အမေရိကန်စစ်ဘက်ရဲ့နျူကလီးယားထိပ်ဖူးတပ်ဆင်ပစ်လွှတ်နိုင်အောင်စီစဉ်ထားတဲ့ Minuteman III အမျိုးအစား ဒုံးကျည်စမ်းသပ်မှု မအောင်မြင်ခဲ့
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂
အမေရိကန်စစ်ဘက်ဟာ Minuteman III အမျိုးအစား ပဲ့ထိန်းဒုံးကျည်ကို နိုဝင်ဘာ ၁ ရက်က စမ်းသပ်ခဲ့ရာ အဲဒီဒုံးကျည်ဟာ ပစ်လွှတ်ပြီးနောက် မကြာမီလေထဲမှာ ပေါက်ကွဲသွားခဲ့ကြောင်း သိရပါတယ်။
အမေရိကန်လေတပ်တပ်ဖွဲ့ဟာ အဆိုပါဒုံးကျည်စမ်းသပ်မှုကို သတင်းထုတ်ပြန်ခဲ့ပေမယ့် မအောင်မြင်ရတဲ့ အသေးစိတ်အချက်လက်များကို သတင်းထုတ်ပြန်ခြင်းမျိုးမရှိပါဘူး။ အမေရိကန်လေတပ်တပ်ဖွဲ့က ဒုံးကျည် စမ်းသပ်မှုမှာ အားနည်းချို့ယွင်းချက်တွေရှိနေလို့ မအောင်မြင်ခဲ့ဘူးလို့ ဆိုထားပါတယ်။ Minuteman III အမျိုးအစားပဲ့ထိန်းဒုံးကျည်ကို ကယ်လီဖိုးနီးယားပြည်နယ် Vandenberg အာကာသအခြေစိုက်စခန်းအတွင်း စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး မအောင်မြင်ရခြင်းအကြောင်းရင်းများကို လေ့လာသင်ခန်းစာယူသွားမှာဖြစ်ကြောင်း အမေရိကန်စစ်ဘက်က ပြောပါတယ်။
အမေရိကန်အစိုးရက ၎င်းတို့ရဲ့ နျူကလီးယားလက်နက်များ ပိုမိုခေတ်မီစေဖို့ နဲ့ လက်နက်များတိုးချဲ့လုပ်ကိုင်ဖို့ အစီအစဉ်များရှိနေတယ်လို့ ထုတ်ဖော်ပြာဆိုခဲ့ပြီးနောက် မကြာမီ အဲဒီပဲ့ထိန်းဒုံးကျည် စမ်းသပ်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။ အဲဒီပဲ့ထိန်းဒုံးကျည်ကို ဘိုရင်းကုမ္ပဏီက ထုတ်လုပ်ခဲ့ပြီးဖြစ်ပြီး အမေရိကန်ရဲ့မဟာဗျူဟာမြောက် လက်နက်တွေထဲမှာ တစ်ခုဖြစ်လာဖွယ်ရှိနေကြောင်း အစောပိုင်း သုံးသပ်ထားပါတယ်။ အဆိုပါ ဒုံးကျည်အကွာ အဝေး မိုင်ပေါင်း ၆ဝဝဝ ကျော်ကို ရောက်ရှိနိုင်ပြီး တစ်နာရီကို မိုင်ပေါင်း ၁၅ဝဝဝ ကျော်နှုန်းနဲ့ ပျံသန်းနိုင်ဖို့ ပြုလုပ်ထားတဲ့ ပဲ့ထိန်းဒုံးကျည်ဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
NUG နဲ့ နစကကြား ဆွေးနွေးရေးလမ်းစအကြောင်း ဖွင့်ဟတဲ့ အင်ဒိုနိုင်ငံခြားရေးဝန်ကြီး၊ ရှမ်းမြောက် လောက်ကိုင်ဒေသတိုက်ပွဲတွေနဲ့ ၂ဝဝ၉ တုန်းက ဗိုလ်ချုပ်မှူးကြီးရဲ့ဗျူဟာ (၂-၁၁-၂ဝ၂၃)
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ