွဲ့က ပြန်လည်ခုခံတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
“TNLA ဘက်က ဒရုန်းနဲ့ ဗုံး(၃)လုံးလာချတာ။ အောက်ကနေ စက်လက်တို့ဘာတို့နဲ့ ဝိုင်းပြီးပစ်တော့ အဲဒီ ဒရုန်းက စခန်းကုန်းနားကနေ လမ်းကြောင်းပြောင်းပြီး ပြန်ဆုတ်တဲ့အချိန်မှာ ဘာကြောင့်လဲတော့မသိဘူး ဘုန်းကြီးကျောင်းထဲကို ချသွားတာ။ ဗုံးတစ်လုံးချသွားတာ။ ကွဲသွားတယ်။ အဲဒီမှာ ကိုရင်တစ်ပါး ဒဏ်ရာရတယ်”ဟု အထက်ပါမူဆယ်မြို့ခံက ပြောသည်။
ထိုသို့ TNLA ပစ်ခတ်သော Drop ဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် ကိုရင်ကြီးတစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ဘုန်းကြီးကျောင်း အဆောက်အဦးအချို့ နှင့် ကျောင်းအတွင်းရှိ ကားအချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ကိုရင်တစ်ပါးဒဏ်ရာရတယ်။ အဆောက်အဦးတွေ ထိခိုက်ပျက်စီးသွားတယ်။ ဘုန်းကြီးကျောင်းမှာ သုံးတဲ့ ကားတွေ ပျက်စီးတယ်။ အဲဒီဘုန်းကြီးကျောင်းကလည်း မိဘမဲ့ပရဟိတဘုန်းကြီးကျောင်းပဲ။ အဲဒီကျောင်းက ၁၀၅ မိုင်လမ်းခွဲနားမှာ တပ်မတော်ဗျူဟာကုန်းနဲ့ လမ်းပဲခြားတယ်”ဟု မူဆယ်မြို့ခံက ပြော သည်။
Drop ဗုံးကျရောက်ပေါက်ကွဲခဲ့သော ဘုန်းကြီးကျောင်းသည် ဇေယျမင်္ဂလကျောင်းတိုက်ဖြစ်ပြီး (၁၀၅)မိုင် မိဘမဲ့ဘုန်းကြီးကျောင်းအဖြစ် လူသိများကြောင်း သိရသည်။
MNDAA၊ TNLA၊ AA မဟာမိတ်လက်နက်ကိုင်(၃)ဖွဲ့ ဖော်ဆောင်သော (၁၀၂၇ စစ်ဆင်ရေး)တွင် ၎င်းလက်နက်ကိုင်များအနေဖြင့် Drop ဗုံးများစွာကို အသုံးပြုတိုက်ခိုက်လေ့ရှိကြောင်း နစကဘက်မှ ထုတ်ဖော်အသိပေးထားဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တန်ပြန်ထိုးစစ်ဆင်မှု စတင်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းစစ်သား အနည်းဆုံး ၁ သိန်းကျော် သေဆုံးခဲ့ဟု ရုရှားစစ်ဘက်ပြော
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း