ပါမောက္ခချုပ်ဆရာတော်ကြီး၏ အစ်မတော် သီလရှင်ဆရာကြီးဒေါ်ကဉ္စနာ၏ အန္တိမအဂ္ဂိဈာပနအခမ်းအနား ယနေ့ပြုလုပ်
မျိုးကြီး (NSS) - အောက်တိုဘာ ၇
ပါမောက္ခချုပ်ဆရာတော်ကြီး၏ အစ်မတော်၊ သီလရှင်ဆရာကြီးဒေါ်ကဉ္စနာ၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားကို ယနေ့(အောက်တိုဘာလ ၇ ရက်)တွင် ကျင်းပပြုလုပ်ကြောင်း တပည့်သာဝကများထံမှ သိရသည်။
ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ၏အစ်မတော် သီလရှင်ဆရာကြီးဒေါ်ကဉ္စနာသည် စစ်ကိုင်းမြို့၊ ဗဟာသုဗောဓာရုံ ကဉ္စနာရာမချောင်၌ အောက်တိုဘာလ ၅ ရက် နံနက် ၅ နာရီ၊ ၅ မိနစ်ချိန်တွင် ပျံလွန်မူခဲ့သည်။
ထို့ကြောင့် ယနေ့နံနက်ပိုင်းတွင် သီလရှင်ဆရာကြီးဒေါ်ကဉ္စနာ၏ အန္တိမအဂ္ဂိဈာပနအခမ်း အနားကျင်းပခဲ့ရာ သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခြင်း၊ ရေချတရားနာခြင်းများကို ဗဟာသုဗောဓာရုံ ကဉ္စနာရာမချောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
၎င်းနောက် ဗဟာသုဗောဓာရုံ ကဉ္စနာရာမချောင်မှတစ်ဆင့် သီလရှင်ဆရာကြီးဒေါ်ကဉ္စနာ၏ ရုပ်ကလာပ်အား စစ်ကိုင်းမြို့ ရွှေရိပ်သာသုသာန်သို့ ပင့်ဆောင်ကာ မီးသဂြိုလ်ပူဇော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သီလရှင်ဆရာကြီးဒေါ်ကဉ္စနာသည် ၁၂၈၉ ခုနှစ် ဝါဆိုလပြည့်ကျော် ၅ ရက် တနင်္လာနေ့၊ နံနက် ၅ နာရီအချိန်တွင် ဖခမည်းတော်ဦးစံလှ၊ မယ်တော်ဒေါ်ခင်တို့က မန္တလေးတိုင်း စဉ့်ကူးမြို့နယ်၊ ညောပင်ကျေးရွာတွင် ဖွားမြင်ခဲ့သူဖြစ်ပြီး ပျံ လွန်တော်မူချိန်၌ သက်တော်မှာ (၉၇)နှစ်အရွယ်ရှိပြီဖြစ်သည်။
ဒေါ်ကဉ္စနာသည် မွေးချင်း (၁၂)ယောက်အနက် (၄)ယောက်မြောက်ဖြစ်ပြီး လူအများကြည်ညိုလေးစားသည့် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ အစ်မတစ်ဦးလည်း ဖြစ်သည်။
သီလရှင်ဆရာကြီးဒေါ်ကဉ္စနာသည် အသက်(၁၄)နှစ်အရွယ်၌ စစ်ကိုင်းတောင်ရိုး ဝိပဿနာဂန္ဓာရုံချောင်ပဌမဝိဿနာ ဆရာတော်အရှင်ဥက္ကန္ဒာဘသထံ သီလရှင်အဖြစ်ခံယူကာ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာမည့် နိုဝင်ဘာလတွင် တရုတ်သမ္မတရှီကျင့်ဖျင်နှင့်တွေ့ဆုံသွားနိုင်ဖွယ်ရှိကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ထုတ်ဖော်ပြောဆို
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း