KSD အမျိုးအစား EV ကား အားသွင်းနေစဉ် မီးလောင်မှုဖြစ်ပွား
NSS - အောက်တိုဘာ ၆
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် KSD အမျိုးအစား လျှပ်စစ်ကား(EV)တစ်စီး အားသွင်းနေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာလ ၅ ရက်)၊ ည ၁၁ နာရီ ၁ဝ မိနစ်အချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၁ ရပ်ကွက်၊ သခင်ဗစိန်လမ်း၊ တိုက်အမှတ် (၂၂)ရှေ့၌ ဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါ EV ကားသည် တိုက်ခန်းရှေ့၌ ရပ်ထား၍ အားသွင်းနေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ သိရတာတော့ လျှပ်စစ်ကားကို အားသွင်းနေရင်းကနေ အပူလွန်ပြီး မီးလောင်တယ်ပေါ့နော်။ ကျန်တာတော့ မသိလိုက်ဘူးပေါ့” ဟု ဒေသခံလူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ထိုသို့အားသွင်းနေစဉ် မီးလောင်မှုဖြစ်ပွားခဲ့သောကားမှာ KSD အမျိုးအစား EV ကားဖြစ်ကြောင်းသိရပြီး မီလောင်မှုကြောင့် ကားတစ်စီးလုံး နီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနအနေဖြင့် ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် အထက်ပါကားမီးလောင်မှုဖြစ်စဉ်အား ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ကြောင်း အောက်တိုဘာ(၅)ရက် ညပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။
သို့သော် ယနေ့ (အောက်တိုဘာ ၆ ရက်) နံနက်ပိုင်းတွင် အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်ကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ပြန်လည်ဖျက်သိမ်းသွားခဲ့ကြောင်း တွေ့ရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့အနီးနားကိုပျံသန်းလာတဲ့ တူရကီဒရုန်းကို အမေရိကန်အက်ဖ် ၁၆ တိုက်လေယာဉ်များ ပစ်ချ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း