အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီကြွချီအပူဇော်ခံရာတွင် (၇)ဌာနကြွချီခဲ့ပြီးဖြစ်ကာ လက်ရှိတွင် ညောင်ရွှေမြို့ကျောင်းတော်၌ အပူဇော်ခံလျက်ရှိ
စော (NSS) - အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီအပူဇော်ခံရာတွင် (၇)ဌာနသို့ ကြွချီခဲ့ပြီးဖြစ်ကာ လက်ရှိတွင် ညောင်ရွှေမြို့ကျောင်းတော်၌ အပူဇော်ခံလျက်ရှိကြောင်း သတင်းရရှိသည်။
အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ဒေသစာရီကြွချီမှုကို ပြီးခဲ့သည့် အောက်တို ဘာလ (၁၅)ရက်မှစတင်ကာ နိုဝင်ဘာလ (၁)ရက်အထိ ရှေးရိုးရာ အစဉ်အလာအတိုင်း (၂၁) ဌာနသို့ အပူဇော်ခံကြွရောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ (၂၁)ဌာနအနက် ကြေးပေါခုံကျောင်း၊ အင်းတိန်စံကျောင်း၊ ဟဲယာရွာမစံကျောင်း၊ ငါးဖယ်ချောင်းကျောင်း၊ ကြေးစားကျောင်း၊ ပွဲစားကုန်းကျောင်း၊ လင်းကင်းကျောင်း နှင့် ညောင်ရွှေမြို့ကျောင်းတော်တို့ကို ဒေသစာရီ ကြွချီခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အင်းလေးဖောင်တော်ဦးဘုရားသည် ညောင်ရွှေမြို့ကျောင်းတော်တွင် (၃)ရက်တိုင် သီတင်းသုံးသွားမည်ဖြစ်ပြီး အောက်တိုဘာလ (၂၄)ရက်၊ မွန်းလွဲ (၁)နာရီအချိန်တွင် နန်းသဲကျောင်းသို့ ကြွချီပူဇော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ နန်းသဲကျောင်းမှတစ်ဆင့် မိုင်းသောက်ကျောင်း၊ သလဲဦးကျောင်း၊ ကေလာကျောင်း၊ ဇရပ်ကြီးကျောင်း၊ အလိုတော်ပေါက်တောင်ကျောင်း၊ နမ့်ပန်ကျောင်း၊ မန်ကျည်းဆိပ်ကျောင်း၊ ကျိုင်းခမ်းကျောင်း၊ မိုင်းပျိုးကျောင်း၊ နောင်တောကျောင်း၊ အင်းပေါခုံကျောင်းနှင့် ရေသာကျောင်းများသို့ ဆက်လက်ကြွချီသွားမည်ဖြစ်ကြောင်း သိရသည်။
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့သည်လည်း ယမန်နေ့(အောက်တိုဘာ လ ၂၁ ရက်)တွင် အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ခေတ္တကိန်းဝပ် စံပယ်တော်မူရာ ညောင်ရွှေမြို့ကျောင်းတော်သို့ သွားရောက်ဖူးမြော်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုန်တိုင်းငယ်၏အရှိန်ကြောင့် ယခုရက်ပိုင်းအတွင်း ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မိုးကြီးနိုင်ဟု မိုဇလအသိပေး
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း