တန်ပြန်ထိုးစစ်ဆင်မှု စတင်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းစစ်သား အနည်းဆုံး ၁ သိန်းကျော် သေဆုံးခဲ့ဟု ရုရှားစစ်ဘက်ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၂
သိမ်းပိုက်ခံထားရတဲ့နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဆင်မှု စတင်ပြီး နောက်ပိုင်းတည်းက လက်ရှိအချိန်အထိ ယူကရိန်းတပ်ဖွဲ့ဝင် အနည်းဆုံး ၁သိန်းကျော်သေဆုံးထားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
ယူကရိန်းဟာ သိမ်းပိုက်ခံထားရတဲ့နယ်မြေတွေကို ပြန်လည်ရယူနိုင်ဖို့အတွက် ရုရှားတပ်ဖွဲ့တွေကို ဇူလိုင်လ အစောပိုင်းမှာ တန်ပြန်ထိုးစစ်ဆင်ခဲ့ပြီးနောက် ဇူလိုင်ကနေ အောက်တိုဘာလအတွင်း ယူကရိန်းတပ်ဖွဲ့ဝင် ၉ဝဝဝဝ ကျော် သေဆုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဆာဂေးရှိုးဂူက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ယူကရိန်းဟာ နိုဝင်ဘာလအတွင်းမှာလည်း ရုရှားတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ရာ ယူကရိန်းစစ်သား ၁၃ဝဝဝ ကျော် ထပ်မံသေဆုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ဝန်ကြီးဆာဂေးရှိုဂူးက ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဆင်မှုတွေ မအောင်မြင်ကြောင်း၊ နိုဝင်ဘာလအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ယူကရိန်းတပ်ဖွဲ့ဝင် ၁၃ဝဝဝ ကျော် သေဆုံးမှုနဲ့အတူ တင့်ကား အစီးပေါင်း ၁၈ဝဝ ကျော်နဲ့ လက်နက်ကြီးအများ အပြား ဆုံးရှုံးခဲ့ကြောင်း ပြောပါတယ်။
ယူကရိန်းထိပ်တန်းဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့ Valery Zaluzhny ကိုယ်တိုင်က ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲဟာ ရှေ့တိုး သာနောက်မဆုတ်သာ အခြေအနေမျိုးဖြစ်နေကြောင်း၊ ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားရှေတန်းခံစစ်တွေကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ အလားအလာနည်းနေကြောင်း ပြောပါတယ်။
ယူကရိန်းအစိုးရဟာ ရုရှားနဲ့ဖြစ်ပွား စစ်ပွဲ ၂ နှစ်နီးပါးရှိပေမယ့် လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲတာမျိုး မလုပ်သေးသလို တွေ့ဆုံဆွေးနွေးခြင်းလည်း မလုပ်သေးကြောင်း သိရပါတယ်။ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စု နိုင်ငံတွေဟာ ယူကရိန်းနဲ့ ရုရှားစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းနိုင်ငံကို ကူညီထောက်ပံ့ပေးခဲ့ပေမယ့် အနောက်အုပ်စုနိုင်ငံအချို့ဟာ ယူကရိန်းကို ဆက်လက်ထောက်ပံ့ပေးလိုခြင်းမရှိတော့ကြောင်း သိရပါတယ်။
ဒါပေမယ့် ကနေဒါနိုင်ငံကတော့ ယူကရိန်းကို အမေရိကန်ဒေါ်လာသန်း ၈ဝဝ ကျော် ကူညီပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၂)နှစ်ကျော်ကာလအတွင်း မသန်စွမ်းလူဦးရေ (၄၀၀၀၀)နီးပါးအတွက် ငွေကျပ်သန်း (၁၂၀၀)ကျော် ထောက်ပံ့
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ