ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့အနီးနားကိုပျံသန်းလာတဲ့ တူရကီဒရုန်းကို အမေရိကန်အက်ဖ် ၁၆ တိုက်လေယာဉ်များ ပစ်ချ
ဂျန်ဇက် (NSS) - အောက်တိုဘာ ၆
အမေရိကန်အစိုးရဟာ အက်ဖ် ၁၆ တိုက်လေယာဉ်တွေအသုံးပြုပြီး ဆီးရီးယားနယ်စပ်ဒေသမှာ တူရကီနိုင်ငံရဲ့ဒရုန်းတွေကို ပစ်ချခဲ့ကြောင်း သိရပါတယ်။
အဆိုပါတူရကီနိုင်ငံရဲ့ဒရုန်းတွေဟာ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အမေရိကန်တပ်ဖွဲ့ဝင်များ နဲ့ အနီးကပ်ဆုံး နေရာကို ပျံသန်းလာခြင်းကြောင့် ပစ်ချခဲ့တာဖြစ်တယ်လို့ အမေရိကန် စစ်ဌာနချုပ်ပင်တဂွန် က ပြောပါတယ်။
အမေရိကန်စစ်ဘက်ဟာ ၎င်းတို့တပ်ဖွဲ့ဝင်များ စခန်းချရာနေရာနားကို ဒရုန်းများ ချဉ်းကပ်လာခြင်းအတွက် တူရကီ အစိုးရကို ထပ်မံသတိပေးခဲ့ကြောင်း သိရပါတယ်။ တူရကီအစိုးရကတော့ အဆိုပါဒရုန်းတွေဟာ ၎င်းတို့ပိုင်ဆိုင်တဲ့ ဒရုန်းတွေမဟုတ်ကြောင်း တုံ့ပြန်ထားပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုင်အော်စတင်ဟာ အဆိုပါအဖြစ်အပျက်ဖြစ်ပွားခဲ့ပြီးနောက် တူရကီကာကွယ် ရေးဝန်ကြီးနဲ့ဆက်သွယ်ကာ ဆီးရီးယားနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်များနားမှာ တူရကီရဲ့စစ်ရေးလှုပ်ရှားမှုတွေ အပေါ် ဆွေးနွေးခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဗိုလ်ချုပ်ကြီး ပတ်ရိုင်ဒါက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အမေရိကန်စစ်ဦးစီးချုပ်ကလည်း တူရကီစစ်ဦးစီးချုပ်ကို ဆီးရီးယားနိုင်ငံအတွင်းရှိ အမေရိကန်တပ်ဖွဲ့ဝင်များ ဘေးကင်းလုံခြုံမှုရှိစေဖို့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်က တူရကီဒရုန်း တွေဟာ အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ကန့်သတ်ဇုန်အတွင်းကို ပျံသန်းခဲ့ကြောင်း၊ ဒရုန်းတစ်စီးဟာ အမေရိကန် တပ်ဖွဲ့ဝင်များရှိနေတဲ့နေရာနဲ့ ကီလိုမီတာ တစ်ဝက် နီးပါးအကွာအဝေး ကပျံသန်းခဲ့တာဖြစ်ကြောင်း ပြောပါတယ်။
တူရကီအစိုးရကတော့ ၎င်းတို့အနေနဲ့ အမေရိကန်တပ်ဖွဲ့တွေကို ပစ်မှတ်ထား ခြင်းမျိုးမရှိကြောင်း ဆိုထားပါတယ်။ တူရကီ နဲ့ အမေရိကန်နိုင်ငံတို့ဟာ ဆီးရီးယားအစိုးရကို လက်နက်ကိုင်တိုက်ခိုက်နေတဲ့ (SDF) အဖွဲ့တွေနဲ့ ပတ်သက်ပြီး အငြင်းပွားတင်းမာမှုတွေရှိနေခဲ့ကြောင်း သိရပါတယ်။
အမေရိကန်အစိုးရဟာ အဆိုပါအဖွဲ့ကို ကူညီထောက်ပံ့ပေးနေကြောင်း၊ အဆိုပါအဖွဲ့ဟာ တူရကီအစိုးရကို ဆန့်ကျင်နေတဲ့အဖွဲ့အစည်းတွေကို ကူညီအားပေးနေကြောင်း စွပ်စွဲတာမျိုးတွေရှိနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပူတာအိုမြို့မှတစ်ဆင့် အဝေးသင်တက္ကသိုလ်တက်ရန် ထွက်လာသော ကျောင်းသား/သူများကို KIA ပူးပေါင်း အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ