မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရှိနေသည့်အတွက် ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အား ထုတ်ယူရန် ကြိုးပမ်းနေဟု စွမ်းအားဝန်ကြီးဆို
စော (NSS) - အောက်တိုဘာ ၆
မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရှိနေသည့်အတွက် ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အား ထုတ်ယူရန် ကြိုးပမ်းနေကြောင်း ဝန်ကြီး ဦးကိုကိုလွင်က ပြောကြားခဲ့သည်။
စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က ယမန်နေ့(အောက်တိုဘာ ၅ ရက်) တွင် ကာဇက်စတန်နိုင်ငံ၌ စွမ်းအင်းဝန်ကြီး Mr. Satkaliyev Almassadam နှင့် တွေ့ဆုံဆွေးနွေးရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ ကျောက်မီးသွေးထွက်ရှိသော်လည်း ထိရောက်စွာ အသုံးချနိုင်ခြင်းမရှိသေးဘဲ မိမိတို့နိုင်ငံ၌ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များရှိနေသည့်အတွက် ကျောက်မီးသွေးမှ လျှပ်စစ်ထုတ်ယူနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးက ပြောကြားခဲ့သည်။
ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေဘဲ ကျောက်မီးသွေးမှ လျှပ်စစ်ထုတ်ယူနိုင်ရေး နည်းပညာဆိုင်ရာများ၊ Human Resource ဆိုင်ရာများ ရေနံရှာဖွေရေးဘာသာရပ်များ၊ ရေနံအင်ဂျင်နီယာဘာသာရပ်၊ ရေနံဓာတုဘာသာရပ်များနှင့် သတ္တုဗေဒဘာသာရပ်များကို Academic မဟုတ်ဘဲ On-job Training သင်တန်းများကူညီပေးနိုင်ရန် ၎င်းက ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကာဇက်စတန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ပူးပေါင်း ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။
ထို့ပြင် ကာဇက်စတန်နိုင်ငံသည် ကျောက်မီးသွေးထွက်ရှိသော နိုင်ငံဖြစ်သည့်အပြင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၏ (၇ဝ)ရာခိုင်နှုန်းကို ကျောက်မီးသွေးမှ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မူဆယ်နယ်စပ်တွင် ပြည်ဝင်ခွင့်ရရှိရန် လာရောက်စောင့်ဆိုင်းနေသည့် မြန်မာနိုင်ငံသားဦးရေ(၅၀၀၀)ကျော်ထိရှိနေ
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ