(၁ဝ၅) ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂစာလျှောက်မေးပွဲ ကျင်းပမည်
NSS - နိုဝင်ဘာ ၅
ရွှေတိဂုံစေတီတော်မြတ်ကြီး၌ (၁ဝ၅)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂစာလျှောက်မေးပွဲအား ဒီဇင်ဘာ ၉ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။
(၁ဝ၅) ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂစာလျှောက်မေးပွဲကို ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပါဝင်ဖြေဆိုလိုသည့် သံဃာတော်များအနေဖြင့် ဝင်ရောက်ဖြေဆိုခွင့်လျှောက်လွှာအား ပြည့်စုံစွာဖြည့်စွက်ပြီး နိုဝင်ဘာ ၂၇ ရက်နောက်ဆုံးထား၍ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံးသို့ ပေးပို့တော်မူကြရမည် ဖြစ်သည်။
(၁ဝ၅)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂစာလျှောက်မေးပွဲတွင် ဝင်ရောက်ဖြေဆိုလိုသည့် သံဃာတော် များအနေဖြင့် အခြားအသေးစိတ်သိရှိလိုသည်များကို ဖုန်း- ဝ၁၈ ၃၇၅၇၆၇ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အပစ်ခတ်ရပ်စဲဖို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုရဲ့ နေအိမ်အပြင်ဘက်မှာ ပြည်သူများ ဆန္ဒပြ
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း