ဒေးစွန်ပါသာသနာ့နယ်မြေမဟုတ်သည့် သစ်တောဌာနပိုင်မြေပေါ်၌ ခွင့်ပြုချက်မရှိဘဲ တည်ထားကိုးကွယ်သော သာသနာ့အဆောက်အဦးများကို ပိုင်ရှင်မှ ဖယ်ရှားရှင်းလင်း
Pearl (NSS) - အောက်တိုဘာ ၁၀
ဘုရားကြီးမြို့အနီးရှိ သစ်တောမြေပေါ်တွင် ကျူးကျော်ကာ တည်ထားသော သာသနာအဆောက်အဦးများ နှင့် စေတီများကို လက်ရှိလုပ်ပိုင်ခွင့်ရမြေပိုင်ရှင်က ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါသာသနာ့ အဆောက်အဦးများနှင့် စေတီများကို ပဲခူးတိုင်း၊ ဘုရားကြီးမြို့၊ ဝမ်းဘဲအင်းကျေးရွာအနီးရှိ သစ်တောဌာနပိုင်မြေပေါ်၌ တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ သစ်တောမြေပေါ်၌ တည်ထားကိုးကွယ်သော သာသနာ့အဆောက်အဦး နှင့် စေတီများကို မြေယာလုပ်ပိုင် ခွင့်ရရှိသူက သက်ဆိုင်ရာ ဆရာတော်ကြီးများအား လျှောက်ထားကာ လွန်ခဲ့သော တစ်လခန့်က ဖယ်ရှားရှင်းလင်းခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။
"ဒီမြေက သစ်တောမြေပါ။ သစ်တောမြေက အပင်စိုက်တာကလွဲရင် ဘာမှလုပ်လို့မရဘူး။ အဲဒါကိုမှ သာသနာရေး က ခွင့်ပြုချက်လည်းမရှိဘူး။ ဒီပိုင်ရှင်ဆီကလည်း အလှူခံထားခြင်းမရှိဘူး။ လက်ရှိ လုပ်ပိုင်ခွင့်ရနေတဲ့မြေပိုင်ရှင် ဆီမှာလည်း ခွင့်ပြုချက်မရှိဘူး။ သူတို့သဘောနဲ့သူတို့ဝင်ပြီးတော့ ကျောင်းတွေ ဆောက်ထား ။ ဘုရားတွေ တည် ထားကြတာ။ ကိုဗစ်ကာလဆိုတော့ မြေပိုင်ရှင်ကလည်း မကွပ်ကွဲနိုင်ဘူး။ အဲ့တာခြံစောင့်နဲ့ပေါင်းပြီး လုပ်တာ" ဟု မြေပိုင်ရှင်၏ မိတ်ဆွေတစ်ဦးက NP News ကို ပြောသည်။
အဆိုပါသာသနာ့အဆောက်အဦးများနှင့် စေတီများသည် ဒေစွန်ပါသာသနာနယ်မြေအတွင်း၌ တည်ရှိခြင်းမဟုတ် ကြောင်း ၎င်းက ဆက်လက်ပြောထားသည်။
ထို့ကြောင့် သစ်တောမြေတွင်တည်ရှိနေသည့် သာသနာ့အဆောက်အဦးများနှင့် စေတီများကို ပဲခူးရှိ နားလည် တတ်ကျွမ်းသော ဆရာတော်ကြီးများအား လျှောက်ထားကာ ပိုင်ရှင်သဘောဆန္ဒအရ ဖယ်ရှားရှင်းလင်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ကမ်းလှမ်းမှုတွေကို လက်ခံသွားဖွယ်ရှိနေဟု သမ္မတဟောင်း ဒေါ်နယ်ထရမ့် ပြော
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း