အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ကမ်းလှမ်းမှုတွေကို လက်ခံသွားဖွယ်ရှိနေဟု သမ္မတဟောင်း ဒေါ်နယ်ထရမ့် ပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၆
အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်က အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ တာဝန်ကို လက်ခံသွားဖွယ်ရှိနေကြောင်း သိရပါတယ်။
ဒေါ်နယ်ထရမ့်ဟာ လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်နေပေမယ့် ကမ်းလှမ်းမှုတွေ ရှိလာမယ်ဆိုရင် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ယာယီတာဝန်ယူသွားမှာဖြစ်ကြောင်း ပြောပါတယ်။ အမေရိကန်အောက်လွှတ်တော်အမတ်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဥက္ကဋ္ဌဖြစ်သူ ကီဗင်မက်ကာသီကို အယုံ အကြည်မရှိ အဆိုတင်သွင်းကာရာထူးက ဖြုတ်ချခဲ့ရာ အောက်လွှတ်တော်ဥက္ကဋ္ဌနေရာ လစ်လပ်နေကြောင်း သိရပါတယ်။
ဒေါ်နယ်ထရမ့်က "ကျွန်တော်ဟာ ရီပတ်ဘလီကန်ပါတီခေါင်းဆောင်တစ်ဦးဖြစ်ပြီး အောက်လွှတ်တော်ထဲမှာ ကျွန်တော်ရဲ့မိတ်ဆွေသူငယ်ချင်းတွေ ရှိနေပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေဟာ ကျွန်တော်ကို ရီပတ်ဘလီကန် ပါတီအတွက် အောက်လွှတ်တော်ထဲမှာ ဥက္ကဋ္ဌအဖြစ် ကာလတို တာဝန်ယူပေးနိုင်မှု ရှိ/မရှိ ဆိုတာကို မေးမြန်းကြ ပါတယ်။ အောက်လွှတ်တော်ဥက္ကဋ္ဌအသစ်ကို ရွေးချယ်နိုင်မှုမရှိဘူးဆိုရင်တော့ ကျွန်တော်ဟာ လိုအပ်ချက်အရ အောက်လွှတ်တော်ဥက္ကဋ္ဌတာဝန်ကို ယူသွားမှာပါ" လို့ ပြောပါတယ်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌဟာ အမေရိကန်အစိုးရအဖွဲ့အင်္ဂါစဉ်မှာ တတိယသြဇာ အကြီးဆုံးဖြစ်ကြောင်း သိရပါတယ်။ အမေရိကန်အစိုးရကို ဘတ်ဂျက်ရန်ပုံငွေပေးဖို့ အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်သလို ရီပတ်ဘလီကန် ပါတီဝင်တစ်ဦးဖြစ်တဲ့ ကီဗင်မက်ကာသီဟာ အထက်လွှတ်တော်ရှိ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးကာ သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ပြီးနောက် ရီပတ်ဘလီကန်ပါတီရဲ့သဘောထားတင်းမာ တဲ့အမတ်အချို့ဟာ အောက်လွှတ်တော်ဥက္ကဋ္ဌကို ပြန်လည်ဖြုတ်ချဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
ကီဗင်မက်ကာသီကို ဖြုတ်ချခံရမှုဟာ အမေရိကန်နိုင်ငံ လွှတ်တော်သမိုင်းမှာ သမိုင်းဝင်ဖြစ်ရပ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
KSD အမျိုးအစား EV ကား အားသွင်းနေစဉ် မီးလောင်မှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ