Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အပစ်ခတ်ရပ်စဲဖို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုရဲ့ နေအိမ်အပြင်ဘက်မှာ ပြည်သူများ ဆန္ဒပြ

ဂျန်ဇက် (NSS) - နိုဝင်ဘာ ၅ 

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုရဲ့နေအိမ်အပြင်ဘက်မှာ စိတ်ဆိုးဒေါသဖြစ်နေတဲ့လူအုပ်စုတစ်စုက နိုဝင်ဘာ ၄ ရက်၊ ညပိုင်းက ဆန္ဒပြပွဲများလုပ်ဆောင်ခဲ့တဲ့အတွက် အစ္စရေးရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ရကြောင်း သိရပါတယ်။ 


ဆန္ဒပြအုပ်စုတွေဟာ အစ္စရေးနိုင်ငံအလံများကိုဝှေ့ယမ်းပြီး အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုကို ထောင်ထဲပို့ပစ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဆန္ဒပြအုပ်စုတွေဟာ ဝန်ကြီးချုပ်နေတန်ရာဟုရဲ့အိမ်အပြင်ဘက်မှာရှိတဲ့ ရဲတပ်ဖွဲ့အတား အဆီးများကို ဖြတ်ကျော်ဖို့ ကြိုးပမ်းခဲ့ကြောင်း သိရပါတယ်။ ဟားမက်စ်လက်နက်ကိုင်အုပ်စုဟာ အစ္စရေးနိုင်ငံကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးတပ်ဖွဲ့ဝင်များ အပါအဝင် လူပေါင်း ၂၄ဝ ကျော်ကို ပြန်ပေးဆွဲခဲ့ကြောင်း သိရပါတယ်။ 


ဝန်ကြီးချုပ်နေတန်ရာဟု အိမ်အပြင်ဘက်မှာ လာရောက်ဆန္ဒပြသူအုပ်စုများဟာ ဂါဇာဒေသကို တိုက်ခိုက်နေတဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ အပစ်ခတ်ရပ်စဲဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ ပြန်ပေးဆွဲခံထားရသူ မိသားစုများကလည်း ၎င်းတို့ရဲ့မိသားစုဝင်များကို ဘေးကင်းစွာနဲ့ အိမ်ကို ပြန်ခေါ်ဆောင်ပေးဖို့ အစ္စရေးအစိုးရကို တောင်းဆိုတိုက်တွန်းထားကြောင်း သိရပါတယ်။

အစ္စရေးတပ်ဖွဲ့တွေဟာ ဟားမက်စ်အဖွဲ့ရဲ့တိုက်ခိုက်မှုများကို လက်တုံ့ပြန်မှုအဖြစ် ဂါဇာဒေသကို အောက်တိုဘာ ၇ ရက်ကတည်းက ဗုံးကြဲတိုက်ခိုက်မှုတွေ၊ မြေပြင်ထိုးစစ်ဆင်မှုတွေလုပ်ဆောင်ခဲ့ရာ လက်ရှိအချိန်မှာ လူပေါင်း အနည်းဆုံး ၉ဝဝဝ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။


ဂါဇာဒေသမှာ ဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး ကမ္ဘာတဝန်းရှိ နိုင်ငံအချို့မှာ အစ္စရေးလိုလားတဲ့ ထောက်ခံပွဲတွေ၊ ပါလက်စတိုင်းလိုလားတဲ့ထောက်ခံပွဲတွေ ဖြစ်ပွားလျက်ရှိနေပါတယ်။ အစ္စရေးဝန်ကြီးချုပ်ကတော့ ပြန်ပေးဆွဲ ခံထားရသူတွေ ပြန်မလွှတ်ပေးဘူးဆိုရင် ဂါဇာဒေသကို တိုက်ခိုက်မှုတွေ ရပ်တန့်ခြင်း၊ အပစ်ခတ်ရပ်စဲခြင်းများ ရှိလာမှာမဟုတ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ပြောခဲ့ပါတယ်။

မကြာသေးမီက ကောက်ယူခဲ့တဲ့စစ်တမ်းတစ်ရပ်မှာ အစ္စရေးနိုင်ငံသား လေးပုံမှာ သုံးပုံကျော်က ဝန်ကြီးချုပ် နေတန်ရာဟုကို ရာထူးက နှုတ်ထွက်ဖို့ လိုလားနေကြောင်း သိရပါတယ်။ အစ္စရေးပြည်သူတွေဟာ နိုင်ငံရေးဆိုင်ရာ ကိစ္စများအပြင် လုံခြုံရေးဆိုင်ရာကိစ္စတွေကြောင့် ဝန်ကြီးချုပ်နေတန်ရာဟုကို မကျေနပ်မှုတွေ မြင့်တက်လာနေကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရှမ်းပြည်(မြောက်ပိုင်း)ရှိ စစ်ရေးပဋိပက္ခဒဏ်ခံစားနေရသော ဒေသခံတိုင်းရင်းသားများသည် စစ်သုံ့ပန်းများလောက် အရေးမပါလားဟု SNUA မေးခွန်းထုတ်

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved